အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်သောမေးခွန်းများ

မေးခွန်း: ကြီးမားသောတရားပလ္လင်ဖြူသည် အဘယ်အရာဖြစ်သနည်း။

ဗျာဒိတ် ၂၀း၁၁-၁၅ ထဲတွင် ကြီးမားသောတရားပလ္လင်ဖြူအကြောင်းကိုဖော်ပြထားပါ သည်။ ၄င်းသည် မယုံကြည်သူများငရဲမီးအိုင်ထဲသို့မချမီနောက်ဆုံးသောတရားစီရင်ခြင်းဖြစ် ပါသည်။ ဗျာဒိတ် ၂၀း ၇-၁၅ ကို ကျွန်ုပ်တို့ဖတ်ရှုသောအခါ ဤတရားစီရင်ခြင်းကို စာတန်၊ တောသားရဲနှင့်မှားယွင်းသောပရောဖက်များငရဲမီးအိုင်ထဲသို့ပစ်ချခြင်းခံခဲ့ပြီးသောအခါတွင် ဖြစ်စေ၊ အနှစ်တစ်ထောင်အုပ်စိုးခြင်းကာလပြီးဆုံးသောအခါတွင်ဖြစ်စေ ဖြစ်ပျက်လိမ့်မည်ကို တွေ့ရှိနိုင်သည် (ဗျာဒိတ် ၂၀း၇-၁၀)။ စာအုပ်တွေဖွင့်ထားပါသည် (ဗျာဒိတ် ၂၀း၁၂)။ ထိုစာ အုပ်ထဲတွင် လူတိုင်းပြုသောအမှုများကို မှတ်တမ်းတင်ထားသည်။ သူတို့သည် အဆိုးပြုသည် ဖြစ်စေ၊ အကောင်းပြုသည်ဖြစ်စေ၊ သူတို့ပြုသောအရာများအပေါ်တွင် ဘုရားသခင်သည် ဆုပေးဒဏ်ပေးစနစ်ကိုအသုံးပြုမည်ဖြစ်သည်။ (ဆာလံ ၂၈း၎၊ ၆၂း၁၂၊ ရောမ ၂း၆၊ ဗျာဒိတ် ၂း၂၃၊ ၂၈း၆၊ ၂၂း၁၂)။

ဤအချိန်တွင် အခြားသောစာအုပ်ကိုဖွင့်ပြန်သည်။ ၄င်းကို “အသက်စာအုပ်” (ဗျာဒိတ် ၂၀း၁၂)ဟုခေါ်သည်။ လူတစ်ယောကသည် ဘုရားသခင်နှင့်အတူထာဝရစိုးစံမည်ကို၎င်း၊ ငရဲ မီးအိုင်ထဲသို့ထာဝရပြစ်ဒဏ်ခံရမည်ကို၎င်း ဤစာအုပ်က ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။ ခရစ်ယာန်များ၏အပြုအမူများကိုလည်းမှတ်တမ်းတင်ရေးထားသော်လည်း သူတို့သည်ခရစ် တော်အားဖြင့်အပြစ်လွှတ်ခြင်းခံရသောသူများနှင့် “လောကဖန်ဆင်းခြင်းမှစ အသက်စာစောင်” ထဲတွင် သူတို့နာမည်ရေးထားခြင်းခံရသောသူများဖြစ်ကြသည် (ဗျာဒိတ် ၁၇း၈)။ သမ္မာကျမ်း စာထဲတွင် “သေသောသူများသည် သူတို့လုပ်ဆောင်ခဲ့သည့်အတိုင်းတရားစီရင်ခြင်း”ခံရခြင်း (ဗျာဒိတ် ၂၀း၁၂)နှင့်“အသက်စာစောင်” ထဲတွင် “နာမည်”ရေးသားခြင်းမခံသောသူများကို “မီးအိုင်ထဲသို့ပစ်ချခြင်း”ခံခြင်း (ဗျာဒိတ် ၂၀း၁၅)တို့ကို တရားစီရင်ခြင်းဟုခေါ်သည်။

သမ္မာကျမ်းစာထဲတွင် ယုံကြည်သူများနှင့်မယုံကြည်သူများတို့အတွက် နောက်ဆုံးသော တရားစီရင်ခြင်းကို ကွက်ကွက်ကွင်းကွင်းတွေ့ရှိနိုင်ပါသည်။ လူတိုင်းတို့သည် ခရစ်တော်ရှေ့ တွင်မတ်သပ်ရပ်ကြကာ သူတို့လုပ်ဆောင်ခဲ့သည့်အတိုင်းတရားစီရင်ခြင်းခံရကြမည်ဖြစ်သည်။ ကြီးများသောပလ္လင်ဖြူတွင် တရားစီရင်ခြင်းသည် နောက်ဆုံးသောတရားစီရင်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာထဲ၌ဖော်ပြထားသော ဤတရားစီရင်ခြင်းနှင့်အခြားသောတရားစီရင်ခြင်းတို့သည် မည်ကဲ့သို့ဆက်နွယ်မှုရှိသည်ကို ခရစ်ယာန်များက သဘောမတူခဲ့ကြပေ။ အထူးသဖြင့် ကြီးမား သောပလ္လဖြူရှေ့တွင် တရားစီရင်ခြင်းကို သဘောမတူခဲ့ကြပေ။

