47
တန်ခိုးအကြီးဆုံးဘုရင်3 * ဟေဗြဲခေါင်းစဉ်။ ကောရ၏သားများစပ်ဆိုသောဆာလံ။ 
 1 လူမျိုးအပေါင်းတို့၊ရွှင်လန်းစွာလက်ခုပ်တီး ကြလော့။ 
အသံကျယ်စွာသီချင်းဆို၍ထာဝရဘုရား အား ထောမနာပြုကြလော့။ 
 2 အမြင့်မြတ်ဆုံးဖြစ်တော်မူသောထာဝရဘုရား သည် ကြောက်မက်ဖွယ်ကောင်းပေ၏။ 
ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးကို 
အစိုးရတော်မူသောဘုရင်မင်းမြတ်ဖြစ်တော် မူ၏။ 
 3 ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍ 
တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။ 
 4 ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ 
ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော 
လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။ 
 5 ဘုရားသခင်သည်မိမိ၏ရာဇပလ္လင်တော်သို့ တက်ကြွတော်မူ၏။ 
ထာဝရဘုရားတက်ကြွတော်မူသောအခါ 
ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော်သည့်အသံ များနှင့် တံပိုးခရာမှုတ်သံများကိုကြားရကြ၏။ 
 6 ဘုရားသခင်အားထောမနာပြုကြလော့။ ငါတို့ဘုရင်အားချီးမွမ်းသီချင်းဆိုကြလော့။ 
 7 ဘုရားသခင်သည်ကမ္ဘာတစ်ဝန်းလုံး၏ဘုရင် 
ဖြစ်တော်မူ၏။ 
သီချင်းများဖြင့်ကိုယ်တော်အားထောမနာပြု ကြလော့။ 
 8 ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်သော ရာဇပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ၏။ 
တိုင်းနိုင်ငံအပေါင်းကိုအုပ်စိုးတော်မူ၏။ 
 9 တိုင်းနိုင်ငံတို့ကိုအုပ်စိုးသည့်မင်းတို့သည် လာ၍ 
အာဗြဟံကိုးကွယ်သောထာဝရဘုရား၏ လူစုတော်နှင့်အတူစုဝေးကြကုန်၏။ 
ကိုယ်တော်သည်လောကစစ်တပ်ရှိသမျှတို့ ထက် တန်ခိုးကြီးတော်မူ၏။ 
ကိုယ်တော်သည်တန်ခိုးအကြီးဆုံးဘုရင် ဖြစ်တော်မူပါ၏။