11
ဗာဗုလုန်ရဲတိုက် 
 1 အစပထမ၌ကမ္ဘာတစ်ဝန်းလုံးရှိလူတို့ သည် ဘာသာစကားတစ်မျိုးတည်းပြောကြ ၏။-  2 သူတို့သည်အရှေ့မျက်နှာသို့ခရီးပြုကြရာ ဗာဗုလုန်ပြည်ရှိမြေပြန့်တစ်နေရာသို့ရောက် ၍ ထိုနေရာတွင်အခြေချနေထိုင်ကြလေသည်။-  3 ထိုအခါသူတို့က``လာကြ၊ ခိုင်မာသောအုတ် များကိုဖုတ်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ဖြစ် ၍သူတို့သည် ဆောက်လုပ်ရန်အုတ်နှင့်အုတ်များ ကိုထိန်းထားရန်ကတ္တရာကိုရရှိကြ၏။-  4 သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။ 
 5 ထာဝရဘုရားသည် ထိုသူတို့တည်ဆောက် သောမြို့နှင့်ရဲတိုက်ကိုရှုစားတော်မူရန် ကြွဆင်းလာ၍၊-  6 ``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။-  7 ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။-  8 ထို့ကြောင့်ထာဝရဘုရားသည်သူတို့အား ကမ္ဘာ အရပ်ရပ်သို့ကွဲလွင့်စေသဖြင့် လူတို့သည်မြို့ တည်ခြင်းကိုရပ်ဆိုင်းထားရကြလေသည်။-  9 ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။ 
ရှေမ၏သားစဉ်မြေးဆက် 
( ၅ရာ၊ ၁:၂၄-၂၇) 
 10 ရှေမ၏သားစဉ်မြေးဆက်များတို့ကိုဖော်ပြ ပေအံ့။ ရေလွှမ်းမိုးပြီးနောက်နှစ်နှစ်ကြာ၍ရှေမ သည် အသက်တစ်ရာပြည့်သောအခါအာဖာဇဒ် အမည်ရှိသားကိုရရှိလေ၏။-  11 ထိုနောက်သူသည်နှစ်ပေါင်းငါးရာဆက်၍အသက် ရှင်စဉ်သားသမီးများရသေး၏။ 
 12 အာဖာဇဒ်သည်အသက်သုံးဆယ့်ငါးနှစ်ရှိသော အခါ ရှာလအမည်ရှိသားကိုရ၏။-  13 ထိုနောက်သူသည်နှစ်ပေါင်းလေးရာ့သုံးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။ 
 14 ရှာလသည်အသက်သုံးဆယ်ရှိသောအခါ ဟေဗာအမည်ရှိသားကိုရ၏။-  15 ထိုနောက်သူသည်နှစ်ပေါင်းလေးရာ့သုံးနှစ် ဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး ၏။ 
 16 ဟေဗာသည်အသက်သုံးဆယ့်လေးနှစ်ရှိသော အခါ ဖာလက်အမည်ရှိသောသားကိုရ၏။-  17 ထိုနောက်သူသည်နှစ်ပေါင်းလေးရာသုံးဆယ် ဆက်၍အသက်ရှင်စဉ်သားသမီးများရသေး၏။ 
 18 ဖာလက်သည်အသက်သုံးဆယ်ရှိသောအခါ ရာဂေါအမည်ရှိသားကိုရ၏။-  19 ထိုနောက်သူသည်နှစ်ပေါင်းနှစ်ရာ့ကိုးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။ 
 20 ရာဂေါသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ စေရောက်အမည်ရှိသားကိုရ၏။-  21 ထိုနောက်သူသည်နှစ်ရာ့ခုနစ်နှစ်ဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး၏။ 
 22 စေရောက်သည်အသက်သုံးဆယ်ရှိသောအခါ နာခေါ်အမည်ရှိသားကိုရ၏။-  23 ထိုနောက်သူသည်နှစ်ပေါင်းနှစ်ရာဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး၏။ 
 24 နာခေါ်သည်အသက်နှစ်ဆယ့်ကိုးနှစ်ရှိသော အခါ တေရအမည်ရှိသားကိုရ၏။-  25 ထိုနောက်သူသည်တစ်ရာတစ်ဆယ့်ကိုးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။ 
 26 တေရသည်လည်းအသက်ခုနစ်ဆယ်ရှိသော် အာဗြံ၊ နာခေါ်နှင့်ခါရန်အမည်ရှိသားတို့ကိုရလေ၏။ 
တေရ၏သားစဉ်မြေးဆက် 
 27 တေရ၏သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။ တေရသည် အာဗြံ၊ နာခေါ်နှင့်ခါရန်တို့၏ဖခင် ဖြစ်၏။ ခါရန်သည်လောတ၏ဖခင်ဖြစ်၏။-  28 ခါရန်သည်မိမိ၏ဖခင်အသက်ရှင်လျက်ရှိစဉ် ပင်လျှင် မိမိ၏နေရပ်ဖြစ်သောဗာဗုလုန်ပြည်၊ ဥရမြို့တွင်ကွယ်လွန်လေသည်။-  29 အာဗြံသည်စာရဲနှင့်ထိမ်းမြား၍နာခေါ်သည် ခါရန်၏သမီးမိလခါနှင့်ထိမ်းမြား၏။-  30 ခါရန်သည်မိလခါနှင့်ဣသခတို့၏ဖခင် ဖြစ်သည်။ စာရဲတွင်သားသမီးမထွန်းကား ချေ။ 
 31 တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-  32 တေရသည်ထိုမြို့တွင်နေထိုင်စဉ် အသက် နှစ်ရာ့ငါးနှစ်ရှိသော်ကွယ်လွန်လေသည်။