သမ္မာကျမ်းစာထဲတွင်တရားစီရင်ခြင်းသုံးမျိုးသုံးစားရှိသည်ဟု အချို့သောခရစ်ယာန် များကယုံကြည်ကြသည်။ ပထမတရားစီရင်ခြင်းသည် သိုးများနှင့်ဆိတ်များ၏တရားစီရင်ခြင်း (သို့) လူမျိုးများ၏တရားစီရင်ခြင်း (မဿဲ ၂၅း၃၁-၃၆)ဖြစ်သည်။ ဤအဖြစ်အပျက်သည် ဘေးဒဏ်ကြီးကာလပြီးနောက်၊ အနှစ်တစ်ထောင်အုပ်စိုးခြင်းမတိုင်မီဖြစ်ပျက်ရမည်ဖြစ်သည်။ ၄င်း၏ရည်ရွယ်ချက်သည် အနှစ်တစ်ထောင်အုပ်စိုးခြင်းတွင် မည်သူတွေဝင်ရောက်ကြမည်ကို ဆုံးဖြတ်ပေးရန်အတွက်ဖြစ်သည်။ ဒုတိယတရားစီရင်ခြင်းသည် ယုံကြည်သူများ၏လုပ်ဆောင် မှုများအတွက်တရားစီရင်ခြင်းဖြစ်သည်။ တခါတရံ၎င်းကို “ခရစ်တော်၏ပလ္လင်တော်တရားစီရင် ခြင်း”အဖြစ်ရည်ညွှန်းဖော်ပြထားခြင်းဖြစ်သည် (၂ကော ၅း၁၀)။ ဤတရားစီရင်ခြင်းထဲတွင် ခရစ်ယာန်များသည် ဘုရားသခင်အတွက်လုပ်ဆောင်မှုများ (သို့) သူတို့၏လုပ်ဆောင်မှုများ အပေါ် ဆုချပေးခြင်းဖြစ်သည်။ တတိယတရားစီရင်ခြင်းသည် အနှစ်တစ်ထောင် အုပ်စိုးခြင်းပြီးနောက် ကြီးမားသောပလ္လင်ဖြူတရားစီရင်ခြင်းဖြစ်သည် (ဗျာဒိတ် ၂၀း၁၁-၁၅)။ ဤတရားစီရင်ခြင်းသည် မယုံကြည်သူများအတွက်ဖြစ်သည်။ သူတို့သည် မိမိလုပ်ဆောင်မှု များအတွက်တရားစီရင်ခြင်းခံပြီး၊ ငရဲမီးအိုင်ထဲသို့ထာဝရပစ်ချခြင်းခံရမည်ဖြစ်သည်။

အခြားသောခရစ်ယာန်များက ဤတရားစီရင်ခြင်းသုံးခုတို့သည် တစ်ခုချင်းစီခွဲခြားပြီး တရားစီရင်ခြင်းမဟုတ်ဘဲ နောက်ဆုံးတွင်တစ်ကြိမ်တည်းတရားစီရင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ အခြားသောစကားလုံးအားဖြင့်ဖော်ပြရလျှင် ဗျာဒိတ် ၂၀း၁၁-၁၅ တွင် ဖော်ပြထားသော ကြီးမားသောပလ္လင်တော်ဖြူတရားစီရင်ခြင်းသည် ယုံကြည်သူများနှင့် မယုံကြည်သူများအတွက်တရားစီရင်ခြင်းဖြစ်သည်။အသက်စာစောင်တွင်နာမည်သွင်းခြင်း ခံရသောသူများသည် သူတို့၏လုပ်ဆောင်မှုများအပေါ် ဆုချခြင်းကိုခံရမည်ဖြစ်သည်။ အသက်စာစောင်ထဲတွင် နာမည်မရှိသောသူများသည် သူတို့၏လုပ်ဆောင်မှုများအပေါ် ငရဲမီး အိုင်ထဲသို့ပစ်ချခြင်းအားဖြင့် ဒဏ်ခတ်ခြင်းခံရကြမည်ဖြစ်သည်။ မဿဲ ၂၅း၃၁-၄၆ သည် အခြားကြီးများသောပလ္လင်တော်တရားစီရင်ခြင်းဖြစ်ပျက်မည့်အချိန်ဖြစ်သည်ဟု ဤအမြင်ကို ယုံကြည်သောသူများက စွဲကိုင်ထားကြသည်။ ဤတရားစီရင်ခြင်း၏ရလဒ်သည် ဗျာဒိတ် ၂၀း၁၁-၁၅ ထဲတွင်ဖော်ပြထားသော ကြီးမားသောပလ္လင်တော်တရားစီရင်ခြင်းပြီးနောက် ဖြစ်ပျက်မည့်တရားစီရင်ခြင်းဖြစ်သည်ဟု သူတို့ကရည်ညွန်းဖော်ပြတတ်ကြသည်။ သိုးများ (ယုံကြည်သူများ)သည် ထာဝရအသက်သို့ဝင်ရောက်ကြမည်ဖြစ်သည်။ ဆိတ်များ (မယုံကြည် သူများ)သည် “ထာဝရပြစ်ဒဏ်ခံစားရာ”ထဲသို့ပစ်ချခြင်းခံရကြမည်ဖြစ်သည် (မဿဲ၂၅း၄၆)။

