5
ဒါဝိဒ်သည်ဣသရေလပြည်နှင့်ယုဒပြည်၏ ဘုရင်ဖြစ်လာခြင်း 
(၅ရာ၊ ၁၁:၁-၉၊ ၁၄:၁-၇) 
 1 ထိုအခါဣသရေလအနွယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာရောက်၍ဒါဝိဒ် အား``အရှင်နှင့်အကျွန်ုပ်တို့သည်သွေးသား ချင်းဖြစ်ကြပါ၏။-  2 အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-  3 ထို့ကြောင့်ဣသရေလခေါင်းဆောင်အပေါင်းတို့ သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်လာကြ ၏။ ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် သူတို့နှင့်သစ္စာကတိပြုတော်မူသဖြင့် သူ တို့ကဒါဝိဒ်အားဣသရေလဘုရင်အဖြစ် ဘိသိက်ပေးကြ၏။-  4 ဒါဝိဒ်ဘုရင်ဖြစ်သောအခါအသက်သုံး ဆယ်ရှိ၏။ သူသည်နှစ်ပေါင်းလေးဆယ်တိုင် တိုင်နန်းစံတော်မူရလေသည်။-  5 ယုဒပြည်ဘုရင်အဖြစ်ဖြင့်ဟေဗြုန်မြို့တွင် ခုနစ်နှစ်ခွဲ၊ ဣသရေလပြည်တစ်ခုလုံးနှင့် ယုဒပြည်ဘုရင်အဖြစ်ဖြင့် ယေရုရှလင် မြို့တွင်သုံးဆယ့်သုံးနှစ်နန်းစံတော်မူ သတည်း။✡ ၃ရာ၊ ၂:၁၁။ ၅ရာ၊ ၃:၄၊ ၂၉:၂၇။ 
 6 ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။-✡ ယောရှု၊ ၁၅:၆၃။ သူကြီး၊ ၁:၂၁။  7 (သို့ရာတွင်ဒါဝိဒ်သည်ဇိအုန်ခံတပ်ကို သိမ်းယူနိုင်ခဲ့သဖြင့် ယင်းသည်ဒါဝိဒ်မြို့ ဟုနာမည်တွင်လာလေသည်။) 
 8 ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။)1 အခန်းငယ် ၈။ ဟေဗြဲမူမှာမရှင်းမလင်း ဖြစ်သည်။ 
 9 ဒါဝိဒ်သည်ခံတပ်ကိုသိမ်းယူတော်မူပြီး နောက်ထိုခံတပ်အတွင်း၌နေထိုင်တော်မူ ၍ယင်းကိုဒါဝိဒ်မြို့ဟုသမုတ်တော်မူ၏။ မင်း ကြီးသည်ထိုခံတပ်ပတ်လည်တွင်တောင်ကုန်း အရှေ့၊ မြေဖို့ထားရာအရပ်မှအစပြု၍ မြို့ကိုတည်တော်မူ၏။-  10 အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား သည်ဒါဝိဒ်နှင့်အတူရှိတော်မူသည်ဖြစ်၍ သူ၏တန်ခိုးအာဏာသည်ပို၍ပို၍လွှမ်းမိုး လာလေသည်။ 
 11 တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-  12 ထို့ကြောင့်ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားအတည် ပြုတော်မူကြောင်းနှင့်ကိုယ်တော်သည် မိမိ လူမျိုးတော်၏အကျိုးကိုထောက်၍ သူ၏ နိုင်ငံကိုသာယာဝပြောစေတော်မူ လျက်ရှိကြောင်းကိုသိမြင်လာလေသည်။ 
 13 ဒါဝိဒ်သည်ဟေဗြုန်မြို့မှပြောင်းရွှေ့သွားပြီး နောက်ယေရုရှလင်မြို့တွင်မောင်းမများနှင့် မိဖုရားများကို ထပ်မံသိမ်းပိုက်တော်မူ သဖြင့်သားသမီးများကိုထပ်မံရရှိ တော်မူပြန်၏။-  14 ယေရုရှလင်မြို့တွင်ရရှိသောသားသမီး များမှာရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊-  15 ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊ 
 16 ဧလိရှမာ၊ ဧလျာဒနှင့်ဧလိဖလက်တို့ ဖြစ်ကြ၏။ 
ဖိလိတ္တိအမျိုးသားတို့အပေါ်အောင်ပွဲခံခြင်း 
( ၅ရာ၊ ၁၄:၈-၁၇) 
 17 ဒါဝိဒ်သည်ဣသရေလဘုရင်အဖြစ်ချီး မြှောက်ခြင်းကိုခံရကြောင်းဖိလိတ္တိအမျိုး သားတို့ကြားသိကြသဖြင့်သူ့ကိုဖမ်းဆီး ရန်ချီတက်လာကြ၏။ ထိုသတင်းကိုဒါဝိဒ် ကြားသောအခါခံတပ်ရှိရာသို့ကြွတော် မူ၏။-  18 ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်း ကိုသိမ်းပိုက်လိုက်ကြ၏။-  19 ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။ 
 20 ထာဝရဘုရားက``သွားလော့။ ငါသည်သင့် အားအောင်ပွဲခံစေတော်မူမည်'' ဟုမိန့်တော် မူသဖြင့်ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့သို့ သွား၍ဖိလိတ္တိအမျိုးသားတို့အားဖြိုခွင်း ပြီးလျှင်``ထာဝရဘုရားသည်အဟုန်ပြင်း သည့်ရေလျှံမြစ်ကဲ့သို့ငါ၏ရန်သူများကို ဖြိုခွင်းတော်မူလေပြီ'' ဟုမြွက်ဆို၏။ သို့ ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိန်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်၏။-  21 ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုး ကွယ်သောရုပ်တုများကိုထိုအရပ်တွင်စွန့် ပစ်ခဲ့ကြသဖြင့် ယင်းတို့ကိုဒါဝိဒ်၏လူ တို့ကသိမ်းယူကြလေသည်။ 
 22 ထိုနောက်ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ် ချိုင့်ဝှမ်းသို့ပြန်လာပြီးလျှင်ထိုအရပ်ကို သိမ်းပိုက်ကြပြန်၏။-  23 ဒါဝိဒ်သည်ထာဝရဘုရားထံတစ်ဖန်စုံစမ်း မေးလျှောက်ပြန်၏။ ကိုယ်တော်က``သူတို့အား ဤအရပ်မှနေ၍မတိုက်မခိုက်နှင့်။ သူတို့ ၏တပ်နောက်ဘက်ပိုင်းကိုကွေ့၍သွားပြီး လျှင်ပိုးစာတောအနီးမှတိုက်ခိုက်လော့။-  24 သင်သည်သစ်ပင်များထိပ်၌စစ်ချီသံကို ကြားသောအခါစတင်တိုက်ခိုက်လော့။ ထို အခါ၌ငါသည်ဖိလိတ္တိတပ်ကိုချေမှုန်း ရန်သင်၏ရှေ့မှကြွနှင့်မည်''ဟုမိန့်တော်မူ၏။-  25 ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။