54
ရန်သူများမှကွယ်ကာရန်ဆုတောင်းပတ္ထနာ10 * ဟေဗြဲခေါင်းစဉ်။ ဇိဖမှလူတို့သည်ရှောလုထံသွားရောက် ၍ဒါဝိဒ်မိမိတို့နယ်မြေတွင်ပုန်းအောင်းနေ ကြောင်းပြောကြားပြီးနောက် ဒါဝိဒ်စပ်ဆို သောဆာလံ။ 
 1 အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။ 
ကျွန်တော်မျိုးအားကိုယ်တော်၏အာနုဘော် အားဖြင့် လွတ်မြောက်စေတော်မူပါ။ 
 2 ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကို ကြားတော်မူပါ။ 
ကျွန်တော်မျိုးတောင်းလျှောက်သောစကားတို့ကို နားထောင်တော်မူပါ။ 
 3 မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်ရန်လာကြပါပြီ။ 
ဘုရားကိုပမာဏမပြုသည့် 
ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား သတ်ရန်ကြိုးစားကြပါ၏။ 
 4 သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ 
ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။ 
 5 ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အား 
ပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။ 
ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။ 
 6 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဝမ်းမြောက်စွာယဇ်ပူဇော်ပါမည်။ 
ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသည် ဖြစ်၍ 
ကျွန်တော်မျိုးသည်ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ 
 7 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ 
ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။ 
10^ * ဟေဗြဲခေါင်းစဉ်။ ဇိဖမှလူတို့သည်ရှောလုထံသွားရောက် ၍ဒါဝိဒ်မိမိတို့နယ်မြေတွင်ပုန်းအောင်းနေ ကြောင်းပြောကြားပြီးနောက် ဒါဝိဒ်စပ်ဆို သောဆာလံ။