လူတစ်ယောက်သည် ကြီးမားသောပလ္လင်ဖြူတရားစီရင်ခြင်းနှင့်ပတ်သက်ပြီး မည်သို့ပင် ထင်မြင်စေကာမူ တရားစီရင်ခြင်းများလာလိမ့်မည်ဟူသောအချက်ကို မဆုံးရှုံးခြင်းသည်အရေး ကြီးသည်။ ပထမအနေဖြင့်၊ သခင်ယေရှုခရစ်တော်သည် တရားသူကြီးဖြစ်သည်။ ခရစ်တော်က မယုံကြည်သူများကို တရားစီရင်မည်ဖြစ်သည်။ သူတို့ပြုလုပ်ခဲ့သောအမှုအရာ များအတိုင်းပြစ်ဒဏ်ခံရကြမည်ဖြစ်သည်။ မယုံကြည်သူများသည် ဘုရားသခင်၏ အမျက်တော်ကိုခံစားကြမည်ဖြစ်သည် (ရောမ ၂း၅)။ “သူတို့လုပ်ဆောင်သည့် အတိုင်းဘုရား သခင်”က အားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်(ရောမ ၂း၆)။ ခရစ်တော်ကယုံ ကြည်သူများကို လည်းဒဏ်ခတ်မည်ဖြစ်သည်။ သို့သော် ခရစ်တော်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အထဲတွင် ကူးစက်ခဲ့သည်။ ကျွန်ုပ်တို့နာမည်များသည် အသက်စာစောင်ထဲတွင် ရေးထားခဲ့သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်ဆောင်သည့်အတိုင်း ဆုချခြင်းကိုခံရကြမည်ဖြစ်သည်။ ရောမ ၁၄း၁၀-၁၂က ကျွန်ုပ်တို့အားလုံးတို့သည် ခရစ်တော်၏ပလ္လင်တော်ရှေ့ မှောက်တွင်ရပ်ကြသည်။ ဘုရားသခင်ထံတော်သို့ကျွန်ုပ်တို့လုပ်ဆောင်သည့်အတိုင်း တရားစီရင် ခြင်းခံရမည်ဟုဖော်ပြထားပါသည်။

မေးခွန်း: ကောင်းကင်ပေါ်မှာရှိသောသူများသည် ကောင်းကင်ပေါ်မှငုတ်ကြည့်ပြီး၊ လောကတွင်ရှိသောသူများကိုမြင်နိုင်ကြမည်လား။

ဟေဗြဲ ၁၂း၁ ထဲတွင် “ထိုကြောင့် သက်သေခံအမြားအပြားတို့သည် ကျွန်ုပ်တို့ ကိုဝိုင်းရံထားသည်….”ဟုဖော်ပြထားပါသည်။ လူအချို့တို့က “သက်သေခံအမြားအပြား” က ကောင်းကင်ပေါ်မှကျွန်ုပ်တို့ကို မော့ကြည့်ကြသည်ဟု နားလည်ကြသည်။ ၄င်းသည် မှန်ကန်သောအနက်ဖွင့်ဆိုခြင်းမဟုတ်ပေ။ ဟေဗြဲ အခန်းကြီး ၁၁ ထဲတွင် ဘုရားသခင်က သူတို့ယုံကြည်ခြင်းခိုင်မြဲသည်ဟု ထောက်ခံပေးသောလူအချို့ရှိသည်ကို တွေ့ရှိနိုင်ပါသည်။ ဤလူများသည် “သက်သေခံအမြားအပြားများ”ဖြစ်ကြသည်။ သူတို့သည် ကျွန်ုပ်တို့ကို စောင့်ကြည့်သော “သက်သေခံသူများ”မဟုတ်ပေ။ သူတို့သည် ကျွန်ုပ်တို့အတွက် စံပြနမူ နာအဖြစ်သက်သေခံသောသူများဖြစ်ကြသည်။ သူတို့သည် ခရစ်တော်နှင့်ဘုရားသခင်နှင့် သမ္မတရားအတွက်သက်သေခံသောသူများဖြစ်ကြသည်။ဟေဗြဲ ၁၂း၁ ထဲတွင် “ထိုကြောင့် ဤမျှလောက်များစွာသောသကသေအပေါင်းတို့သည် ငါတို့ကို ၀ိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည်ခပ်သိမ်းသောဝန်တို့ကို၎င်း၊ ဒုစရိုက်ရှိသမျှတို့ကိုဖယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေးကြကုန်အံ့” ဟုဖော်ပြ ထားသည်။ ကျွန်ုပ်တို့ရှေ့တွင်ရှိသော ခရစ်ယာန်များ၏ယုံကြည်ခြင်းနှင့် ခြေစုံပစ်လုပ် ဆောင်မှုအားဖြင့် သူတို့ချထားခဲ့သောနမူနာအတိုင်းလိုက်လျှောက်ရန် တိုက်တွန်းပေးခဲ့ခြင်း ဖြစ်သည်။

