131
စိတ်နှလုံးနှိမ့်ချလျက်ကိုယ်တော်ကို ကိုးစားသူ၏ဆုတောင်းပတ္ထနာ4 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည်။ 
 1 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်မာန်မာနကိုစွန့်ပယ် ပါပြီ။ မောက်မာမှုကိုလည်းပယ်ရှားပါပြီ။ 
ကျွန်တော်မျိုးသည်ကြီးကျယ်လှသည့် အမှုများတွင်သော်လည်းကောင်း၊ 
မိမိသိရှိနားလည်ရန်ခက်ခဲလှသော 
အကြောင်းအရာများတွင်သော်လည်းကောင်း စိတ်မဝင်စားတော့ပါ။ 
 2 ကျွန်တော်မျိုးသည်ကျေနပ်ရောင့်ရဲလျက် မိမိစိတ်ကိုငြိမ်းအေးစေပါပြီ။ 
ကလေးငယ်သည်မိခင်၏ရင်ခွင်၌ ငြိမ်သက်စွာအိပ်နေသကဲ့သို့ 
ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ငြိမ်သက်လျက်ရှိပါပြီ။ 
 3 အို ဣသရေလ၊ယခုမှအစပြု၍ 
ကာလအစဉ်အဆက်ထာဝရဘုရားကို ကိုးစားလော့။