ဆုတောင်းခြင်းနှင့်ပတ်သက်သောမေးခွန်းများ

မေးခွန်း: ခရစ်ယာန်များအစာရှောင်ခြင်းနှင့်ပတ်သက်၍သမ္မာကျမ်းစာကမည်ကဲ့ သို့ဖော်ပြထားသနည်း။

ခရစ်ယန်များအစာရှောင်ရန်သမ္မာကျမ်းစာက ပညတ်မထားပေ။ ခရစ်ယန်များ အစာရှောင်ရန် ဘုရားသခင်ကမတောင်းဆိုပေ။ ပညတ်ထားခြင်းလည်းမရှိပေ။ ထိုနည်းတူ သမ္မာကျမ်းစာထဲတွင် အစာရှောင်ခြင်းသည် ကောင်းသောအရာ၊ သင့်တော်သောအရာနှင့်အကျိုးရှိသောအရာဖြစ်သည်ဟု ဖော်ပြထားသည်။ တမန်တော် ၀တ္ထုထဲတွင် ယုံကြည်သူများသည် တစ်စုံတစ်ခုမဆုံးဖြတ်ခင်မှာအစာရှောင့်လေ့ရှိသည် (တမန် ၁၃း၂၊ ၁၄း၂၃)။ အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းတို့သည် အမြဲတမ်းဒွန်တွဲလျက်ရှိသည် (လုကာ ၂း၃၇၊ ၅း၃၃) အစာရှောင်ခြင်းအဓိကဖော်ပြချက်သည် စားစာရာမရှိ ခြင်းကြောင့်ဖြစ်သည်။ သို့သော်အစောရှောင်ခြင်း၏ရည်ရွယ်ချက်သည် လောကအရာများကို လုံးဝပပျောက်စေကာ ဘုရားသခင်ကိုသာအာရုံပြုခြင်းဖြစ် သည်။ အစာရှောင်ခြင်းသည် ဘုရားသခင်နှင့်မိတ်သာဟာရပြုနိုင်ရန်အတွက် ဘုရား သခင်အပေါ်တွင်ဖြစ်စေ၊ မိမိကိုယ်ကိုကိုယ်ဖြစ်စေ ဆန္ဒပြခြင်းနည်းလမ်းဖြစ်သည်။ အစာရှောင်ခြင်းက အသစ်သောအမြင်ကိုပေး၍ဘုရားသခင်အပေါ်တွင်မှီခိုအားထားရန် တဖန်နှိုးဆော်ပေးသည်။

သမ္မာကျမ်းစာထဲတွင် အစာရှောင်ခြင်းသည် အစာမစားခြင်ဖြစ်သည်။ သို့သော်အစာ ရှောင်ခြင်းနည်းလမ်းများစွာရှိသည်။ ခဏအတွင်စိတ်ထဲတွင်ဖြစ်ပေါ်သောလောကအရာ များထားခဲ့ကာ ဘုရားသခင်ကိုမျက်မှောက်ပြုခြင်းသည် အစာရှောင်ခြင်းဖြစ်သည်။ (၁ကော ၇း၁-၅)။ အစာရှောင်သောအခါ အစာရှောင်ရမည့်အချိန်ကို ကန့်သတ်ထားရမည်ဖြစ်သည်။ ဘာမျှမစားဘဲ အစာရှောင်ရမည့်အချိန်ကို တိုးချဲ့ခြင်းသည် ခန္ဓာကိုယ် အတွက်အန္တရာယ်ရှိသည်။ အစာရှောင်ခြင်းသည် ခန္ဓာကိုယ်ညှဉ်းဆဲခြင်းမဟုတ်ဘဲ ဘုရားသခင်ကိုအာရုံပြုခြင်းသာဖြစ်သည်။အစာရှောင်ခြင်းကို “ကျန်းမာရေး”အဖြစ် မထင်မှတ်သင့်ပေ။ သမ္မာကျမ်းစာတွင်ဖော်ပြထားသောအစာရှောင်ခြင်းသည် ကိုယ် အလေးချိန်လျှော့ချရန်အတွက်မဟုတ်ဘဲ ဘုရားသခင်နှင့်သာ၍နက်နဲစွာမိတ်သာဟာရ ဖွဲ့ရန်အတွက်သာဖြစ်သည်။ လူတိုင်းအစာရှောင်နိုင်သည်။ သို့သော် လူအချို့တို့သည် အစာရှောင်နိုင်မည်မဟုတ်ပေ။ (ဥပမာအားဖြင့် ဆီးချိုရောဂါရှိသောသူများ) လူတိုင်း သည် ဘုရားသခင်နှင့်နီးကပ်စွာအသက်ရှင်နိုင်ရန်ခေတ္တဖြစ်ပျက်သောအရာများ ထားခဲ့နိုင်သည်။

ကျွန်ုပ်တို့သည် ဤလောကအရာများကို ဖယ်ထုတ်နိုင်ခြင်းအားဖြင့် ခရစ်တော်ကို အာရုံစိုက်ရာတွင်ပို၍အောင်မြင်သောသူများဖြစ်လာနိုင်ပါသည်။ အစာရှောင်ခြင်းသည် ကျွန်ုပ်တို့လိုအပ်သေောအရာများရရှိရန်အတွက် ဘုရားသခင်ထံဆန္ဒပြခြင်းမျိုးမဟုတ်ပေ။ အစာရှောင်ခြင်းက ကျွန်ုပ်တို့ကိုပြောင်းလဲစေနိုင်သည်။ သို့သော်ဘုရားသခင်ကို မပြောင်းလဲပေးနိုင်ပါ။ အစာရှောင်ခြင်းက အခြားသူများထက်ဝိညာဉ်ရေးရာတွင်ပို၍ရင့် ကျက်သည်ကိုလည်းမဆိုလိုပါ။ အစာရှောင်ခြင်းကို စိတ်ဝိညာဉ်နှိမ့်ချခြင်းနှင့်ပျော်ရွှင် သောစိတ်နေသဘောထားအားဖြင့်ပြုလုပ်ရမည်ဖြစ်သည်။ မဿဲ ၆း၁၆-၁၈ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “သင်တို့သည်အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်းမရှိကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်သည်ကို လူအများရှေ့မှာထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကိုဖျက်တတ်ကြ၏။ ငါအမှန် ဆိုသည်ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏။ သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာထင်ရှားစေခြင်းငှါ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်း သစ် လော့။ မထင်ရှားသောအရာကိုမြင်တော်မူသောသင်တို့အဘသည်အကျိုးကိုထင်ရှားစွာပေး တော်မူလတံ့။”