သမ္မာကျမ်းစာက ကောင်းကင်ပေါ်တွင်ရှိသောသူများသည် လောကတွင်ရှိသောသူ များကိုကြည့်နေသည်ဟု အထူးသဖြင့်ဖော်ပြထားခြင်းမရှိပေ။ ထိုသို့ထင်မှတ်ခြင်းသည် မလွန်မြင့်လွန်းအားကြီးသည်။ အကြောင်းမှာ- ပထမနေဖြင့်၊ သူတို့က လောကတွင်ရှိသောသူများခံစားသော နာကျဉ်း အံတွားခဲကြိတ်မှုဖြစ်စေတတ်သောအရာ များကို မြင်တွေ့ကြမည်ဖြစ်သည်။ အဓိကအား ဖြင့် အပြစ်နှင့်နတ်ဆိုးလှုပ်ရှားမှုများမြင် သောအခါ သူတို့သည် ၀မ်းနည်းကြမည်ဖြစ်သည်။ ကောင်းကင်နိုင်ငံတော်တွင် အံတွားခဲ့ကြိတ်ခြင်း၊ မျက်ရည်ကျခြင်း၊ ၀မ်းနည်းခြင်းများမရှိ ပေ( ဗျာဒိတ် ၂၁း၎)။ သူတို့က လောကတွင်ဖြစ်ပျက်သောအရာများကို လေ့လာကြလိမ့် မည်မဟုတ်ပေ။ ဒုတိယအနေဖြင့်၊ ကောင်းကင်နိုင်ငံတော်တွင်ရှိသောသူများသည် ဘုရားသခင်ကိုကိုးကွယ်ခြင်းနှင့် ကောင်းကင်ဘုန်းစည်းစိမ်ပျော်မွေ့ခြင်းအားဖြင့် ပျော်ရွှင် နေကြသောကြောင့် သူတို့သည် ဤလောကတွင်ဖြစ်ပျက်နေသောအရာများကို စိတ်ဝင်စားကြမည်မဟုတ်ပေ။ အကြောင်းမှာ သူတို့သည် အပြစ်တရားနှင့်ပတ်သက်မှုရှိ တော့မည်မဟုတ်ပေ။ သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ဘုရားသခင်၏မျက်မှောက် တော်ခံစားကြသော ကြောင့် အခြားသောအရာများအာရုံစိုက်စဉ်းစားနိုင်ကြလိမ့်မည်မဟုတ် ပေ။ ကောင်းကင်နိုင်ငံတော်တွင်ရှိသောသူများက မြေကြီးပေါ်တွင်ရှိသော သူတို့ချစ်သူများ ကြည့်အောင် ဘုရားသခင်ကခွင့်ပြုနိုင်လိမ့်မည်။ သို့သော် ဤအဖြစ်အပျက်နှင့်ပတ်သက်ပြီး သမ္မာကျမ်းစာထဲတွင် တိတိကျကျဖော်ပြထားခြင်းမရှိပေ။

မေးခွန်း: ငရဲသည် အမှန်တည်ရှိသလား။ ငရဲမီးအိုင်သည် ထာဝရဖြစ်သလား။

ရာခိုင်နှုန်းအားဖြင့် ငရဲတည်ရှိခြင်းထက်ကောင်းကင်နိုင်ငံတည်ရှိခြင်းကို ယုံကြည်သူပို၍များပြားခြင်းသည် စိတ်ဝင်စားစရာတစ်ခုဖြစ်သည်။ သမ္မာကျမ်းစာဖော် ပြချက်အရာ ငရဲပြည်သည်ကောင်းကင်နိုင်ငံကဲ့သို့အမှန်တည်ရှိသည်။ ငရဲသည် မယုံကြည် သောသူများနှင့်ဆိုးယုတ်သောသူများသေပြီးနောက်ထားရှိမည့်နေရာဖြစ်သည်ဟု သမ္မာ ကျမ်းစာထဲတွင် ကွက်ကွက်ကွင်းကွင်းဖော်ပြထားပါသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကိုဆန့်ကျင်သောသူများဖြစ်ကြသည် (ရောမ ၃း၂၃)။ အပြစ်၏အခသည် သေခြင်း ဖြစ်သည် (ရောမ ၆း၂၃)။ ကျွန်ုပ်တို့အပြစ်များအားလုံးသည် ဘုရားသခင်ကိုဆန့်ကျင်ခဲ့သည် (ဆာလံ ၅၁း၎)။ ဘုရားသခင်သည် အဆုံးမရှိ၊ထာဝရဖြစ်သောကြောင့် အပြစ်၊ သေခြင်းအတွက် ပြစ်ဒဏ်ပေးခြင်းသည်လည်း နစ္စထာဝရဖြစ်သည်။ ငရဲပြည်သည် ကျွန်ုပ်တို့ အပြစ်အတွက် ရရှိသော နစ္စထာဝရသေခြင်းဖြစ်သည်။

ဆိုးသွမ်းသောသူများကိုငရဲထဲသို့ပစ်ဒဏ်ပေးခြင်းသည်သမ္မာကျမ်းစာထဲတွင် “ထာဝရ မီးအိုင်” (မဿဲ ၂၅း၄၁)၊ “မငြိမ်းနိုင်သောမီးအိုင်” (မဿဲ ၃း၁၂)၊ “ရှက်ကြောက်ဖွယ်နှင့်ထာဝရ ဒုက္ခခံသောနေရာ” (ဒံယေလ ၁၂း၂)၊ “မီးလုံးဝမသေသော”နေရာ (မာကု ၉း၄၄-၄၉)၊ “ဆင်းရဲ ဒုက္ခ”နှင့် “မီးအိုင်”ရှိသောနေရာ (လုကာ ၁၆း၂-၂၄)၊ “ထာဝရပျက်ဆီးသောနေရာ” (၂သက် ၁း၉)၊ “မီးခိုးငွေ့များမရပ်မနား ထာဝရထွက်သော”နေရာ (ဗျာဒိတ် ၁၄း၁၀-၁၁)၊ ဆိုးသွမ်းသော သူများ “နေ့ညမပြတ်” “ကန့်နှင့်မီးဖြင့်လောင်ကျွမ်းသော”နေရာ (ဗျာဒိတ် ၂၀း၁၀)ဖြစ်သည်ဟုဖော်ပြထားပါသည်။

