117
ထာဝရဘုရားအားထောမနာပြုခြင်း 
 1 နိုင်ငံတကာတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ 
လူမျိုးအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။✡ ရော၊ ၁၅:၁၁။ 
 2 ငါတို့အတွက်ထားရှိသောမေတ္တာတော်သည် ကြီးမားတော်မူ၏။ 
ကိုယ်တော်၏သစ္စာတော်သည်လည်း ထာဝစဉ်တည်တော်မူ၏။ 
ထာဝရဘုရားအားထောမနာပြုကြလော့။