မေးခွန်း: သူငယ်ချင်းများနှင့်မိသားစုအပေါ် ခုခံတိုက်ခိုက်ခြင်းနှင့်အတင်းအဓမ္မ သွေးဆောင်ခြင်းမရှိဘဲ ဧ၀ံဂေလိတရားကိုမည်သို့ဝေငှပေးနိုင်မည်နည်း။

ခရစ်ယာန်များမှာခရစ်ယာန်မဟုတ်သော မိသားစုဝင်များ၊ သူငယ်ချင်းများ၊ လုပ်ဆောင်ဖက်များနှင့် ရင်းနှီးသောသူများရှိတတ်ပါသည်။ သူတို့နှင့်သတင်းကောင်း ဝေငှခြင်းသည်အလွန်ခက်ခဲနိုင်ပါသည်။ အထူးသဖြင့် မိတ်ဆွေအတွေးအခေါ်ထက် မြင့်သောသူများအပေါ်သတင်းကောင်းဝေငှခြင်းသည်ပို၍ခက်ခဲပါသည်။ လူအချို့တို့သည် သတင်းကောင်းကိုခုခံပြောတတ်ကြသည်ဟု သမ္မာကျမ်းစာကဖော်ပြ ထားပါသည်(လုကာ ၁၂း၅၁-၅၃)။ သို့သော် ကျွန်ုပ်တို့သည် သတင်းကောင်းဝေငှရန် အမိန့်ပေးထားသည်။ သတင်းကောင်းမဝေငှခြင်းအတွက် ခွင့်လွှတ်ခြင်းမရှိပေ (မဿဲ ၂၈း၁၉-၂၀၊ တမန် ၁း၈၊ ၁ပေ ၃း၁၅)။

ထိုကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ နှင့်အပေါင်းအသင်းများအပေါ် မည်သို့ဧ၀ံဂေလိဝေငှနိုင်ကြမည်နည်း။ အလွန်အရေးကြီး ဆုံးသောအရာသည် သူတို့အတွက် ဆုတောင်းပေးခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့၏နှလုံးသားများပြောင်းလဲစေကာ သတင်းကောင်းသမ္မာတရားသိမြင်(၂ကော ၄း၎) နိုင်သူတို့ဝိညာဉ်မျက်စိဖွင့်ပေးရန်အတွက် ဆုတောင်းပေးလိုက်ပါ။ သူတို့သည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုသိရှိပြီး၊ ကယ်တင်ခြင်းရရှိရန် သခင်ယေရှုခရစ် တော်လိုအပ်ကြောင်း (ယောဟန် ၃း၁၆)ဘုရားသခင်ကဖွင့်ပြပေးရန်ဆုတောင်း ပေးလိုက်ပါ။သူတို့ထံ ဧ၀ံဂေလိတရားဝေငှနည်းသိရှိရန် ဘုရားသခင်ထံဆုတောင်း လိုက်ပါ (ယာကုပ် ၁း၅)။ ဆုတောင်းပေးခြင်းအပြင် သူတို့ရှေ့တွင် ခရစ်ယာန်တစ်ဦးအ ဖြစ်ပုံသက်သေပြသခြင်းအားဖြင့်အသက်ရှင်ပါ။ ထိုကြောင့် ဘုရားသခင်ကမိတ်ဆွေအ သက်တာပြောင်းလဲပေးခြင်းကို သူတို့ကမြင်တွေ့နိုင်ကြမည်ဖြစ်သည် ( ၁ပေ ၃း၁-၂)။ Saint Francis of Assisi က “စကားလုံးအားဖြင့်လိုအပ်သောနေရာတွင်အသုံးပြုနိုင် သည့်အချိန်တိုင်းတွင် ကယ်တင်ခြင်းသတင်းကောင်းဝေငှလိုက်ပါ” ဟုပြောခဲ့ဘူးသည်။

နောက်ဆုံးအနေဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသတင်းကောင်းကိုဝေငှရာ တွင် ရဲရင့်ခြင်းနှင့်ဝေငှရန်ဆန္ဒရှိရမည်ဖြစ်သည်။ သခင်ယေရှုအားဖြင့်ရရှိသောကယ် တင်ခြင်းသတင်းကောင်းကို မိတ်ဆွေ၏သူငယ်ချင်းများနှင့်မိသားစုဝင်များထံဝေငှလိုက် ပါ (ရောမ ၁၀း၉-၁၀)။ မိတ်ဆွေ၏ယုံကြည်ခြင်းဝေငှရန်အသင့်ရှိပါ (၁ပေ ၃း၁၅)။ စိတ် နူးညံ့သိမ်မွေ့ခြင်းနှင့်ရိုသေမှုဖြင့်ဝေငှလိုက်ပါ။ ထိုသို့ပြုလျှင် ကျွန်ုပ်တို့ချစ်သောသူများ အပေါ်ဘုရားသခင်၏ကယ်တင်ခြင်းချထားနိုင်မည်ဖြစ်သည်။ လူတွေကိုကယ်တင်ခြင်း သည် ဘုရားသခင်၏တန်ခိုးတော်နှင့်ကျေးဇူးတော်ကြောင့်သာဖြစ်သည်။ ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်ခြင်းမဟုတ်ပေ။ ကျွန်ုပ်တို့အတွက်အကောင်းဆုံးလုပ်ဆောင်နိုင်သော အရာသည် သူတို့အတွက်ဆုတောင်းပေးခြင်း၊ သက်သေခံခြင်းနှင့် သူတို့ရှေ့တွင် သက်သေပုံဥပမာပြသခြင်းဖြင့်အသက်ရှင်ခြင်းဖြစ်သည်။

