105
ဘုရားသခင်နှင့်ကိုယ်တော်၏လူစုတော် 
(၅ ရာ၊ ၁၆:၈-၂၂) 
 1 ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ 
ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ 
ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ 
 2 သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ 
ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။ 
 3 ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ 
ထာဝရဘုရားအား 
ကိုးကွယ်ဝတ်ပြုသူအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ 
 4 အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ 
ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။ 
 5-6 ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ 
ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ 
သင်တို့သည်ကိုယ်တော်ပြတော်မူသည့် 
အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ 
ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။ 
 7 ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ 
ကိုယ်တော်၏အမိန့်တော်တို့သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်၏။ 
 8 ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ 
ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။ 
 9 အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့် 
ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။✡ တ၊ ၁၂:၇၊ ၁၇:၈၊ ၂၆:၃။ 
 10-11 ``သင့်အားခါနာန်ပြည်ကိုငါပေးမည်။ 
သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟူ၍ 
ထာဝရဘုရားသည်ယာကုပ်နှင့် ပဋိညာဉ်ပြုတော်မူ၏။ 
ဤပဋိညာဉ်သည်ထာဝစဉ်တည်လိမ့်မည်။✡ က၊ ၂၈:၁၃။ 
 12 ဘုရားသခင်၏လူစုတော်သည် 
အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။ 
 13 သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊ 
တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။ 
 14 သို့ရာတွင်ဘုရားသခင်သည်သူတို့အား 
ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။ 
 15 ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ 
ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် 
မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။✡ က၊ ၂၀:၃-၇။ 
 16 ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် 
စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ✡ က၊ ၄၁:၅၃-၅၇။ 
 17 ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။✡ က၊ ၃၇:၂၈၊ ၄၅:၅။ 
 18-19 ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ 
ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ 
သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ 
သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။✡ က၊ ၃၉:၂၀-၄၀:၂၃။ 
 20 ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။ 
လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။✡ က၊ ၄၁:၁၄။ 
 21 မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ 
တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။✡ က၊ ၄၁:၃၉-၄၁။ 
 22 သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ 
မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။ 
 23 ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။✡ က၊ ၄၆:၆၊ ၄၇:၁၁။ 
 24 ထာဝရဘုရားသည်မိမိ၏လူစုတော်အား 
သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။ 
 25 ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် 
သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။✡ ထွ၊ ၁:၇-၁၄။ 
 26 ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် 
ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။✡ ထွ၊ ၃:၁-၄:၁၇။ 
 27 သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် 
ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။ 
 28 ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ 
သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။✡ ထွ၊ ၁၀:၂၁-၂၃။ 
 29 ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ 
ငါးရှိသမျှတို့ကိုသေစေတော်မူ၏။✡ ထွ၊ ၇:၁၇-၂၁။ 
 30 ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။✡ ထွ၊ ၈:၁-၆။ 
 31 ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ 
ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။✡ ထွ၊ ၈:၂၀-၂၄၊ ၈:၁၆-၁၇။ 
 32 ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ 
လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။ 
 33 ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍ 
တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။✡ ထွ၊ ၉:၂၂-၂၅။ 
 34 ကိုယ်တော်အမိန့်ပေးတော်မူသောအခါ 
သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍ 
 35 တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။ 
အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။✡ ထွ၊ ၁၀:၁၂-၁၅။ 
 36 ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။✡ ထွ၊ ၁၂:၂၉။ 
 37 ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။ 
သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။ 
သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။ 
 38 အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့် 
သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။✡ ထွ၊ ၁၂:၃၃-၃၆။ 
 39 ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ 
ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။✡ ထွ၊ ၁၃:၂၁-၂၂။ 
 40 သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ 
သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။✡ ထွ၊ ၁၆:၂-၁၅။ 
 41 ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ 
ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။✡ ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။ 
 42 ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား 
ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။ 
 43 သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ 
သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။ 
 44 ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် 
သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။✡ ယောရှု၊ ၁၁:၁၆-၂၃။ 
 45 ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် 
ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ 
ထာဝရဘုရားအားထောမနာပြုကြလော့။ 
✡105:9 တ၊ ၁၂:၇၊ ၁၇:၈၊ ၂၆:၃။
✡105:10-11 က၊ ၂၈:၁၃။
✡105:15 က၊ ၂၀:၃-၇။
✡105:16 က၊ ၄၁:၅၃-၅၇။
✡105:17 က၊ ၃၇:၂၈၊ ၄၅:၅။
✡105:18-19 က၊ ၃၉:၂၀-၄၀:၂၃။
✡105:20 က၊ ၄၁:၁၄။
✡105:21 က၊ ၄၁:၃၉-၄၁။
✡105:23 က၊ ၄၆:၆၊ ၄၇:၁၁။
✡105:25 ထွ၊ ၁:၇-၁၄။
✡105:26 ထွ၊ ၃:၁-၄:၁၇။
✡105:28 ထွ၊ ၁၀:၂၁-၂၃။
✡105:29 ထွ၊ ၇:၁၇-၂၁။
✡105:30 ထွ၊ ၈:၁-၆။
✡105:31 ထွ၊ ၈:၂၀-၂၄၊ ၈:၁၆-၁၇။
✡105:33 ထွ၊ ၉:၂၂-၂၅။
✡105:35 ထွ၊ ၁၀:၁၂-၁၅။
✡105:36 ထွ၊ ၁၂:၂၉။
✡105:38 ထွ၊ ၁၂:၃၃-၃၆။
✡105:39 ထွ၊ ၁၃:၂၁-၂၂။
✡105:40 ထွ၊ ၁၆:၂-၁၅။
✡105:41 ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။
✡105:44 ယောရှု၊ ၁၁:၁၆-၂၃။