125
ဘုရားသခင်၏လူစုအတွက်ဘေးမဲ့လုံခြုံမှု 
 1 ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် 
မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။ 
 2 တောင်ရိုးတို့သည်ယေရုရှလင်မြို့ကိုဝန်းရံလျက် နေသကဲ့သို့ထာဝရဘုရားသည် 
ယခုမှစ၍ကာလအစဉ်အဆက်မိမိ၏ လူစုတော်ကိုဝန်းရံလျက်နေတော်မူ၏။ 
 3 သူယုတ်မာတို့သည်ဖြောင့်မတ်သောသူတို့၏ ပြည်ကို အစဉ်အမြဲအုပ်စိုးရလိမ့်မည်မဟုတ်။ 
အကယ်၍ယင်းသို့အုပ်စိုးရကြပါမူ၊ 
ဖြောင့်မတ်သောသူတို့ကိုယ်တိုင်ပင်လျှင် မကောင်းမှုကိုပြုကောင်းပြုကြပေလိမ့်မည်။ 
 4 အို ထာဝရဘုရား၊ 
ဖြောင့်မတ်သူ၊ကိုယ်တော်ရှင်၏အမိန့်ကိုနာခံ သူများအားကျေးဇူးပြုတော်မူပါ။ 
 5 သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ 
နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ 
ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။