မေးခွန်း: ကျွန်ုပ်ကိုဆန့်ကျင်သောသူများကို ကျွန်ုပ်တို့သည် မည်ကဲ့သို့ခွင့်လွှတ်နိုင်မည်နည်း။

လူတိုင်းသည် မှားနိုင်သည်။ လူတွေကိုဆန့်ကျင်နိုင်သည်။ အပြစ်လည်းပြုနိုင် သည်။ ထိုသို့သော် ဆန့်ကျင်မှုများဖြစ်လာသောအခါ ခရစ်ယန်များက မည်ကဲ့သို့တုံ့ပြန် ရကြမည်နည်း။ သမ္မာကျမ်းစာအရ ကျွန်ုပ်တို့ခွင့်လွှတ်ရမည်ဖြစ်သည်။ ဧဖက် ၄း၃၂ ထဲ တွင် “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့”ဟုဖော်ပြ ထားသည်။ ထိုနည်းတူ၊ ကောလောသဲ ၃း၁၃ ထဲတွင် “တယောက်၌တယောက်အပြစ်တင် စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့” ဟုဖော်ပြထားပါသည်။ အဓိကဖော် ပြလိုသောအချက်သည် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုခွင့်လွှတ်သည့်နည်းတူ ကျွန်ုပ်တို့သည် အချင်းချင်းခွင့်လွှတ်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အဘယ်ကြောင့် ခွင့်လွှတ် ရမည်နည်း။အကြောင်းမှာ ကျွန်ုပ်တို့သည်ခွင့်လွှတ်ခြင်းခံခဲ့ရကြသောကြောင့် ဖြစ်သည်။ ခရစ်ယန်မဟုတ်သောသူများသည် ဘုရားသခင်ကသူတို့ကိုခွင့်မလွှတ်ခဲ့သော ကြောင့် သူတို့မှာအခြားသူများကိုခွင့်လွှတ်နိုင်သောတန်ခိုးနှင့်ဆန္ဒမရှိကြပေ။

ကျွန်ုပ်တို့အပေါ်ပြစ်မှားသောသူများသည် ၀မ်းနည်းကြေကွဲခြင်းနှင့်နောင်တတ ရားဖြင့်လာသောအခါ သူတို့ကိုခွင့်လွှတ်ရန်လွယ်ကူသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ အပေါ်ပြစ်မှားသောသူများကို အခြေအနေပေါ်မကြည့်ဘဲခွင့်လွှတ်ရန် ပြောထားသည်။ ခွင့်လွှတ်ခြင်းမရှိသောလူတစ်ဦးသည် ခါးသီးမှု၊ နာကျင်မှုနှင့်အမျက်ဒေါသများကိုပြသ နေလျှင် ထိုသူတို့စစ်မှန်သောခရစ်ယာန်လက္ခဏာကိုထင်ရှားစေနိုင်မည်မဟုတ်ပေ။ ပဌနာ တော်ထဲတွင် သူတပါးသည်ကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကို အကျွန်ုပ်သည်လွှတ် ကဲ့သို့အကျွန်ုပ်အပြစ်များခွင့်လွှတ်တော်မူပါဟု ကျွန်ုပ်တို့တောင်းလျှောက်ကြသည် (မဿဲ ၆း၁၂)။ သခင်ယေရှုက မဿဲ ၆း၁၄-၁၅ ထဲတွင် ဤသို့ဖော်ပြထားပါသည်။ “သင်တို့သည် သူတပါးတို့၏အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့အပြစ်ကိုလွှတ်တော်မူမည်။ သင်တို့သည်သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည်သင်တို့၏အပြစ်ကို လွှတ်တော်မမူ”ဟုဖော်ပြထားပါသည်။ မဿဲ ၆း၁၄-၁၅ ထဲတွင် ဖော်ပြချက်အရ အခြားသောသူများကိုခွင့်မလွှတ်တတ်သောသူသည် သတို့ကိုယ်တိုင်ကဘုရားသခင်၏ခွင့်လွှတ်ခြင်းမရသောသူများဖြစ်ကြသည်ကိုထင်ရှား

