9
ဖမ်းဆီးသိမ်းယူသွားခြင်းခံရရာမှ ပြန်လာသူများ 
 1 ဣသရေလပြည်သူအပေါင်းတို့အားအိမ် ထောင်စုများအလိုက်စာရင်းပြုလုပ်ထား ကြောင်း ဣသရေလဘုရင်များကျမ်းတွင် မှတ်တမ်းတင်၍ထားလေသည်။ 
ယုဒပြည်သားတို့သည်မိမိတို့၏အပြစ် များကြောင့် ဗာဗုလုန်ပြည်သို့ပြည်နှင်ဒဏ် အပေးခံရကြ၏။-  2 ပထမဦးဆုံးမိမိတို့၏ဘိုးဘွားပိုင်မြို့ ရွာများသို့ပြန်လည်ရောက်ရှိလာကြသူ များအထဲတွင် ဣသရေလအမျိုးသား ဝတ်ကြောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များနှင့်ဗိမာန်တော်အလုပ် သမားများပါဝင်လေသည်။-  3 ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်နှင့်မနာရှေအနွယ် ဝင်တို့သည် ယေရုရှလင်မြို့သို့သွားရောက် နေထိုင်ကြ၏။✡ ဧဇ၊ ၂:၂၇။ နေ၊ ၇:၂၃။ 
 4-6 ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ 
ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ 
ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ 
ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။ 
 7-8 ဗင်္ယာမိန်အနွယ်ဝင်များဖြစ်ကြသော၊ 
ဟာသေနွာ၏သားဟောဒဝိ၊ဟောဒဝိ၏သား မေရှုလံ၊ မေရှုလံ၏သားသလ္လု၊ 
ယေရောဟံ၏သားဣဗနိယ၊ 
သြဇိ၏သား၊ မိခရိ၏မြေးဧလာ၊ 
ဣဗနိယ၏သားရွေလ၊ ရွေလ၏သား ရှေဖတိ 
တို့သည်ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။ 
 9 ဤအနွယ်မှထိုမြို့တွင်နေထိုင်သူအိမ်ထောင်စု များမှာကိုးရာ့ငါးဆယ့်ခြောက်စုရှိသတည်း။ အထက်တွင်ဖော်ပြပါရှိသောအမျိုးသား အားလုံးသည်အိမ်ထောင်ဦးစီးများဖြစ်ပေ သည်။ 
ယေရုရှလင်မြို့တွင်သီတင်းသုံးသည့် ယဇ်ပုရောဟိတ်များ 
 10-12 ယေရုရှလင်မြို့တွင် အောက်ပါယဇ်ပုရော ဟိတ်များသီတင်းသုံးနေထိုင်ကြသည်။ 
ယေဒါယ၊ယောယရိပ်နှင့်ယာခိန်၊ 
မေရှုလံ၊ဇာဒုတ်၊မရာယုတ်၊အဟိတုပ်တို့မှ ဆင်းသက်လာသူဟိလခိ၏သား 
(ဗိမာန်တော်မှူးချုပ်) အာဇရိ။ 
ပါရှုရနှင့်မာလခိတို့မှဆင်းသက်လာသူ ယေရောဟံ၏သားအဒါယ။ 
ယာဇေရ၊ မေရှုလံ၊ မေရှိလမုတ်နှင့် ဣမေရ တို့မှဆင်းသက်လာသူအဒေလ၏သား မာရှဲတို့ဖြစ်ကြ၏။ 
 13 အိမ်ထောင်ဦးစီးများဖြစ်ကြသည့်ယဇ်ပုရော ဟိတ်တို့၏အရေအတွက်မှာ စုစုပေါင်းတစ် ထောင့်ခုနစ်ရာခြောက်ဆယ်ဖြစ်၏။ သူတို့သည် ဗိမာန်တော်အတွင်း၌ဆောင်ရွက်ရသောအမှု ကိစ္စမှန်သမျှတို့တွင်အထူးကျွမ်းကျင်သူ များဖြစ်ကြ၏။ 
ယေရုရှလင်မြို့တွင်နေထိုင်သည့် လေဝိအနွယ်ဝင်များ 
 14-16 အောက်ပါလေဝိအနွယ်ဝင်တို့သည်ယေရုရှလင် မြို့တွင်နေထိုင်ကြ၏။ 
မေရာရိသားချင်းစုဝင်၊ ဟာရှဘိနှင့်အာဇရိကံ တို့မှ ဆင်းသက်လာသောဟာရှုပ်၏သားရှေမာရ။ 
