122
ယေရုရှလင်မြို့ကိုချီးမွမ်းခန်း1 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည်။ 
 1 သူတို့က``ထာဝရဘုရား၏အိမ်တော်သို့ 
ငါတို့သွားကြကုန်အံ့'' ဟုဆိုသောအခါ ငါသည်ရွှင်လန်းဝမ်းမြောက်ပါ၏။ 
 2 ယခုအခါငါတို့သည်ယေရုရှလင်မြို့ တံခါးအတွင်းရပ်လျက်ရှိနေကြပါ၏။ 
 3 ယေရုရှလင်မြို့သည်တင့်တယ်လျောက်ပတ်စွာ ပြန်လည်တည်ဆောက်ထားသောမြို့ဖြစ်ပေ၏။ 
 4 ဤမြို့သည်ဘုရားသခင်အမိန့်တော်ရှိသည့် အတိုင်း 
ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းရန် ဣသရေလအနွယ်တို့စုရုံးရာအရပ် ဖြစ်၏။ 
 5 ဤမြို့သည်ဣသရေလဘုရင်တို့နန်းစိုက်၍ ပြည်သူတို့အားတရားစီရင်ရာဌာနဖြစ်၏။ 
 6-7 ``သင့်ကိုချစ်မြတ်နိုးသူတို့သည်ကောင်းစား ကြပါစေသော။ 
သင်၏မြို့ရိုးများအတွင်း၌ငြိမ်းချမ်းသာယာ မှုရှိ၍ 
သင်၏နန်းတော်များအတွင်း၌ဘေးမဲ့လုံခြုံမှု ရှိပါစေသော'' ဟု 
ယေရုရှလင်မြို့၏ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းပတ္ထနာပြုကြလော့။ 
 8 ငါသည်ဆွေမျိုးများနှင့်မိတ်ဆွေများကို ထောက်ထား၍ယေရုရှလင်မြို့အား 
``သင်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေသော'' ဟု မြွက်ဆိုပါ၏။ 
 9 ငါတို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ကိုထောက်ထား၍ 
သင်၏စည်ပင်သာယာမှုအတွက် ဆုတောင်းပတ္ထနာပြုပါ၏။