လျက်ရှိသည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏အမိန့်တော်ကိုနာခံခြင်းမရှိသောအခါတိုင်းတွင် သူ့ကိုပြစ်မှားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် လူတစ်ဦးပေါ်တွင်အပြစ်ပြုသောအခါတိုင်းတွင် သူတို့အပေါ်၌သာအပြစ်ပြုခြင်းမဟုတ်ဘဲဘုရားသခင်ပေါ်တွင်လည်းအပြစ်ပြုခြင်းဖြစ် သည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကိုဘုရားသခင်ကခွင့်လွှတ်သည့်အကြောင်းကိုကျွန်ုပ်တို့ စဉ်းစားသောအခါ ထိုကျေးဇူးတရားကိုအခြားသူများအပေါ်မပြုဘဲနေခြင်းသည်တရားသော အမှုမဟုတ်သည်ကို ကျွန်ုပ်တို့သိရှိနားလည်ကြသည်။ ကျွန်ုပ်တို့ပေါ်တွင် လူတွေပြုသော အပြစ်ထက်ဘုရားသခင်အပေါ်ကျွန်ုပ်တို့ပြုသောအပြစ်ကပို၍ကြီးမားသည်။ ဘုရာသခင်က ကျွန်ုပ်တို့ကြီးမားသောအပြစ်များကိုခွင့်လွှတ်လျှင် ကျွန်ုပ်တို့အပေါ်အနည်းငယ်သာပြစ်မှား သောသူများကို ကျွန်ုပ်တို့အဘယ်ကြောင့်ခွင့်မလွှတနိုင်ဘဲနေရမည်နည်း။ ဤအကြောင်း နှင့်ပတ်သက်ပြီး မဿဲ ၁၈း၂၃-၃၅ ထဲတွင်သခင်ယေရှုဖော်ပြထားသောပုံဥပမာသည် အလွန်ကောင်းသောဥပမာတစ်ခုဖြစ်သည်။ ကျွန်ုတို့သည်ဘုရားသခင်ထံလာသောအခါ ဘုရားသခင်က ခွင့်လွှတ်ပေးသဘ် (၁ယော ၁း၉)။ ကျွန်ုပ်တို့သည် လူတွေအပေါ်အကန့် အသတ်မရှိခွင့်လွှတ်ရမည်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ခွင့်လွှတ်ခြင်း တရား သည် အကန့်အသတ်မရှိပေ (လုကာ ၁၇း၃-၄)။

မေးခွန်း: ၀ိညာဉ်ရေးရာကြီးထွားခြင်းဟူသည်အဘယ်နည်း။

ဝိညာဉ်ရေးရာကြီးထွားခြင်းဟူသည် သခင်ယေရှုခရစ်တော်နှင့်ပို၍တူအောင် အစဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကိုယုံကြည် သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သခင်ယေရှုနှင့်တူအောင်စတင်ပုံသွင်းသည်။ ၀ိညာဉ်ရေးရာကြီးထွားခြင်းနှင့်ပတ်သက်၍ ၂ပေ ၁း၃-၈ထဲတွင် အကောင်းဆုံးဖော်ပြထား သည်။ ၄င်းကျမ်းပိုဒ်တွင် ကျွန်ုပ်တို့သည် ကောင်းမွန်စွာအသက်ရှင်နိုင်ရန် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့သည် “လိုအပ်သမျှအရာအားလုံး”ရရှိသည်။ ထိုအရာသည် လည်း ၀ိညာဉ်ရေးရာကြီးထွားခြင်း၏ပန်းတိုင်ဖြစ်သည်။ “သူ၏အကြောင်းကိုကျွန်ုပ်တို့သိရှိ” ရန်လိုအပ်ကြောင်းကို သတိချပ်စေလိုသည်။ ၄င်းသည် ကျွန်ုပ်တို့လိုအပ်သမျှရရှိနိုင်သော သော့ချက်ဖြစ်သည်။ သူ့အကြောင်းကျွန်ုပ်တို့သိရှိခြင်းပညာသည် နှုတ်ကပတ်တော်မှ လာသည်။ ကျွန်ုပ်တို့အတွက်အသိအမှတ်ပြုခြင်းနှင့်ကြီးထွားခြင်းဖြစ်စေခဲ့သည်။

ဂလာတိ ၅း၁၉-၂၃ ထဲတွင် စာရင်းနှစ်ခုရှိသည်။ အခန်းငယ် ၁၉-၂၁ ထဲတွင် “ဇာ တိအသွေးအသားလှုပ်ရှားမှုများ”ကိုတွေ့ရှိနိုင်သည်။ ဤအရာများသည် ကယ်တင်ခြင်းရရှိ ရန်အတွက်ခရစ်တော်ထံသို့မလာမှီ ကျွန်ုပ်တို့ဘ၀ကိုအသိအမှတ်ပြုပေးသောအရာများဖြစ် ကြသည်။ ဇာတိအသွေးသားလှုပ်ရှားမှုများသည် ကျွန်ုပ်တို့အပြစ်ဝန်ချရမည့်အရာ၊ နောင်တရမည့်အရာဖြစ်သည်။ ၄င်းကိုအောင်မြင်ကျော်လွှားနိုင်ရန်ဘုရားသခင်ထံအကူ အညီတောင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဝိညာဉ်ရေးရာတွင်တိုးတက်ကြီးထွားလျှင် “ဇာတိအသွေးအသားလှုပ်ရှားမှုများ”တဖြည်းဖြည်းလျော့နည်းလာကြောင်း ကျွန်ုပ်တို့ အသက်တာတွင်သက်သေထူရမည်ဖြစ်သည်။ ဒုတိယစာရင်းသည်“၀ိညာဉ်အသီး”ဖြစ် သည် (အခန်းငယ် ၂၂-၂၃)။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင် ခြင်း ရရှိကြောင်းအသက်တာအားဖြင့်ဖော်ပြရမည့်အရာဖြစ်သည်။ ယုံကြည်သူတစ်ဦး၏အသက် တာတွင် ၀ိညာဉ်တော်အသီးများကိုထုတ်လုပ်ခြင်းအားဖြင့် ၀ိညာဉ်ရေးရာကြီးထွားခြင်းကို သက်သေပြရမည်ဖြစ်သည်။

