14
လူတို့၏ဆိုးညစ်ယုတ်မာမှု12 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည်။ 
(ဆာလံ ၅၃) 
 1 လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။ 
သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ 
စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။ 
အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။ 
 2 ထာဝရဘုရားသည်အသိပညာရှိသူများ၊ 
မိမိအားကိုးကွယ်ဝတ်ပြုသူများရှိမရှိကို သိမြင်ရန် 
ကောင်းကင်ဘုံမှငုံ့၍လူသားတို့အား ကြည့်တော်မူ၏။ 
 3 သို့ရာတွင်လူအပေါင်းတို့သည်လမ်းလွဲ ကြကုန်လေပြီ။ 
သူတို့အားလုံးပင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ 
သူတို့တွင်အကျင့်ကောင်းကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။✡ ရော၊ ၃:၁၀-၁၂။ 
 4 ထာဝရဘုရားက 
``ထိုသူတို့သည်မသိနားမလည်သူများပေလော။ 
ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ 
သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ 
ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။ 
 5 သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို 
နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။ 
 6 သူယုတ်မာတို့သည်နှိမ့်ချသူ၏အကြံ အစည်ကို ပျက်စေတတ်ကြသော်လည်း 
ထာဝရဘုရားသည်သူ၏အကွယ်အကာ ဖြစ်တော်မူ၏။ 
 7 ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည် 
ဇိအုန်တောင်တော်မှထွက်ပေါ်လာပါစေသော။ 
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား 
တစ်ဖန်ပြန်၍ကောင်းစားလာစေတော်မူသော အခါ၊ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။