ဖြောင့်မတ်သူများကောင်း ကင်နိုင်ငံတော်တွင်ထာဝပျော်ရွှင်ခြင်းကဲ့သို့ ဆိုးသွမ်းသောသူများငရဲထဲသို့ထာဝရပြစ်ဒဏ်ခံခြင်းသည်လည်း ထာဝရကာလဖြစ်သည်။ ငရဲမီးအိုင်ထဲသို့ထာဝရပြစ်ဒဏ်ခံခြင်းသည် ကောင်းကင်နိုင်ငံနည်းတူ ထာဝရအသက်ရှင်ခြင်း ဖြစ်သည်ဟု သခင်ယေရှုကဖော်ပြထားပါသည် (မဿဲ ၂၅း၄၆)။ ဆိုးသွမ်းသောသူများသည် ဘုရားသခင်၏ကြောက်မက်ဖွယ်ကောင်းသောအမျက်တော်အောက်တွင် ထာဝရပြစ်ဒဏ်ခံရ မည်ဖြစ်သည်။ ငရဲမီးအိုင်ထဲတွင်ရှိသောသူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို အသိအမှတ်ပြုကြမည်ဖြစ်သည် (ဆာလံ ၇၆း၁၀)။ ငရဲထဲတွင်ရှိသောသူများက သူတို့သည် ပြစ်ဒဏ်ခံထိုက်သောသူများဖြစ်ကြကြောင်းနှင့် မိမိကိုယ်ကိုသာပြစ်တင်ရန်သာဖြစ်ကြောင်း သိကြလိမ့်မည် (တရားဟော ၃၂း၃-၅)။ ငရဲသည် အမှန်တကယ်တည်ရှိသည်။ ငရဲသည် အဆုံးမရှိသောထာဝရပြစ်ဒဏ်ခံသောနေရာဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုအားဖြင့် ဤထာဝရဆိုးသွမ်းသောကံကြမ္မာမှလွှတ်မြောက်ခဲ့ကြသောကြောင့် ဘုရားသခင်ကိုချီးမွမ်း လိုက်ပါ (ယောဟန် ၃း၁၆၊ ၁၈၊ ၃၆)။

မေးခွန်း: ခရစ်၏တရားစီရင်ခြင်းပလ္လင်တော်သည် မည်သည့်အရာဖြစ်သနည်း။

ရောမ ၁၄း၁၀-၁၂ ထဲတွင် “…ငါတို့ရှိသမျှသည် ခရစ်တော်၏တရားပလ္လင်တော် ရှေ့သို့ရောက်ရကြမည်။… သို့ဖြစ်၍ငါတို့ရှိသမျှတို့သည် ဘုရားသခင်စစ်ကြောတော်မူခြင်း ကိုခံရကြမည်” ဟုဖော်ပြထားပါသည်။ ၂ကော ၅း၁၀ ထဲတွင် “အကြောင်းမူကား၊ ငါတို့ရှိ သမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ် ကိုအသီးသီးခံခြင်းငှါ၊ ခရစ်တော်၏တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်”ဟုဖော်ပြထားပါ သည်။ ဤကျမ်းပိုဒ်များဖော်ပြလိုသောအရာသည် ယုံကြည်သူများအတွက်ရည်ညွှန်းခြင်း ဖြစ်သည်။ မယုံကြည်သောသူများအတွက်မဟုတ်ပေ။ ထိုကြောင့် ခရစ်တော်၏တရားစီရင် ခြင်းပလ္လင်တော်သည် ယုံကြည်သူများက သူတို့အသက်တာကိုခရစ်တော်ထံသို့တင်ပြခြင်း အကြောင်းများပါဝင်သည်။ ခရစ်တော်၏တရားစီရင်ခြင်းပလ္လင်သည် ကယ်တင်ခြင်းအတွက် ဆုံးဖြတ်ပေးလမ့်မည်မဟုတ်ပေ။ ကယ်တင်ခြင်းသည် ခရစ်တော်ကကျွန်ုပ်တို့အတွက် ကိုယ်စားပြုအသေခံခြင်း(၁ယော ၂း၂)နှင့် သူအပေါ်ကျွန်ုပ်တို့ယုံကြည်ခြင်း (ယောဟန် ၃း၁၆)အားဖြင့်ရရှိသည်။ ကျွန်ုပ်တို့အားလုံး၏အပြစ်များကို ခွင့်လွှတ်ခဲ့ပြီးဖြစ်သည်။ ထိုအပြစ်အတွက် ကျွန်ုပ်တို့သည်တရားစီရင်ခြင်းခံရမည်မဟုတ်တော့ပေ (ရောမ ၈း၁)။ ခရစ်တော်၏ပလ္လင်ဖြူတရားစီရင်ခြင်းသည် ကျွန်ုပ်တို့အပြစ်များအတွက်တရားစီရင်ရန်မ ဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့အသက်ရှင်ခြင်းအတွက် ဘုရားသခင်က ကျွန်ုပ်တို့အားဆု ချပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဘုရားသခင်ထံသို့မိမိလုပ်ဆောင်ခဲ့သောအရာများ တင်ပြရကြလိမ့်မည်ဟု သမ္မာကျမ်းစာကဖော်ပြထားပါသည်။ဤတရားစီရင်ခြင်းတွင် ကျွန်ုပ်တို့ပြုမိသောအပြစ်များအတွက် တရားစီရင်ခြင်းအချို့လည်းရှိသည်။ သို့သော်ခရစ် တော်၏တရားပလ္လင်တော်တရားစီရင်ခြင်း၏အဓိကအချက်သည် အပြစ်အတွက်တရားစီရင် ခြင်းမဟုတ်ပေ။

