20
ပညတ်တော်ဆယ်ပါး 
(တရား၊ ၅:၁-၂၁) 
 1-2 ဘုရားသခင်က``ငါသည်သင်တို့အားကျွန် ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။ 
 3 ``ငါမှလွဲ၍ အခြားသောဘုရားကိုမကိုး ကွယ်ရ။ 
 4 ``မိုးကောင်းကင်သတ္တဝါ၊ မြေကြီးပေါ်ရှိသတ္တဝါ၊ မြေကြီးအောက်ရေထဲရှိသတ္တဝါတို့နှင့် ပုံသဏ္ဌာန် တူသောရုပ်တုကိုသင်တို့အတွက်မထုလုပ်ရ။-  5 ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-✡ ထွ၊ ၃၄:၁၇။ ဝတ်၊ ၁၉:၄၊ ၂၆:၁။ တရား၊ ၄:၁၅-၁၈၊ ၂၇:၁၅။  6 သို့ရာတွင်ငါ့ကိုချစ်၍ငါ့ပညတ်တို့ကိုစောင့် ထိန်းသောသူတို့အား အမျိုးအစဉ်အဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ တော်မူမည်။✡ ထွ၊ ၃၄:၆-၇။ တော၊ ၁၄:၁၈။ တရား၊ ၇:၉-၁၀။ 
 7 ``သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမကိုအလွဲသုံးစားမပြုရ။ ထိုသို့ အလွဲသုံးစားပြုသူအားငါဒဏ်ခတ် မည်။✡ ဝတ်၊ ၁၉:၁၂။ 
 8 ``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-✡ ထွ၊ ၁၆:၂၃-၃၀၊ ၃၁:၁၂-၁၄။  9 သင်သည်ခြောက်ရက်ပတ်လုံးအလုပ်ကိုလုပ် လော့။-  10 သတ္တမနေ့သည် ထာဝရဘုရားအတွက်သီး သန့်ထားသောနားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍သင်၏သားသမီးများ၊ ကျေးကျွန် များ၊ တိရစ္ဆာန်များ၊ ဧည့်သည်အာဂန္တုများ သည်အလုပ်မလုပ်ရ။-✡ ထွ၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊၃၅:၂။ ဝတ်၊၂၃:၃။  11 ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။✡ က၊၂:၁-၃။ ထွ၊၃၁:၁၇။ 
 12 ``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။✡ တရား၊ ၂၇:၁၆။ မ၊ ၁၅:၄၊ ၁၉:၁၉။ မာ၊ ၇:၁၀၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ဧ၊ ၆:၂(ခ)၊ ဧ၊ ၆:၃။ 
 13 ``လူ့အသက်ကိုမသတ်နှင့်။✡ က၊ ၉:၆။ ဝတ်၊ ၂၄:၁၇။ မ၊ ၅:၂၁၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။ 
 14 ``သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။✡ ဝတ်၊ ၂၀:၁၀။ မ၊ ၅:၂၇၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။ 
 15 ``သူ့ဥစ္စာကိုမခိုးနှင့်။✡ ဝတ်၊ ၁၉:၁၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ 
 16 ``သူတစ်ပါး၏တစ်ဘက်၌မတရားသက်သေ မခံနှင့်။✡ ထွ၊ ၂၃:၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ 
 17 ``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။✡ ရော၊ ၇:၇၊ ၁၃:၉။ 
လူတို့ကြောက်ရွံ့ကြခြင်း 
(တရား၊ ၅:၂၂-၃၃) 