ဗာကဗက္ကာ၊ဟေရက်နှင့်ဂလာလ။ 
အာသပ်၊ဇိခရိတို့မှဆင်းသက်လာသော မိက္ခာ၏သားမဿနိ။ 
ဂလာလ၊ ယေဒုသုံတို့မှဆင်းသက်လာ သော ရှေမာယ၏သားသြဗဒိ။ 
ဧလကာန၏မြေး၊အာသ၏သားဗေရခိ၊ 
ဧလကာနသည်နေတောဖာသိမြို့အပိုင် နယ်မြေသားဖြစ်၏။ 
ယေရုရှလင်မြို့တွင်နေထိုင်သည့်ဗိမာန်တော် အစောင့်တပ်သားများ 
 17 ယေရုရှလင်မြို့တွင်နေထိုင်သည့်ဗိမာန်တော် အစောင့်တပ်သားများမှာရှလ္လုံ၊ အက္ကုပ်၊ တာ လမုန်နှင့်အဟိမန်တို့ဖြစ်၏။ ရှလ္လုံသည်သူ တို့၏ခေါင်းဆောင်တည်း။-  18 သူတို့သည်ယခင်အခါကသူတို့သည် လေဝိတဲစခန်းမှတံခါးစောင့်များဖြစ် သည်။ အရှေ့အဝင်ဝရှင်ဘုရင်၏တံခါး ကိုစောင့်ရကြ၏။ 
 19 ဘုရားသခင်၏တဲစခန်းကိုဘိုးဘေးတို့ တာဝန်ယူ၍စောင့်ရကြသကဲ့သို့ ဧဗျာသပ် ၏မြေး၊ ကောရ၏သားရှလ္လုံသည်မိမိ၏ အမျိုးသားများဖြစ်ကြသော အခြား ကောရသိသားချင်းစုဝင်တို့နှင့်အတူ သန့်ရှင်းမြင့်မြတ်သည့်တဲတော်အဝင်ဝ ကိုစောင့်ရန်တာဝန်ယူရ၏။-  20 ဧလာဇာ၏သားဖိနဟတ်သည်အခါ တစ်ပါးက ထိုသူတို့အားကြီးကြပ်အုပ် ချုပ်ရလေသည်။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။ 
 21 မေရှိလမိ၏သားဇာခရိသည်လည်း ထာဝရဘုရားကိန်းဝပ်ရာတဲတော် တံခါးစောင့်ဖြစ်၏။ 
 22 အဝင်ဝနှင့်တံခါးပေါက်များအတွက် အစောင့်တပ်သားများအဖြစ် ရွေးချယ်ခန့် ထားခြင်းခံရသူများမှာ လူပေါင်းနှစ်ရာ တစ်ဆယ့်နှစ်ယောက်ရှိသတည်း။ ထိုသူတို့ အားမိမိတို့နေထိုင်ရာရပ်ရွာများအလိုက် မှတ်တမ်းတင်ထား၏။ သူတို့၏ဘိုးဘေးများ အားဤသို့တာဝန်ရှိသည့်အလုပ်ကိုပေး အပ်ခဲ့သူများမှာဒါဝိဒ်မင်းနှင့်ပရော ဖက်ရှမွေလတို့ဖြစ်၏။-  23 ထိုအစောင့်တပ်သားများနှင့်သားမြေးတို့ သည် ဆက်လက်၍ဗိမာန်တော်အဝင်တံခါး များကိုစောင့်ရကြ၏။-  24 ဗိမာန်တော်၏အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာတွင်တံခါးတစ်ပေါက် စီရှိ၏။ ထိုတံခါးတစ်ပေါက်စီတွင်တံခါး မှူးတစ်ယောက်စီရှိ၏။-  25 ယင်းတံခါးမှူးတို့အားရွာများတွင်နေထိုင် ကြသူဆွေမျိုးသားချင်းတို့က တစ်ကြိမ် လျှင်ခုနစ်ရက်အလှည့်ကျတံခါးစောင့် အလုပ်တွင်ကူညီရကြလေသည်။-  26 တံခါးမှူးလေးယောက်တို့သည်လေဝိအနွယ် ဝင်များဖြစ်၍လုံးဝတာဝန်ယူရသည်။ ဗိမာန်တော်ရှိအခန်းများနှင့် ယင်းတို့တွင် သိုလှောင်ထားသောပစ္စည်းများကိုလည်း တာဝန်ယူ၍စောင့်ထိန်းရကြ၏။-  27 သူတို့၏တာဝန်ဝတ္တရားမှာဗိမာန်တော်ကို စောင့်ရန်နှင့် တံခါးများကိုနံနက်တိုင်းဖွင့် ပေးရန်ဖြစ်သဖြင့် သူတို့သည်ဗိမာန်တော် အနီးတွင်နေထိုင်ရကြ၏။ 
