12
ကူမတော်မူရန်ဆုတောင်းပတ္ထနာ10 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ 
သူတော်ကောင်းတစ်ယောက်မျှမကျန်မရှိ တော့ပါ။ 
ရိုးသားဖြောင့်မတ်သူများကိုလည်းရှာ၍ မတွေ့နိုင်တော့ပါ။ 
 2 လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။ 
 3 အို ထာဝရဘုရား 
မြှောက်ပင့်ပြောဆိုတတ်သည့်လျှာများကို ဖြတ်ပစ်တော်မူပါ။ 
ဝါကြွားတတ်သူတို့၏နှုတ်များကိုလည်း ပိတ်တော်မူ၏။ 
 4 ဝါကြွားတတ်သူတို့က``ငါတို့သည်မိမိတို့၏ စကားအားဖြင့်လိုချင်သည့်အရာကိုရရှိ ကြ၏။ 
ငါတို့သည်မိမိတို့အလိုဆန္ဒအတိုင်းပြော ဆိုမည်။ 
အဘယ်သူမျှငါတို့အားဆီးတား၍ရလိမ့်မည် မဟုတ်'' ဟုဆိုကြ၏။ 
 5 ထာဝရဘုရားက 
``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ 
နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ 
ငါသည်ယခုပင်ကြွလာမည်။ 
သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။ 
 6 ထာဝရဘုရား၏ကတိတော်များကို ယုံကြည်စိတ်ချနိုင်၏။ 
မီးဖို၌ခုနစ်ကြိမ်ချွတ်ပြီးသောငွေစင်ကဲ့သို့ ယုံကြည်စိတ်ချနိုင်၏။ 
 7 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးတို့အားအစဉ်ပင် ဘေးလွတ်လုံခြုံစွာထားတော်မူပါ။ 
သူယုတ်မာတို့၏လက်မှကွယ်ကာ စောင့်ရှောက်တော်မူပါ။ 
 8 သူယုတ်မာတို့သည်နေရာတကာတွင်ရှိ၏။ 
လူအပေါင်းတို့သည်မကောင်းမှုကိုချီးကူးကြ၏။