ကယ်တင်ခြင်းပြောင်းလဲမှုဖြစ်ပေါ်လာသောအခါ ၀ိညာဉ်ရေးရာကြီးထွားခြင်းအစပြု လာပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ထဲတွင်ကျိန်းဝပ်သည် (ယောဟန် ၁၄း၁၆-၁၇)။ ကျွန်ုပ်တို့သည်အသစ်သောဖန်ဆင်းခြင်းခံရသူများဖြစ်ကြသည် (၂ကော ၅း၁၇)။ ဘ၀ဟောင်းကိုအသစ်ဖြင့်အစားထိုးသည် (ရောမ ၆-၇)။ ၀ိညာဉ်ရေးရာကြီးထွား ခြင်းသည် အချိန်စောင့်ရမည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။ နှုတ်ကပတ် တော်လေ့လာခြင်းနှင့် အသုံးချခြင်းပေါ်တွင်မူတည်သည်။ (၂တိ ၃း၁၆-၁၇) ၀ိညာဉ်တော် ထဲတွင်လျှောက် လှမ်းမှုပေါ်တွင်လည်းမူတည်သည် (ဂလာတိ ၅း၁၆-၁၇)။ ၀ိညာဉ်ရေးရာတိုးတက်ခြင်းကို ကျွန်ုပ်တို့ရှာဖွေသောအခါ ဘုရားသခင်၏အလိုတော် အတိုင်းကြီးထွားရန် ဘုရားသခင်ထံညာဉ်ပညာတောင်းရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ညာဏ်ပညာကြီးထွားရန်နှင့် ဘုရားသခင်အကြောင်းများများသိရှိရန် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ၀ိညာဉ်ရေးရာကြီးထွားရန် အလိုတော်ရှိသည်။ ၀ိညာဉ်ရေးရာကြီးထွားနိုင်ရန် ကျွန်ုပ်တို့လိုအပ်သောအရာများ ဘုရားသခင်က ပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့်၊ ကျွန်ုပ်တို့သည် အပြစ်တရာကိုအောင်မြင်ကျော်လွှားနိုင်ပြီး၊ သခင်ယေရှုခရစ်တော်နှင့်ပို၍မြန်မြန်ဆန်ဆန် တူလာနိုင်မည်ဖြစ်သည်။

မေးခွန်း: ၀ိညာဉ်တိုက်ပွဲအကြောင်းနှင့်ပတ်သက်ပြီးကျမ်းစာကမည်ကဲ့သို့ဖော်ပြထား သနည်း။

။ဝိညာဉ်တိုက်ပွဲနှင့်ပတ်သက်ပြီး အဓိကမှားယွင်မှုနှစ်ချက်ရှိသည်။ ၄င်းတို့မှာ အလွန်အမင်းအလေးထားခြင်းနှင့်အလေးမထားခြင်းဖြစ်သည်။ အချို့သောသူများက အပြစ်ဟူမျှ၊ ပြသနာဟူသမျှနှင့်တိုက်ခိုက်မှုဟူမျှ နတ်ဆိုးများကြောင့်ဖြစ်သောကြောင့် နှင် ထုတ်ရမည်ဟု ပြစ်တင်တတ်ကြသည်။ အချို့သောသူများကမူ ကျွန်ုပ်တို့၏တိုက်ပွဲသည် ၀ိညာဉ်တန်ခိုးများဖြစ်သည်ဟုသမ္မာကျမ်းစာကဖော်ပြထားသောကြောင့် ၀ိညာဉ်ရေးရာ တွင် ပါဝင်ဖို့မလိုသည်ဟု ၀ိညာဉ်ရေးရာကိုလျစ်လျူရှုထားကြသည်။ အောင်မြင်သောဝိ ညာဉ်တိုက်ပွဲသည် သမ္မာကျမ်းစာကို ညီညွတ်စွာခံခြင်းအားဖြင့်ရရှိနိုင်သည်။ သခင်ယေရှု သည် တခါတရံလူတွေထဲမှနတ်ဆိုးများနင်ထုတ်ခဲ့သည်။ တခါတရံ နတ်ဆိုးအကြောင်း မရှိဘဲလူတွေကိုကျန်းမာစေခဲ့သည်။ တမန်တော်ရှင်ပေါလုက ခရစ်ယာန်များအား သူတို့ ထဲတွင်ရှိသောအပြစ်တရားများနှင့်ပြိုင်တိုင်ရန် (ရောမ ၆)နှင့် နတ်ဆိုးများနှင့်ယှဉ်ပြိုင်တိုက် ခိုက်ရန် (ဧဖက် ၆း၁၀-၁၈)လမ်းညွန်ထားသည်။

ဧဖက် ၆း၁၀-၁၂ တွင် “ကြွင်းသောစကားဟူမူကား၊ ညီအစ်ကိုတို့သခင်ဘုရားအား ဖြင့်၎င်း၊တန်ခိုးတော်အရှိအားဖြင့်၎င်း၊ခိုင်ခံခြင်းရှိကြလော့။မာရ်နတ်၏ပရိယာယ်တို့ကို ဆီး တားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ၀တ်ဆင်ကြ လော့။ အကြောင်းမ၏ဆကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင် တိုက်လှန် ကြသည်မဟုတ်။အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီ မှောင်မိုက်၌အ စိုးတရပြုသောမင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏”ဟုဖော်ပြထားပါသည်။ ဤကျမ်းပိုဒ်ထဲတွင် အလွန်အရေးကြီး သောအရာကိုသွန်သင်ထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် သာလျှင် အားသန်နိုင်ပါသည်။ ကျွန်ုပ်တို့ကိုကာကွယ်ပေးသော လက်နက်သည် ဘုရားသခင်၏လက်နက်ဖြစ်သည်။ ဤလောကတွင် ၀ိညာဉ်ဆိုးများနှင့် ကျွန်ုပ်တို့ပြိုင်ဆိုင် တိုက်လှန်နေကြခြင်းဖြစ်သည်။

