က​ရု​ဏာ​ထား​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ
၁ အို ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​သော အ​ဖြစ်​အ​ပျက်​များ​နှင့်
ကျွန်​တော်​မျိုး​တို့​ကြုံ​တွေ့​ရ​ကြ​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​တို့​အား​ကြည့်​တော်​မူ​ပါ​၏။
ကျွန်​တော်​မျိုး​တို့​အ​သ​ရေ​ပျက်​မှု​ကို ရှု​မြင်​တော်​မူ​ပါ။
၂ ကျွန်​တော်​မျိုး​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်
သူ​စိမ်း​တစ်​ရံ​ဆံ​တို့​၏​လက်​သို့​ရောက်​ရှိ​နေ​ပါ​ပြီ။
လူ​မျိုး​ခြား​များ​သည်​ကျွန်​တော်​မျိုး​တို့​၏​အိမ်​များ​တွင် နေ​ထိုင်​လျက်​ရှိ​ကြ​ပါ​၏။
၃ ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​များ​သည်​ရန်​သူ​၏ သတ်​ဖြတ်​မှု​ကို​ခံ​ရ​ကြ​လျက်
မိ​ခင်​များ​မှာ​မု​ဆိုး​မ​များ ဖြစ်​ရ​ကြ​ပါ​၏။
၄ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏​သောက်​ရေ​အ​တွက် အ​ဖိုး​ငွေ​ပေး​ရ​ကြ​ပါ​၏။
ထင်း​ကို​လည်း​ဝယ်​ယူ​ရ​ကြ​ပါ​၏။
၅ ကျွန်​တော်​မျိုး​တို့​သည်​မြည်း​များ၊ ကု​လား​အုတ် များ​ကဲ့​သို့ နောက်​မှ​အ​ပြင်း​မောင်း​နှင်​ခြင်း​ခံ​နေ​ရ​ကြ​ပါ​၏။
မော​ပန်း​ပါ​သော်​လည်း​နား​နေ​ခွင့်​မ​ရ​ကြ​ပါ။
၆ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​သက်​ရှင်​ရေး​အ​တွက် အ​စား​အ​စာ​အ​လုံ​အ​လောက်​ရ​ရှိ​နိုင်​ရန်
အာ​ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​သို့​သွား​၍ တောင်း​ရမ်း​ရ​ကြ​ပါ​၏။
၇ ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အ​ပြစ် ကူး​ပြီး​နောက်​သေ​လွန်​သွား​ကြ​သ​ဖြင့်
ကျွန်​တော်​မျိုး​တို့​သည်​သူ​တို့​၏​အ​ပြစ်​ဝန်​ကို ထမ်း​ရ​ကြ​ပါ​၏။
၈ ကျွန်​များ​နှင့်​မ​ခြား​နား​သူ​တို့​၏​အုပ်​စိုး ခြင်း​ကို ကျွန်​တော်​မျိုး​တို့​ခံ​ကြ​ရ​သော်​လည်း
အ​ဘယ်​သူ​မျှ​ကျွန်​တော်​မျိုး​တို့​အား​ထို​သူ​တို့​၏ လက်​မှ​မ​ကယ်​နိုင်​ပါ။
၉ ကျေး​လက်​များ​တွင်​လူ​သတ်​သ​မား​တို့ လှည့်​လည်​သွား​လာ​လျက်​နေ​သ​ဖြင့်
ကျွန်​တော်​မျိုး​တို့​သည်​အ​သက်​စွန့်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ရ​ကြ​ပါ​၏။
၁၀ ဆာ​လောင်​မွတ်​သိပ်​မှု​ကြောင့်​အ​ဖျား​တက်​သ​ဖြင့်
ကျွန်​တော်​မျိုး​တို့​၏​အ​သား​အ​ရေ​သည် မုန့်​ဖို​တ​မျှ​ပူ​လောင်​ပါ​၏။
၁၁ ကျွန်​တော်​မျိုး​တို့​၏​ဇ​နီး​များ​သည်
ဇိ​အုန်​တောင်​ပေါ်​၌​ပင်​လျှင် မု​ဒိမ်း​အ​ကျင့်​ခံ​ရ​ကြ​ပါ​၏။
ကျွန်​တော်​မျိုး​တို့​၏​သ​မီး​ပျို​များ​သည် ယု​ဒ​ကျေး​ရွာ​မှန်​သ​မျှ​၌