ခရစ်တော်၏တရားစီရင်ခြင်းတွင် ယုံကြည်သူများသည် ခရစ်တော်အပေါ်သစ္စာရှိစွာ ဖြင့်အစေခံသည်အမှုအရာပေါ်တွင် မူတည်ပြီးဆုချခြင်းခံရလိမ့်မည် (၁ကော ၉း၎-၂၇၊ ၂တိ ၂း၅)။ ကျွန်ုပ်တို့သည် မဟာစေခိုင်းချက်အပေါ်နာခံခြင်း (မဿဲ ၂၈း၁၈-၂၀)၊ အဖြစ်အပေါ် အောင်မြင်မှုရရှိခြင်း (ရောမ ၆း၁-၄)၊ နှင့်ကျွန်ုပ်တို့၏နှုတ်လျှာပါးစပ်များကိုချုပ်တည်းနိုင် ခြင်း (ယာကုပ် ၃း၁-၉)အပေါ်တရားစီရင်ခြင်းခံရကြမည်ဖြစ်သည်။ ယုံကြည်သူများသည် ခရစ်တော်အပေါ် သစ္စာရှိစွာအစေခံသည့်အရာပေါ်တွင်မူတည်ပြီး ဆုသရဖူအသီးသီးရရှိ ကြလိမ့်မည်ဟု သမ္မာကျမ်းစာကဖော်ပြထားပါသည် (၁ကော ၉း၎-၂၇၊ ၂တိ ၂း၅)။ဆုသရဖူ အမျိုးမျိုး ၂တိ ၂း၅၊ ၂တိ ၄း၈၊ ယာကုပ် ၁း၁၂၊ ၂ပေ ၅း၎ နှင့် ဗျာဒိတ် ၂း၁၀ များတွင် ဖော်ပြထားပါသည်။ ယာကုပ် ၁း၁၂ သည်ခရစ်တော်၏ပလ္လင်တော်တရားစီရင်ခြင်းကို ကောင်းသည်ဟုထင်သင့်ကြောင်းအတိုးချုံးပြီးဖော်ပြထားပါသည်။ “စုံစမ်းနှောင့်ယှက်ခြင်း ကိုခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံးစမ်းခြင်းခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ဂတိတော်မူသောအသက်သရဖူကိုရလိမ့်မည်။”

မေးခွန်း: ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့သည် အဘယ်အရာများဖြစ်ကြသနည်း။

ကောင်းကင်နိုင်ငံသည် အဘယ်အရာနှင့်တူကြောင်းနှင့်ပတ်သက်ပြီး လူများစွာ တို့က နားလည်မှုလွှဲသွားခဲ့ကြသည်။ ဗျာဒိတ်တော် အခန်းကြီး ၂၁-၂၂ ထဲတွင် ကောင်းကင် သစ်နှင့်မြေကြီးသစ်အကြောင်းကို အသေးစိတ်ဖော်ပြထားပါသည်။ နောက်ဆုံးသောအချိန် ရောက်ရှိလာသောအခါ ယခုတည်ရှိသောကောင်းကင်နှင့်မြေကြီးသည်ပျောက်ကွယ်သွားပြီးမှ ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့ကအစားထိုးသွားမည်ဖြစ်သည်။ ယုံကြည်သူများထာဝရ ကျိန်းဝပ်သောနေရသည် မြေကြီးအသစ်ဖြစ်သည်။ မြေကြီးသစ်သည် ကျွန်ုပ်တို့အစဉ်ထာဝရ ကျိန်းဝပ်မည့်နေရာ “ကောင်းကင်နိုင်ငံ”ဖြစ်သည်။၎င်းသည် ယေရုရှလင်မြို့သစ်၊ ကောင်းကင် မြို့တော်တည်ရှိသော မြေကြီးသစ်ဖြစ်သည်။ ၄င်းသည် ပတ္တမြားနှင့်မွမ်းမံထားသော ဂိတ်များ ရှိကာ ရွှေဖြင့်ခင်းထားသောလမ်းများဖြင့် မွမ်းမံထားသော မြေကြီးသစ်ဖြစ်သည်။

