113
ထာဝရဘုရား၏ကောင်းမြတ်တော်မူခြင်းအား ထောမနာပြုခြင်း 
 1 ထာဝရဘုရားအားထောမနာပြုကြလော့။ 
အချင်းထာဝရဘုရား၏အစေခံတို့၊ 
ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။ 
 2 ကိုယ်တော်၏နာမတော်အားယခုမှစ၍ 
ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။ 
 3 နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် 
ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။ 
 4 ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ 
ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။ 
 5 ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။ 
ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။ 
 6 သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။ 
 7 ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ 
နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။ 
 8 ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏ 
လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။ 
 9 ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား 
ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ 
ထာဝရဘုရားအားထောမနာပြုကြလော့။