ယုဒအခန်းကြီး ၉ထဲတွင်ဖော်ပြထားသည့်အတိုင်း ကောင်းကင်တမန်အကြီးဆုံး မိုက်ကဲလ်သည် ဘုရားသခင်၌တန်ခိုးအကြီးမားဆုံးဖြစ်သည်။ ဘုရားသခင်၏ကောင်းကင် တမန်အကြီးဆုံးဖြစ်သောမိုက်ကဲလ်ကတောင်မှ သူ၏တန်ခိုးအားဖြင့် စာတန်ကိုမနင်ထုတ် ခဲ့ပေ။ သို့သော် သူက “ဘုရားသခင်က သင့်ကိုနင်ထုတ်သည်”ဟုပြောခဲ့သည်။ ဗျာဒိတ် ၁၂း၇-၈ တွင် နောက်ဆုံးသောအချိန်တွင် မိုက်ကဲလ်က စာတန်ကိုအနိုင်ယူလိမ့်မည်ဟု ဖော်ပြထားပါသည်။ ထိုအချိန်၌ပင်မိုက်ကဲလ်သည် စာတန်ကို ဘုရားသခင်၏နာမနှင့် အမိန့်တော်အားဖြင့်အနိုင်ယူမည်ဖြစ်သည်။ သူ၏တန်ခိုးအားဖြင့်အနိုင်ယူမည်မဟုတ်ပေ။ ထိုနည်းတူခရစ်ယာန်များသည်လည်း စာတန်နှင့်သူ၏အပေါင်းအသင်းများကို သခင်ယေရှုခရစ်တော်၏နာမအားဖြင့်အနိုင်ယူမည်ဖြစ်သည်။တန်ခိုးဟူသမျှအနိုင်ယူနိုင် သောနာမသည် သခင်ယေရှု၏နာမတော်ပင်ဖြစ်သည်။

ဧဖက် ၆း၁၃-၁၈ထဲတွင် ဘုရားသခင်ပေးထားသောဝိညာဉ်တော်ဝတ်စုံကိုဖော်ပြ ထားပါသည်။ ကျွန်ုပ်တို့သည် သမ္မာတရားခါးပတ်ကို၎င်း၊ ဖြောင့်မတ်ခြင်းရင်အုပ်ကို၎င်း၊ ငြိမ်သက်ခြင်းသတင်းကောင်းကို၎င်း၊ ကယ်တင်ခြင်းဦးထုတ်ကို၎င်း၊ ၀ိညာဉ်တော်ဓါးကို ၄င်း၊ ၀ိညာဉ်တော်ဆုတောင်းခြင်းကို၎င်းစွဲကိုင်က မားမားမတ်မတ်ရပ်တည်ရမည်ဖြစ်သည်။

ဤ၀ိညာဉ်တော်ဝတ်စုံများသည် ၀ိညာဉ်တိုက်ပွဲတွင် မည်သည့်အရာကိုဆိုလိုသနည်း။ ကျွန်ုပ်တို့သည် စာတန်မာရ်နတ်၏လိမ်ညာမှုများကို သမ္မာတရားပြောခြင်းအားဖြင့်ဆန့်ကျင် ရမည်ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက်အသေခံခဲ့ခြင်းအားဖြင့်ဖြောင့်မတ်သူ များအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသောကြောင့် ငြိမ်ဝပ်စွာနေရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် မည်မျှပင်တိုက်ခံခြင်းခံနေပါစေ သတင်းကောင်းအကြောင်းကိုဝေငှရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်မည်မျှပင်တိုက်ခိုက်မှုခံစေကာမူ ယုံကြည်ခြင်းယိမ်းယိုင်ခြင်းမရှိရပေ။ ကျွန်ုပ်တို့၏နောက်ဆုံးတိုက်ခိုက်မှုသည် ကျွန်ုပ်တို့ရရှိသောကယ်တင်ခြင်းစိတ်ချမှုဖြစ် သည်။ ၄င်းသည် ၀ိညာဉ်တိုက်ပွဲတွင် ရှုံးနှိမ့်မှုမရှိစေသည်ဟု အာမခံထားသည်။ ကျွန်ုပ်တို့ ၏လက်နက်သည် ဘုရားသခင်၏စကားတော်ဖြစ်သည်။ကျွန်ုပ်တို့၏အကြံအဥာဏ်နှင့်ခံ စားချက်များမဟုတ်ပေ။ ဆုတောင်းခြင်းအားဖြင့်သာလျှင် ၀ိညာဉ်တိုက်ပွဲအောင်မြင်နိုင်သည်ကို သခင်ယေရှု၏နမူနာလိုက်လျှောက်ရမည်ဖြစ်သည်။

ဝိညာဉ်တိုက်ပွဲအတွက် ကျွန်ုပ်တို့၏ပြည့်စုံသောဥပမာသည် သခင်ယေရှုဖြစ်သည်။ တောထဲတွင် စာတန်သည်သခင်ယေရှုကိုစုံစမ်းသွေးဆောင်သောအခါ သခင်ယေရှုက သူ့ ကိုမည်ကဲ့သို့အနိုင်ယူခဲ့သည်ကို ကျွန်ုပ်တို့လေ့လာရမည်ဖြစ်သည် (မဿဲ ၄း၁-၁၁)။ စုံစမ်း နှောက်ယှက်ခြင်းဟူသမျှကို “နှုတ်ကပတ်တော်ထဲတွင် ဖော်ပြထားသည်”ဟူသောအချက် ဖြင့်အနိုင်ယူရမည်ဖြစ်သည်။ အသက်ရှင်သောဘုရားသခင်၏စကားတော်အားဖြင့် စာတန်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုအနိုင်သူနိုင်သောတန်ခိုးရှိသည်ဟု သခင်ယေ ရှုက သိရှိခဲ့သည်။ စာတန်မာရ်နတ်၏တိုက်ခိုက်မှုကို နှုတ်ကပတ်တော်အားဖြင့်သခင်ယေရှု ကအနိုင်ယူနိုင်လျှင် ကျွန်ုပ်တို့သည်လည်းထိုနည်းတူပြုနိုင်ကြသည်မဟုတ်လော။