ကောင်းကင်နိုင်ငံ- မြေကြီးသစ်သည် အမှန်တကယ်တည်ရှိသောနေရာဖြစ်သည်။ ထိုနေရာတွင် ကျွန်ုပ်တို့သည် ဘုန်းတော်ထင်ရှားသော ခန္ဓာကိုယ်ဖြင့် ၀င်စားရကြမည်ဖြစ် သည် (၁ကော ၁၅း၃၅-၅၈)။ ကောင်းကင်နိုင်ငံသည် “မိုးတိမ်ထဲတွင်ရှိသည်”ဟူသောခံယူ ချက်သည် သမ္မာကျမ်းစာဖော်ပြချက်မဟုတ်ပေ။ ကျွန်ုပ်တို့သည် “ကောင်းကင်နိုင်ငံတော်တွင် ၀ိညာဉ်ဖြင့်ပတ်ပတ်လည်နေမည်”ဟူသောခံယူချက်သည်လည်း သမ္မာကျမ်းစာနှင့်မညီညွတ် ပေ။ ယုံကြည်သူများ ၀င်စားရမည့်မြေကြီးသစ်သည် ကျွန်ုပ်တို့ကိန်းဝပ်ရမည့် ပြည့်စုံသော ကမ္ဘာသစ်ဖြစ်သည်။ မြေကြီးသစ်တွင် အပြစ်တရား၊ ဆိုးသွမ်းသောအရာ၊ ဖျားနာခြင်း၊ ဒုက္ခခံ ခြင်းနှင့်သေခြင်းတရားများရှိတော့မည်မဟုတ်ပေ။ ၄င်းသည် ယခုကျွန်ုပ်တို့နေထိုင်သောကမ္ဘာ ကဲ့သို့ဖြစ်လိမ့်မည်။ ယခုပြုပြင်ထားသောကမ္ဘာဖြစ်နိုင်သည်။ သို့သော်အပြစ်တရားရှိမည် မဟုတ်ပေ။

ကောင်းကင်သစ်သည် အဘယ်အရာဖြစ်သနည်း။ ရှေးခေတ်တွင် “ကောင်းကင်များ” သည် မိုးကောင်းကင်နှင့်လွတ်လပ်လဟာများ၊ ဘုရားသခင်ကျိန်းဝပ်သောနေရာဖြစ်သည်ကို သတိရခြင်းသည်အလွန်အရေးကြီးသည်။ ထိုကြောင့် ဗျာဒိတ် ၂၁း၁ သည် ကောင်းကင်သစ် ရည်ညွှန်းခြင်းဖြစ်သည်။ ကမ္ဘာတစ်ခုလုံးကို ကမ္ဘာသစ်၊ ကောင်းကင်သစ်၊ လေဟာပြင်သစ်များ ပြုပြင်ဖန်ဆင်းထားသောကမ္ဘာဖြစ်သည်ဟု ရည်ညွှန်းခြင်းနှင့်တူသည်။ ဘုရားသခင်၏ကောင်း ကိုအသစ်ပြုပြင်မွမ်းမံသည့်ဖြစ်ပုံရသည်။ ကာယပိုင်းတွင်ဖြစ်စေ၊ ၀ိညာဉ်ပိုင်းတွင်ဖြစ်စေ ကမ္ဘာ တစ်ခုလုံးတွင်ရှိသောအရာများ“နေရာပြန်ချထားမည်”ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင် သစ်တွင် ထာဝရစိုးစံရမည်လား။ အသုံးပြုနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အချိန်စောင့်ရန်လို အပ်သည်။ ကောင်းကင်နိုင်ငံအကြောင်းသိရှိရန်အတွက် ဘုရားသခင်၏စကားတော်ကပုံသွင်း ရန် ကျွန်ုပ်တို့ခွင့်ပြုကြပါစို့။

မေးခွန်း: ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သူငယ်ချင်းများနှင့် မိသားစုဝင်များကို မြင်တွေ့နိုင်ကြမည်လား။

လူများစွာတို့သည် ကောင်းကင်နိုင်ငံတော်သို့ရောက်သောအခါ သူတို့ရှေ့တွင် သွားနှင့်သောသူတို့ချစ်သောသူများနှင့်သူငယ်ချင်းများကို မြင်တွေ့ခြင်းသည် သူတို့၏ ပထမပန်းတိုင်ဖြစ်သည်ဟု ပြောတတ်ကြသည်။ ထာဝရကာလတွင် ကျွန်ုပ်တို့သူငယ်ချင်း များနှင့်မိသားစုဝင်များကို မြင်တွေ့ရန်၊ သိရှိရန်နှင့်သူတို့နှင့်အချိန်ယူရန် အချိန်များစွာရှိ သည်။ သို့သော် ၄င်းသည် ကျွန်ုပ်တို့အတွက် အခြေခံကျသောရည်ရွယ်ချက်ပန်းတိုင်မ ဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချီးမွမ်းခြင်းနှင့် ကောင်းကင်ဘုံ၏လှပမှုများ ပျော်ရွှင်ခြင်းအားဖြင့် အချိန်အသုံးပြုကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ချစ်သောသူများနှင့် ပြန်လည်ဆုံးစည်းခြင်းသည် ကျွန်ုပ်တို့အသက်တာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့် ဂုဏ်တော်ကိုရေတွက်ချီးမွမ်းခြင်း၊ သူ့အံ့သြဖွယ်ကောင်းသောချစ်ခြင်းမေတ္တာတော်နှင့် သူပြုလုပ်သောအံ့သြဖွယ်တန်ခိုးတော်များဖြင့်ပြည့်ဝလိမ့်မည်ဖြစ်သည်။ အထူးသဖြင့်၊ လောကတွင်ရှိသောကျွန်ုပ်တို့ချစ်သူများဖြစ်ကြသောယုံကြည်သူများနှင့်မိတ်ဖွဲ့ကာ ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်ခြင်းအားဖြင့် အချိန်ကုန်သွားခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ပျော်ရွှင်ခြင်းရရှိကြမည်ဖြစ်သည်။

