108
ရန်သူတို့နှင့်တိုက်ခိုက်ရာတွင်ကူမတော်မူရန် ဆုတောင်းပတ္ထနာ16 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံသီချင်း။ 
(ဆာလံ၊ ၅၇:၇-၁၁၊ ၆၀:၅-၁၂) 
 1 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချ ပါ၏။ 
ကျွန်တော်မျိုးသည်သီချင်းဆို၍ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။ အို ငါ့ဝိညာဉ်၊နိုးထလော့။ 
 2 ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်နေကိုနိုးထစေမည်။ 
 3 အို ထာဝရဘုရား၊ 
လူမျိုးတကာတို့အလယ်တွင်ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ 
လူမျိုးအပေါင်းတို့အလယ်တွင်ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။ 
 4 ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်အထက်သို့လည်းကောင်း၊ 
ကိုယ်တော်ရှင်၏သစ္စာတော်သည်ကောင်းကင် တိုင်အောင်လည်းကောင်းရောက်ရှိပါ၏။ 
 5 အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်၏ကြီးမြတ်သောဂုဏ်တော်ကို 
မိုးကောင်းကင်၌လည်းကောင်း၊ဘုန်းအသရေ တော်ကို ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်းကောင်းပြတော်မူပါ။ 
 6 ကိုယ်တော်ရှင်ချစ်တော်မူသောလူစုတော်သည် အသက်ချမ်းသာကြစေရန် 
ဘုန်းအာနုဘော်တော်ဖြင့်ကျွန်တော်မျိုးတို့ကို ကယ်တော်မူပါ။ 
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ 
 7 ဗိမာန်တော်တွင်ဘုရားသခင်က 
``ငါသည်အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်း ခြားမည်။ 
သုကုတ်ချိုင့်ဝှမ်းကိုလည်းငါ၏လူစုတော် အား ခွဲဝေပေးမည်။ 
 8 ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကို လည်း ငါပိုင်၏။ 
ဧဖရိမ်ပြည်သည်ငါ၏သံခမောက်ဖြစ်၍ ယုဒပြည်သည်ငါ၏ရာဇလှံတံဖြစ်၏။ 
 9 သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးအိုးအဖြစ်ဖြင့်လည်းကောင်း၊ 
ဧဒုံပြည်ကိုငါပိုင်ကြောင်း 
ငါ့ဖိနပ်တင်ရာအဖြစ်ဖြင့်လည်းကောင်း အသုံးပြုမည်။ 
ဖိလိတ္တိပြည်ပေါ်၌အောင်ပွဲခံ၍ကြွေးကြော် မည်'' ဟုမိန့်တော်မူပေသည်။ 
 10 ဘုရားသခင်၊ခံတပ်တည်ဆောက်ထားသည့် 
မြို့အတွင်းသို့အဘယ်သူသည်ကျွန်တော် မျိုးအား ပို့ဆောင်ပါမည်နည်း။ 
အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံ ပြည်သို့ ပို့ဆောင်ပါမည်နည်း။ 
 11 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ 
ကျွန်တော်မျိုး၏တပ်များနှင့်အတူချီတက် တော်မမူတော့ပြီလော။ 
 12 လူတို့၏အကူအညီသည်အချည်းနှီးပင် 
ဖြစ်သောကြောင့်ရန်သူများကိုတိုက်ခိုက်နိုင်ရန် ကျွန်တော်မျိုးအားကူမတော်မူပါ။ 
 13 ဘုရားသခင်သည်ငါတို့ဘက်၌ရှိတော် မူလျှင် ငါတို့သည်အနိုင်ရကြလိမ့်မည်။ 
ကိုယ်တော်သည်ငါတို့၏ရန်သူများကို အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။