35
ဘုရားသခင်သည်ယာကုပ်အားဗေသလ အရပ်တွင်ကောင်းချီးပေးခြင်း 
 1 ဘုရားသခင်ကယာကုပ်အား``ဗေသလအရပ် သို့ယခုသွား၍နေထိုင်လော့။ သင်၏အစ်ကို ဧသောရန်ကိုကြောက်၍ထွက်ပြေးနေရစဉ်က သင်ဖူးတွေ့ရသောငါဘုရားအတွက်ပူဇော် ရာယဇ်ပလ္လင်ကိုတည်လော့'' ဟုမိန့်တော်မူ ၏။ ✡ က၊ ၂၈:၁၁-၁၇။ 
 2 ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-  3 ငါတို့သည်ဤအရပ်မှဗေသလအရပ်သို့ သွားကြမည်။ ငါဒုက္ခရောက်စဉ်ကငါ့ကိုကယ်မ ၍ငါသွားလေရာရာခရီးလမ်းတွင် ငါနှင့် အတူရှိတော်မူသောဘုရားသခင်အားပူ ဇော်ရန်ထိုအရပ်၌ယဇ်ပလ္လင်တည်မည်'' ဟု ဆိုလေ၏။-  4 ထို့ကြောင့်သူတို့တွင်ရှိသမျှသောအခြား ဘုရားများကိုလည်းကောင်း၊ သူတို့တွင်ဆင် ယင်ထားသောနားကပ်များကိုလည်းကောင်း ယာကုပ်ထံပေးအပ်ကြ၏။ ယာကုပ်သည်ထို ပစ္စည်းများကိုရှေခင်မြို့အနီးဝက်သစ်ချ ပင်ရင်း၌မြှုပ်ထားလေ၏။ 
 5 ထိုနောက်သူတို့စခန်းသိမ်း၍ထွက်ခွာသွား ကြသောအခါ ပတ်ဝန်းကျင်ရှိမြို့သားတို့ သည်အလွန်ကြောက်ရွံ့ကြသဖြင့် သူတို့ကို လိုက်လံ၍မတိုက်ခိုက်ဝံ့ကြချေ။-  6 ယာကုပ်သည်မိမိ၏လူစုနှင့်အတူ ခါနာန် ပြည်ရှိဗေသလမြို့ဟုခေါ်တွင်သောလုဇ မြို့သို့ရောက်ရှိလာလေ၏။-  7 ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍သူ၏အစ်ကို ထံမှထွက်ပြေးနေရစဉ်က ဘုရားသခင်ကို ထိုအရပ်၌ဖူးတွေ့ခဲ့ရသောကြောင့်ဗေသလ ဟုခေါ်တွင်စေ၏။-  8 ရေဗက္က၏အထိန်းဒေဗောရကွယ်လွန်၍ ဗေသလ တောင်ဘက်ရှိဝက်သစ်ချပင်အောက်၌အလောင်း ကိုမြှုပ်လေသည်။ ထိုကြောင့်ထိုအပင်ကို``မျက်ရည် ယိုဝက်သစ်ချပင်'' ဟုနာမည်မှည့်လေ၏။ 
 9 ယာကုပ်သည်ပါဒနာရံပြည်မှပြန်လည် ရောက်ရှိသောအခါ ဘုရားသခင်ကိုရူပါရုံ တွင်တစ်ဖန်မြင်ရလေ၏။ ဘုရားသခင်သည် သူ့အားကောင်းချီးပေးလျက်၊-  10 ``သင်၏နာမည်သည်ယာကုပ်ဖြစ်၏။ သို့ရာတွင် ယခုမှစ၍သင်၏နာမည်ကိုဣသရေလဟူ၍ ခေါ်ရမည်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်ယာကုပ်အားဣသရေလနာမည် ဖြင့်သမုတ်တော်မူ၏။-✡ က၊ ၃၂:၂၈။  11 တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-  12 ငါသည်အာဗြဟံနှင့်ဣဇာက်တို့အားပေး သောပြည်ကိုသင့်အားလည်းကောင်း၊ သင်၏ အဆက်အနွယ်တို့အားလည်းကောင်းငါ ပေးမည်'' ဟုမိန့်တော်မူ၏။-✡ က၊ ၁၇:၄-၈။  13 ထို့နောက်ဘုရားသခင်သည်သူ့ထံမှကြွ သွားတော်မူ၏။-  14 ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။-  15 သူသည်ထိုအရပ်ကိုဗေသလဟုနာမည်မှည့် ခေါ်လေသည်။✡ က၊ ၂၈:၁၈-၁၉။ 
