136
ကျေးဇူးတော်ချီးမွမ်းသီချင်း 
 1 ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသဖြင့် 
ကျေးဇူးတော်ကိုချီးမွမ်းကြလော့။✡ ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁။ ယေ၊ ၃၃:၁၁။ 
 2 ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော အရှင်၏ကျေးဇူးကိုချီးမွမ်းကြလော့။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 3 အရှင်သခင်ရှိသမျှတို့ထက် 
တန်ခိုးကြီးတော်မူသောအရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 4 ကိုယ်တော်တစ်ပါးတည်းသာလျှင်အလွန် ထူးဆန်းသော နိမိတ်လက္ခဏာတို့ကိုပြတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 5 ကိုယ်တော်သည်ဉာဏ်ပညာတော်အားဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။✡ က၊ ၁:၁။ 
 6 ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာ ပေါ်တွင် တည်ဆောက်တော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။✡ က၊ ၁:၂။ 
 7 ကိုယ်တော်သည်နေနှင့်လကိုဖန်ဆင်းတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 8 နေကိုဖန်ဆင်းတော်မူသည်မှာနေ့ကို အုပ်စိုးစေရန်ဖြစ်၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 9 လနှင့်ကြယ်များကိုဖန်ဆင်းတော်မူသည်မှာ ညဥ့်ကိုအုပ်စိုးစေရန်ဖြစ်၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။✡ က၊ ၁:၁၆။ 
 10 ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။✡ ထွ၊ ၁၂:၂၉။ 
 11 ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။✡ ထွ၊ ၁၂:၅၁။ 
 12 ယင်းသို့ထုတ်ဆောင်တော်မူသည်မှာခွန်အား ကြီးမားသည့်လက်တော်အားဖြင့်လည်းကောင်း၊ 
တန်ခိုးကြီးမားသည့်လက်ရုံးတော် အားဖြင့်လည်းကောင်းဖြစ်ပေသည်။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 13 ကိုယ်တော်သည်ပင်လယ်နီကိုနှစ်ပိုင်းကွဲစေ တော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 14 ကိုယ်တော်သည်မိမိ၏လူစုတော်အားထိုပင်လယ်ကို ဖြတ်၍ခေါ်ဆောင်သွားတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 15 ကိုယ်တော်သည်ဖာရောဘုရင်နှင့်သူ၏တပ်မတော်ကို ရေနစ်သေဆုံးစေတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။✡ ထွ၊ ၁၄:၂၁-၂၉။ 
 16 ကိုယ်တော်သည်မိမိ၏လူစုတော်အား တောကန္တာရကိုဖြတ်၍လမ်းပြပို့ဆောင်တော် မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 17 ကိုယ်တော်သည်ဘုန်းကြီးသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 18 ကိုယ်တော်သည်ကျော်စောသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 19 အာမောရိပြည်ဘုရင်ရှိဟုန်မင်းကို ကွပ်မျက်တော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။✡ တော၊ ၂၁:၃၁-၃၅။ 
 20 ဗာရှန်ပြည်ဘုရင်သြဃမင်းကိုလည်း ကွပ်မျက်တော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။✡ တော၊ ၂၁:၃၁-၃၅။ 
 21 ကိုယ်တော်သည်သူတို့၏ပြည်နယ်များကို မိမိ၏လူစုတော်အားပေးတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 22 ထိုပြည်နယ်များကိုကိုယ်တော်သည်မိမိ၏ အစေခံဣသရေလအားပေးတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 23 ငါတို့အရေးရှုံးနိမ့်ကြသောအခါကိုယ်တော်သည် ငါတို့အားမေ့လျော့တော်မမူ။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 24 ကိုယ်တော်သည်ငါတို့အားရန်သူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 25 ကိုယ်တော်သည်ခပ်သိမ်းသောသတ္တဝါတို့အား အစားအစာများကိုပေးတော်မူ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ 
 26 ကောင်းကင်ဘုံရှင်ဘုရားသခင်၏ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ 
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။