 18 လူအပေါင်းတို့သည်မိုးချုန်းသံ၊ တံပိုးမှုတ်သံ နှင့်လျှပ်စစ်ပြက်ခြင်း၊ တောင်မှမီးခိုးထွက်ခြင်း တို့ကိုကြားရမြင်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်လျက်အဝေး၌ရပ်နေကြ၏။-  19 သူတို့ကမောရှေအား``ကိုယ်တော်ကသာ အကျွန်ုပ်တို့အား ထာဝရဘုရား၏အမိန့်ကို ဆင့်ဆိုပါ။ အကျွန်ုပ်တို့နားထောင်ပါမည်။ ထာဝရဘုရားကအကျွန်ုပ်တို့အားတိုက် ရိုက်မိန့်ကြားပါက အကျွန်ုပ်တို့သေမည် ကိုစိုးရိမ်ပါသည်'' ဟုဆိုလေ၏။✡ ဟေဗြဲ၊ ၁၂:၁၈-၁၉။ 
 20 ထိုအခါမောရှေက``မကြောက်ရွံ့ကြနှင့်။ သင် တို့ကိုစုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့ သည်ကိုယ်တော်၏စကားကိုနားထောင်၍ အပြစ်မပြုစေခြင်းငှာလည်းကောင်း ဘုရားသခင်ကြွလာခြင်းဖြစ်သည်'' ဟုဖြေကြား လေ၏။-  21 သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။ 
ယဇ်ပလ္လင်နှင့်ဆိုင်သောပညတ်များ 
 22 ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားဤသို့မိန့်တော်မူ ၏။``ငါထာဝရဘုရားသည်သင်တို့အားမိုး ကောင်းကင်မှမိန့်ကြားသည်ကိုသင်တို့သိရ ကြပြီ။-  23 သင်တို့သည်ငါ့ကိုသာကိုးကွယ်ရမည်။ ငွေ ရုပ်တု၊ ရွှေရုပ်တုဘုရားများကိုပြုလုပ်၍ မကိုးကွယ်နှင့်။-  24 ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-  25 သင်တို့သည်ငါ့အတွက်ကျောက်ဖြင့်ယဇ်ပလ္လင် တည်လျှင် ဆစ်သောကျောက်ဖြင့်မတည်ရ။ သံ ကိရိယာကိုသုံး၍ဆစ်ရသောကျောက်ဖြင့် တည်သောယဇ်ပလ္လင်သည် မသန့်ရှင်းပေ။-✡ တရား၊ ၂၇:၅-၇။ ယောရှု၊ ၈:၃၁။  26 ယဇ်ပလ္လင်တွင်လှေကားထစ်မရှိစေရ။ အကယ် ၍လှေကားထစ်ရှိခဲ့လျှင်သင်တို့သည်ပလ္လင် သို့တက်သည့်အခါ သင်တို့၏ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုမြင်ရလိမ့်မည်။ 
✡20:5 ထွ၊ ၃၄:၁၇။ ဝတ်၊ ၁၉:၄၊ ၂၆:၁။ တရား၊ ၄:၁၅-၁၈၊ ၂၇:၁၅။
✡20:6 ထွ၊ ၃၄:၆-၇။ တော၊ ၁၄:၁၈။ တရား၊ ၇:၉-၁၀။
✡20:7 ဝတ်၊ ၁၉:၁၂။
✡20:8 ထွ၊ ၁၆:၂၃-၃၀၊ ၃၁:၁၂-၁၄။
✡20:10 ထွ၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊၃၅:၂။ ဝတ်၊၂၃:၃။
✡20:11 က၊၂:၁-၃။ ထွ၊၃၁:၁၇။
✡20:12 တရား၊ ၂၇:၁၆။ မ၊ ၁၅:၄၊ ၁၉:၁၉။ မာ၊ ၇:၁၀၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ဧ၊ ၆:၂(ခ)၊ ဧ၊ ၆:၃။
✡20:13 က၊ ၉:၆။ ဝတ်၊ ၂၄:၁၇။ မ၊ ၅:၂၁၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။
✡20:14 ဝတ်၊ ၂၀:၁၀။ မ၊ ၅:၂၇၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။
✡20:15 ဝတ်၊ ၁၉:၁၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။
✡20:16 ထွ၊ ၂၃:၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။
✡20:17 ရော၊ ၇:၇၊ ၁၃:၉။
✡20:19 ဟေဗြဲ၊ ၁၂:၁၈-၁၉။
✡20:25 တရား၊ ၂၇:၅-၇။ ယောရှု၊ ၈:၃၁။