ရာခေလကွယ်လွန်ခြင်း 
 16 ယာကုပ်နှင့်သူ၏မိသားစုတို့သည်ဗေသလ အရပ်မှခရီးထွက်ခဲ့ကြရာ ဧဖရတ်မြို့သို့ မရောက်မီခရီးအတန်ကွာနေရာသို့ရောက် သော်ရာခေလသည်မီးဖွားရန်အချိန်စေ့၍ ဝေဒနာပြင်းပြစွာခံရလေ၏။-  17 သူသည်သားကိုဖွားချိန်၌ဝေဒနာအပြင်း ဆုံးခံရ၏။ ထိုအခါဝမ်းဆွဲကသူ့ကို``ရာခေလ၊ မစိုးရိမ်နှင့်။ သားတစ်ယောက်ထပ်၍ရပြီ'' ဟု ပြောလေ၏။-  18 သို့ရာတွင်သူသည်သေအံ့ဆဲဆဲအချိန်တွင် ထိုသားကိုဗေနောနိဟူ၍နာမည်မှည့်လေ သည်။ ဖခင်ကမူထိုသားကိုဗင်္ယာမိန်ဟုနာ မည်မှည့်လေ၏။ 
 19 ရာခေလကွယ်လွန်သော်ဗက်လင်မြို့ဟုခေါ် တွင်သော ဧဖရတ်မြို့သို့သွားရာလမ်းအနီး တွင်သူ့အလောင်းကိုသင်္ဂြိုဟ်ကြလေ၏။-  20 ယာကုပ်သည်သင်္ချိုင်းပေါ်တွင်မှတ်တိုင်ကိုစိုက် ထူခဲ့ရာ ယနေ့ထက်တိုင်ထိုမှတ်တိုင်ကိုရာ ခေလ၏သင်္ချိုင်းမှတ်တိုင်ဟုခေါ်တွင်လေသည်။-  21 ထိုနောက်ယာကုပ်သည်ခရီးဆက်ခဲ့၍ဧဒါ လင့်စင်အလွန်၌စခန်းချလေသည်။ 
ယာကုပ်၏သားများ 
(၅ရာ၊ ၂:၁-၂) 
 22 ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ 
ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-✡ က၊ ၄၉:၄။  23 လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။ 
 24 ရာခေလ၏သားများမှာယောသပ်နှင့် ဗင်္ယာမိန်တို့ဖြစ်သည်။-  25 ရာခေလ၏ကျွန်မဗိလဟာ၏သားများ မှာဒန်နှင့်နဿလိတို့ဖြစ်သည်။-  26 လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်နှင့်အာရှာတို့ဖြစ်သည်။ ဤသားတို့သည် မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း၌ ဖွားမြင်ခဲ့ကြသည်။ 
ဣဇာက်ကွယ်လွန်ခြင်း 
 27 ယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တို့နေထိုင် ခဲ့သောဟေဗြုန်မြို့အနီးမံရေအရပ်ရှိသူ ၏ဖခင်ဣဇာက်ထံသို့ရောက်ရှိလာလေ၏။-✡ က၊ ၁၃:၁၈။  28 ဣဇာက်သည်အသက်တစ်ရာ့ရှစ်ဆယ်ထိအသက် ရှင်၏။ သူသည်အရွယ်ကြီးရင့်၍နေ့ရက်နှစ် ပေါင်းများစွာပြည့်ပြီဖြစ်သောကြောင့် နောက် ဆုံးထွက်သက်ကိုရှူ၍ကွယ်လွန်လေသည်။ သူသည်မိမိလူမျိုးစုနှင့်စုဝေးခွင့်ရ၏။-  29 သူ၏သားများဖြစ်ကြသောဧသောနှင့် ယာကုပ်တို့ကသူ့အားသင်္ဂြိုဟ်ကြ၏။