ဝိညာဉ်တိုက်ပွဲတွင် ပါဝင်ခြင်းမပြုရန်တိုက်တွန်းပေးသောဥပမာသည် သကေ၀၏သားခုနစ် ယောက်ဖြစ်သည်။ “ထိုအခါအရပ်ရပ်သို့လှည့်လည်၍ဓိဠာန်သစ္စာပေးတတ်သောယုဒလူအ ချို့တို့က၊ ပေါလုဟောပြောသောယေရှုကို ငါတိုင်တည်၍သင်တို့ကိုဓိဠာန်သစ္စာပေး၏ဟု ဆိုလျက် နတ်ဆိုးစွဲသောသူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။ သကေ၀အမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။ နတ်ဆိုးကလည်းယေရှုကိုငါသိ၏။ ပေါလုကိုလည်းငါသိ၏။ သင်တို့မူကား၊ အဘယ်သူနည်း ဟုပြောဆိုပြီးလျှင်၊ နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့် ထိုအိမ်မှအ၀တ်မပါဘဲအနာများနှင့်ထွက်ပြေးစေ၏” (တမန် ၁၉း၁၃-၁၆)ဟုဖော်ပြထားသည်။ သကေ၀၏သားခုနစ်ယောက်တို့သည် သခင်ယေရှု၏နာ မကိုအသုံးပြုခဲ့ကြသည်။ ထိုသို့ပြုခြင်းသည်မလုံလောက်သေးပါ။ သူတို့သည် သခင်ယေရှုနှင့်ပတ်သက်မှုမရှိခဲ့ကြပေ။ ထိုကြောင့် သူတို့အသုံးပြုသောစကားများသည် အချည်းနှီးသက်သက်ဖြစ်ကာ တန်ခိုးအာဏာမရှိပေ။ သကေ၀၏သားခုနစ်ယောက်တို့ သည် နည်းစနစ်ကိုသာမှီခိုခဲ့ကြသည်။ သူတို့သည် သခင်ယေရှုကို သူတို့၏အရှင်သခင်နှင့် ကယ်တင်ရှင်အဖြစ်မမှီခိုခဲ့ကြပေ။ သူတို့သည် ၀ိညာဉ်တိုက်ပွဲတွင် ဘုရားသခင်၏နှုတ်က ပတ်တော်ကိုအသုံးမပြုခဲ့ကြပေ။ နောက်ဆုံးရလဒ်သည် သူတို့သည် ထုရိုက်ခြင်းကိုခံ ခဲ့ကြသည်။ သူတို့သည် ဆိုးသောဥပမာကိုသင်ယူခဲ့ကြပြီး၊ သမ္မာကျမ်းစာညွန်ကြားသော ၀ိညာဉ်တိုက်ပွဲနှင့်ဆန့်ကျင်ဘက်ပြုမှုခြင်းအဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရကြသည်။

အချုပ်အားဖြင့်၊ ၀ိညာဉ်တိုက်ပွဲတွင်အောင်မြင်ခြင်းရရှိရန် သော့ချက်များသည် မည်သည့်အရာများဖြစ်ကြသနည်း။ ပထမအနေဖြင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တန်ခိုးကို မမှီခိုဘဲ ဘုရားသခင်၏တန်ခိုးတော်ကိုမှီခိုရမည်ဖြစ်သည်။ ဒုတိယအနေဖြင့်၊ ကျွန်ုပ်တို့သည် နတ်ဆိုးများကို ကိုယ့်နာမည်ဖြင့်မဟုတ်၊ သခင်ယေရှုနာမတော်အားဖြင့်နှင် ထုတ်ရမည်ဖြစ်သည်။ တတိယအနေဖြင့်၊ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘုရားသခင်ဝတ်လက်နက်ဝတ်လုံးကိုဝတ်ဆင်ရမည်ဖြစ်သည်။ စတုတ္ထအနေဖြင့်၊ ကျွန်ုပ်တို့ သည် ဘုရားသခင်၏စကားတော်ဖြစ်သော ၀ိညာဉ်တော်ဓါးဖြင့်ဝိညာဉ်တိုက်ပွဲဆင်နွှဲရမည် ဖြစ်သည်။ နောက်ဆုံးအနေဖြင့်၊ ကျွန်ုပ်တို့သည် စာတန်နှင့်သူ၏နတ်ဆိုးများနှင့်ဝိညာဉ် တိုက်ပွဲဆင်နွှဲနေသောသူများဖြစ်ကြသည်ကို သိရှိရမည်ဖြစ်သည်။ အပြစ်ဟူသမျှ (သို့) ပြ သာနာဟူသမျှ နှင်ထုတ်ရမည်ဖြစ်သည်။