အခြားလေဝိအနွယ်ဝင်များ 
 28 အချို့သောလေဝိအနွယ်ဝင်တို့သည်ကိုးကွယ် ဝတ်ပြုရာ၌အသုံးပြုသောခွက်ဖလားများ ကိုတာဝန်ယူရကြ၏။ ခွက်ဖလားများကို အသုံးပြုသည့်အခါတိုင်း စစ်ဆေး၍ထုတ် ပေးပြီးနောက်စစ်ဆေး၍ပြန်လည်လက်ခံ ရကြ၏။-  29 အချို့သူတို့မှာသန့်ရှင်းရာဌာနတော်ဆိုင် ရာအသုံးအဆောင်တန်ဆာများ၊ မုန့်ညက်၊ စပျစ်ရည်၊ သံလွင်ဆီ၊ လော်ဗန်နှင့်နံ့သာ မျိုးတို့ကိုကြည့်ရှုသိမ်းဆည်းရန်တာဝန် ယူရကြ၏။-  30 သို့ရာတွင်နံ့သာမျိုးတို့ကိုပေါင်းစပ်ရော နှောသည့်အလုပ်မှာမူ ယဇ်ပုရောဟိတ်တို့ ၏တာဝန်ဖြစ်ပေသည်။ 
 31 ကောရဆွေမျိုးစုမှရှလ္လုံ၏သားဦးမတ္တိသိ နာမည်ရှိသောလေဝိအနွယ်ဝင်တစ်ယောက် သည် မီးဖြင့်ဖုတ်လုပ်ရသည့်ပူဇော်သကာ များကိုတာဝန်ယူ၍ပြင်ဆင်ရ၏။-  32 ကောဟတ်သားချင်းတွင်ပါဝင်သူတို့သည် ဥပုသ်နေ့တိုင်းဗိမာန်တော်အတွက်ရှေ့ တော်မုန့်ကိုပြင်ဆင်ရကြ၏။ 
 33 လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။ 
 34 အထက်တွင်ဖော်ပြပါရှိသောအမျိုးသား တို့သည် မိမိတို့ဘိုးဘေးအဆက်အနွယ် စာရင်းများအရလေဝိအိမ်ထောင်ဦးစီး များဖြစ်ကြ၏။ သူတို့သည်ယေရုရှလင် မြို့တွင်နေထိုင်သည့်ခေါင်းဆောင်များဖြစ် ပေသည်။ 
ရှောလုမင်း၏ဘိုးဘေးများနှင့်သားမြေးများ 
(၈:၂၉-၃၈) 
 35 ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ၏ဇနီးမှာမာခါနာမည်ရှိ၏။-  36 သူ၏သားဦးကားအာဗဒုန်ဖြစ်၏။ သူ၏ အခြားသားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-  37 ဂေဒေါ်၊ အဟိသြ၊ ဇာခရိ၊ မိကလုတ်တို့ ဖြစ်ကြ၏။-  38 မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့၏ သားမြေးများသည် မိမိတို့၏အနွယ်ဝင် အခြားအိမ်ထောင်စုများနှင့်ယှဉ်တွဲ၍ ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။ 
 39 နေရ၏သားသည်ကိရှ၊ ကိရှ၏သားသည် ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလ ခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍သား လေးယောက်ရှိ၏။-  40 ယောနသန်၏သားသည်မေရိဗ္ဗာလ၊ မေရိဗ္ဗာလ ၏သားမှာမိက္ခာဖြစ်၏။-  41 မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ်ဟူ ၍သားလေးယောက်ရှိ၏။-  42 အာခတ်၏သားသည်ယာရဖြစ်၏။ ယာရတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍သား သုံးယောက်ရှိ၏။ ဇိမရိ၏သားသည်မောဇ၊-  43 မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်၏။ 
 44 အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်ဟူ၍သားခြောက်ယောက် ရှိ၏။