နောင်တမလွန်ဘ၀တွင် ကျွန်ုပ်တို့သည် လူတွေကိုမှတ်မိမည်မမှတ်မိမည်အ ကြောင်းနှင့်ပတ်သက်ပြီးသမ္မာကျမ်းစာက မည်ကဲ့သို့ဖော်ပြထားသနည်း။ အင်္ဒေါရနတ် ၀င်မိန်းမသည် သေခြင်းအသွင်ဖြင့်ရှမွေလကိုဆင့်ခေါ်သောအခါ ရှောလုမင်းကြီးက ရှမွေလကိုမှတ်မိခဲ့သည် (၁ဓမ္မ ၂၈း၂-၁၇)။ ဒါဝိဒ်၏သားငယ်သေသောအချိန်တွင် ဒါဝိဒ် က “ငါသူဆီသွားရမည်။ သူသည်ငါ့ထံသို့ပြန်မလာရ” (၂ဓမ္မ ၁၂း၂၃)ဟု ဖော်ပြထားပါသည်။ ဒါဝိဒ် ကောင်းကင်နိုင်ငံရောက်သောအခါ သူ့သားကိုမှတ်မိနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။သူသည် ကလေးငယ်ကဲ့သို့သေလိမ့်မည်ကို ဂရုမစိုက်တော့ပေ။ လုကာ ၁၆း ၁၉-၃၁ ထဲတွင် အာဗြဟံ၊ လာဇလုနှင့်သူဌေးသားတို့သည် အချင်းချင်းသိမှတ်ကြသည်။ ကိုယ်ခန္ဓာတော်ပြောင်းလဲခြင်းတွင် မောရှေနှင့်ဧလိယတို့သည် သမှတ်ကြသည် (မဿဲ ၁၇း၃-၄)။ ဤဥပမာများတွင် သေပြီးနောက် အချင်းချင်းမှတ် မိကြလိမ့်မည်ဟု သမ္မာကျမ်းစာဖော်ပြလိုခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ရောက်ကြသောအခါ ကျွန်ုပ်တို့သည် “သခင်ယေရှုနှင့်ပိုတူပါလိမ့်မည်။ အကြောင်းမှ ကျွန်ုပ်တို့သည် သခင်ယေရှုကို မြင်တွေ့ ကြမည်ဖြစ်သောကြောင့်ဖြစ်သည်” (၁ယော ၃း၂)ဟု သမ္မာကျမ်းစာထဲတွင်ဖော်ပြထားပါ သည်။ ယခုကျွန်ုပ်တို့အသက်ရှင်သောခန္ဓာကိုယ်သည် ပထမလူအာဒံနှင့်တူသည့်နည်းတူ၊ ဘုန်းတော်ဖြင့်ရှင်ပြန်ထမြောက်သောအခါ ခရစ်တော်နှင့်ပိုတူပါလိမ့်မည် (၁ကော ၁၅း၄၇)။ “ငါတို့သည် မြေသား၏သဏ္ဍာန်ကို ဆောင်သကဲ့သို့၊ကောင်းကင်သား၏သဏ္ဍာန်ကိုဆောင် ကြလိမ့်မည်။ ယခုမျက်မှောက်ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ဝင်စားရ မည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ဝင်စားရမည်” (၁ကော ၁၅း၄၉၊ ၅၃)။ သခင်ယေရှုရှင်ပြန်ထမြောက်ခဲ့ပြီးနောက် လူများစွာတို့ကသူ့ကိုသိ ရှိခဲ့ကြသည် (ယောဟန် ၂၀း၁၆၊ ၂၀၊ ၂၁ါ်၁၂၊ ၁ကော ၁၅း၎-၇)။ သခင်ယေရှု၏ဘုန်းတော် ဖြင့်ပြည့်ဝသောခန္ဓာကိုယ်ကိုမြင်နိုင်သည့်နည်းတူ ကျွန်ုပ်တို့၏ဘုန်းတော်ဖြင့်ပြည့်ဝသော ခန္ဓာကိုယ်သည်လည်းမြင်နိုင်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ချစ်သော သူများကိုမြင်တွေ့ နိုင်ခြင်းသည် ကောင်းကင်နိုင်ငံတော်၏ဘုန်းတော်အမြင်ဖြစ်သည်။ သို့သော်ကောင်းကင် နိုင်ငံသည် ဘုရားသခင်အတွက်တော့ဘာမှမဟုတ်သော်လည်း ကျွန်ုပ်တို့အတွက် အလွန်တရားထူးခြားသောနေရာဖြစ်သည်။ ကျွန်ုပ်တို့ချစ်သောသူများနှင့် ဘုရားသခင်ကို ထာဝရချီးမွမ်းခြင်းသည်ဘယ်လောက်ပျော်ရွှင်စရာကောင်းသနည်း။