မေးခွန်း: ။ ဘုရားသခင်၏အသံတော်ကို ကျွန်ုပ်သည် မည်ကဲ့သို့သိရှိမည်နည်း။

။ဤမေးခွန်းကို အရေးတွက်နိုင်သောသူများကအချိန်တိုင်းမေးနေသောမေးခွန်းဖြစ် သည်။ ရှမွေလသည် ဘုရားသခင်၏အသံတော်ကိုကြားသော်လည်း ဧလိညွှန်ကြားသည့်အ ချိန်မှာပဲဘုရားသခင်၏အသံတော်ဖြစ်ကြောင်းကိုအသိအမှတ်ပြုခဲ့သည် (၁ဓမ္မ ၃း၁-၁၀)။ ဂိဒေါင်သည် ဘုရားသခင်ထံမှ ခန္ဓာကိုယ်ပိုင်းဆိုင်ရာဗျာဒိတ်တော်ရရှိခဲ့သည်။ သူကြားသောအသံသူက သံသယရှိသောကြောင့် အံ့သြဖွယ်နိမိတ်လက္ခဏာကိုတောင်းခဲ့ သည်။ တစ်ကြိမ်တည်းမဟုတ်၊ သုံးကြိမ်အထိတောင်းခဲ့သည် (တရားသူကြီး ၆း၁၇-၂၂၊ ၃၆-၄၀)။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားသောအခါ သူပြောဆိုသောအသံတော်ဖြစ်ကြောင်း ကျွန်ုပ်တို့သည် မည်ကဲ့သို့သိရှိနိုင်မည်နည်း။ ပထမအနေဖြင့်၊ ဂိဒေါင်နှင့်ရှမွေလတို့အရှိသောအရာ ကျွန်ုပ်တို့မှာရှိသည်။ ကျွန်ုပ်တို့မှာ လေ့လာရန်၊ အာရုံပြုရန်အတွက် ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာကျမ်းစာရှိသည်။ “ထိုကျမ်းစာရှိသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ သြ၀ါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏။” (၂တိ ၃း၁၆-၁၇) တစုံတခု အကြောင်းအရာ (သို့) ကျွန်ုပ်တို့ဘ၀အတွက် မေးခွန်းများထုတ်သောအခါ သမ္မာကျမ်းစာ ကမည်ကဲ့သို့ဖော်ပြထားသည်ကို ကျွန်ုပ်တို့လေ့လာသင့်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူသွန်သင်ခဲ့သောအရာ (သို့) သူ၏စကားတော်ထဲတွင်သူဂတိပြုခဲ့သော အရာများနှင့်ဆက်ကျင်ဘက်ဖြစ်သောလမ်းသို့ဦးဆောင်ခြင်းမရှိပေ။ (တိတု ၁း၂)

ဒုတိယအနေဖြင့်၊ ဘုရားသခင်၏အသံတော်ကြားနိုင်ရန် ကျွန်ုပ်တို့သည်ထိုအသံ တော်ကိုအသိအမှတ်ပြုရမည်ဖြစ်သည်။ သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ငါ့နောက်သို့လိုက်ကြ၏။ထိုသိုးတို့ကိုငါသိ၏” (ယောဟန် ၁၀း၂၇) ဟုဖော်ပြထား ပါသည်။ ဘုရားသခင်၏အသံတော်ကြားသောသူများသည် ဘုရားသခင်ပိုင်ဆိုင်သောသူ များ၊ သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် သူ၏ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်းရရှိသောသူများဖြစ်သည်။ဤသိုးတို့သည် သူ၏အသံတော်ကိုကြားကာ သိရှိသောသူများဖြစ်ကြသည်။ အကြောင်းမှာ သူတို့က သူ့ကို သူတို့၏သိုးထိန်အဖြစ်သိရှိ ကာသူတို့အသံကိုလည်းသိကြသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသံ တော်ကိုကြားလိုလျှင် သူပိုင်ဆိုင်သောသူများဖြစ်ရမည်ဖြစ်သည်။

တတိယအနေဖြင့်၊ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် သူ၏နှုတ် ကပတ်တော်ကိုအာရုံပြုရန်တိတ်ဆိတ်ချိန်ကိုယူသောအခါ သူ၏အသံတော်ကြားကြ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သူ၏နှုတ်ကပတ်တော် တို့နှင့်ရင်းနှီးစွာအချိန်ယူလေလေ သူ၏ အသံတော်ကိုသိရှိရန်နှင့်ကျွန်ုပ်တို့ဘ၀အတွက် သူ၏လမ်းပြပို့ဆောင်ခြင်းများကိုသိ ရှိရန်လွယ်ကူလေလေဖြစ်သည်။ ဘဏ်တစ်ခုတွင် ၀န်ထမ်းလုပ်မည့်လူများသည် ငွေအတု အစစ်ကောင်းကောင်းမွန်မွန်ခွဲခြားနိုင်ရန် သင်တန်းတက်ရမည်ဖြစ်သည်။ သို့မှသာငွေအတုများကို ကောင်း မွန်စွာခွဲခြားနိုင်မည်ဖြစ် သည်။ကျွန်ုပ်တို့သည် ဘုရားသခင် ၏နှုတ်ကပတ်တော်နှင့်ရင်းနှီးကျွမ်းဝင်ခြင်းရှိလျှင် ဘုရားသခင်က ကျွန်ုပ်တို့အားစကားပြော သောအခါတွင်ဖြစ်စေ လမ်းပြသောအခါ တွင်ဖြစ်စေ ဘုရားသခင်၏အသံတော်ဖြစ်ကြောင်း ကျွန်ုပ်တို့ကောင်းမွန်စွာသိရှိနိုင်ကြ မည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အားစကားပြော မှသာလျှင် ကျွန်ုပ်တို့သည် သမ္မာတရားကိုသိရှိနိုင်ကြမည်ဖြစ်သည်။ ဘုရားသခင်ကစကား ပြောသောအခါ သူ၏စကားတော်အားဖြင့်အဓိကစကားပြောလေ့ရှိသည်။ တခါတရံ ကျွန်ုပ်တို့စိတ်နှလုံးသားများထဲတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အားဖြင့်ဖြစ်စေ၊ အခြားသောလူတွေများအားဖြင့်ဖြစ်စေ စကားပြောတတ်ပါ သည်။ကျွနု်ပ်တို့သည် နှုတ်ကပတ်တော်သမ္မာတရားကိုကြားခြင်းအားဖြင့် ဘုရားသခင်၏အသိတော်ကိုသိရှိနိုင်မည်ဖြစ်သည်။