24
ကြီးမြတ်သည့်ဘုရင်2 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 လောကနှင့်လောကတွင်ရှိသမျှသော အရာတို့ကိုလည်းကောင်း၊ 
ကမ္ဘာမြေကြီးနှင့်ကမ္ဘာမြေကြီးပေါ်တွင် 
ရှိသမျှသောလူသတ္တဝါတို့ကိုလည်းကောင်း ဘုရားသခင်ပိုင်တော်မူ၏။✡ ၁ကော၊ ၁၀:၂၆။ 
 2 ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုမြေအောက် ရေနက်ရာအရပ်၌အုတ်မြစ်ချတော်မူ၏။ 
နက်ရှိုင်းသောသမုဒ္ဒရာများအထဲတွင်အခြေ စိုက်၍ တည်ဆောက်တော်မူ၏။ 
 3 ထာဝရဘုရား၏တောင်တော်ပေါ်သို့ တက်နိုင်မည့်သူကားအဘယ်သူနည်း။3 * ထာဝရဘုရား၏တောင်တော်။ ဗိမာန်တော်တည်ဆောက်ရာတောင်တော် ဖြစ်သည်။ 
ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်သို့ ဝင်နိုင်မည့်သူကားအဘယ်သူနည်း။ 
 4 အကျင့်သီလကောင်း၍စိတ်နှလုံးဖြူစင်လျက် 
အခြားဘုရားများကိုမကိုးကွယ်သူ၊လိမ် လည်၍ သစ္စာကတိမပျက်တတ်သူဖြစ်ပါ၏။✡ မ၊ ၅:၈။ 
 5 ထာဝရဘုရားသည်ထိုသူအားကောင်းချီး ပေး၍ ကယ်တင်တော်မူလိမ့်မည်။ 
ထိုသူသည်အပြစ်ကင်းသူဖြစ်ကြောင်း ထာဝရဘုရားသည်ကြေညာတော်မူ လိမ့်မည်။ 
 6 ထိုကဲ့သို့သောသူများကားဘုရားသခင်ထံ တော်သို့ ချဉ်းကပ်သူများ၊ 
ယာကုပ်၏ဘုရားကိုကိုးကွယ်ဝတ်ပြုကြ သူများပေတည်း။ 
 7 မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။ 
ကြီးမြတ်တော်မူသောရှင်ဘုရင်ဝင်တော်မူ မည်။ 
 8 ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။ 
ထိုအရှင်ကားတန်ခိုးစွမ်းရည်ရှိတော်မူသော ထာဝရဘုရား၊ 
စစ်ပွဲတွင်အောင်မြင်တော်မူသော ထာဝရဘုရားပေတည်း။ 
 9 မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။ 
ကြီးမြတ်တော်မူသောရှင်ဘုရင်ဝင်တော် မူမည်။ 
 10 ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။ 
ကြီးမြတ်တော်မူသောရှင်ဘုရင်ကားစစ်ပွဲ တွင် အောင်မြင်တော်မူသောထာဝရဘုရား ပေတည်း။