2
ဘုရားသခင်ရွေးချယ်တော်မူသောဘုရင် 
 1 တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ 
လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။ 
 2 ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။ 
သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့် 
ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။✡ တ၊ ၄:၂၅-၂၆။ 
 3 သူတို့က``ငါတို့သည်သူတို့စိုးမိုးမှုမှ လွတ်မြောက်အောင်ဆောင်ရွက်ကြကုန်အံ့။ 
သူတို့၏အချုပ်အနှောင်ကိုပယ်ရှားကြ ကုန်အံ့'' ဟုဆိုကြ၏။ 
 4 ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက် 
ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။ 
 5 ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့် 
သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။ 
 6 ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင်1 * ဇိအုန်တောင်။ မူလတွင်ဒါဝိဒ်၏မြို့။ ထိုနောက်ဗိမာန် တော်တည်ရာတောင်ကိုဆိုလိုသည်။ ပေါ်တွင် 
ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။ 
 7 မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ 
ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ 
ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။✡ တ၊ ၁၃:၃၃။ ဟေဗြဲ၊ ၁:၅၊၅:၅။ 
 8 တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။ 
ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။ 
 9 သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။ 
သူတို့အားမြေအိုးကိုခွဲသကဲ့သို့ 
အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။✡ ဗျာ၊ ၂:၂၆-၂၇၊ ၁၂:၅၊ ၁၉:၁၅။ 
 10 အချင်းဘုရင်တို့၊ပညာသတိရှိကြလော့။ 
အချင်းမင်းအပေါင်းတို့၊သတိမူကြလော့။ 
 11 သင်တို့သည်ကြောက်ရွံ့ရိုသေသောစိတ်နှင့် 
ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်ကြလော့။ 
 12 တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ 
ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် 
သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ 
ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။