အ​နိုင်​အ​ထက်​မ​တော်​မ​တ​ရား​ပြု​ကျင့်​မှု​ကို ခံ​ရ​ကြ​ပါ​၏။
၁၂ ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​တို့​၏ ခေါင်း​ဆောင်​များ​အား
ဖမ်း​ဆီး​၍​စက်​တိုင်​တင်​ကြ​ပါ​၏။
သူ​တို့​သည်​အ​သက်​ကြီး​သူ​များ​ကို​လည်း ရို​သေ​လေး​စား​မှု​မ​ပြု​ကြ​ပါ။
၁၃ လူ​ငယ်​လူ​ရွယ်​များ​သည်​ကျေး​ကျွန်​သ​ဖွယ် စ​ပါး​ကြိတ်​ရ​ကြ​ပါ​၏။
လူ​ငယ်​တို့​သည်​လည်း​လေး​လံ​သော
ထင်း​စည်း​များ​ကို​ယိမ်း​ယိုင်​ကာ​သယ်​ပို့​ရ ကြ​ပါ​၏။
၁၄ အ​သက်​ကြီး​သူ​တို့​သည်​မြို့​တံ​ခါး​အ​နီး​တွင် မ​ထိုင်​ကြ​တော့​ပါ။
လူ​ငယ်​လူ​ရွယ်​များ​သည်​လည်း​သီ​ဆို​တီး​မှုတ် မှု​ကို မ​ပြု​ကြ​တော့​ပါ။
၁၅ ဝမ်း​မြောက်​ရွှင်​လန်း​မှု​သည်​ကျွန်​တော်​မျိုး​တို့ ၏​ဘ​ဝ​မှ ကွယ်​ပျောက်​သွား​ပါ​ပြီ။
က​ခုန်​မှု​များ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​များ​သို့ ပြောင်း​လဲ​သွား​ပါ​ပြီ။
၁၆ ကျွန်​တော်​မျိုး​တို့​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ တစ်​ခု​မျှ​မ​ကျန်​ရှိ​တော့​ပါ။
ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ကြ​သ​ဖြင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။
၁၇ ကျွန်​တော်​မျိုး​တို့​သည်​စိတ်​ပျက်​၍ မျက်​ရည်​များ​ဝိုင်း​လျက်​နေ​သ​ဖြင့်
ကျွန်​တော်​မျိုး​တို့​၏​မျက်​စိ​များ​သည် ကြည့်​၍​မ​မြင်​နိုင်​တော့​ပါ။
၁၈ ဇိ​အုန်​တောင်​တော်​သည်​လူ​သူ​ဆိတ်​ညံ​သ​ဖြင့် ခွေး​အ​တို့​ကျက်​စား​ရာ​ဖြစ်​၍​နေ​ပါ​သည်။
၁၉ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ထာ​ဝ​စဉ်​ဘု​ရင်​ဖြစ်​တော်​မူ​ပါ​၏။
ရာ​ဇ​ပလ္လင်​တော်​သည်​နိစ္စ​ထာ​ဝ​ရ​တည် ပါ​လိမ့်​မည်။
၂၀ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်
ကျွန်​တော်​မျိုး​တို့​အား​အ​စဉ်​အ​မြဲ​မေ့​လျော့​၍ နေ​တော်​မူ​ပါ​သနည်း။
အ​ဘယ်​ကြောင့်​ဤ​မျှ​ကြာ​စွာ​ကျွန်​တော်​မျိုး​တို့​ကို စွန့်​ပစ်​၍​ထား​တော်​မူ​ပါ​သ​နည်း။
၂၁ အို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြန်​လာ​ခွင့်​ပြု​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။
ရှေး​ကာ​လ​မှာ​ကဲ့​သို့​ကျွန်​တော်​မျိုး​တို့​အား ဘုန်း​ကြီး​စေ​တော်​မူ​ပါ။
၂၂ သို့​တည်း​မ​ဟုတ်​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး တို့​အား ထာ​ဝ​စဉ်​စွန့်​ပစ်​ထား​တော်​မူ​ပြီ​လော။
ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ငြိမ်း​မည့် ကာ​လ​မ​ရှိ​တော့​ပါ​တ​ကား။ ပ​ရော​ဖက်​ယေ​ရ​မိ​မြည်​တမ်း​သော စ​ကား​ပြီး​၏။