53
လူတို့၏ဆိုးညစ်ယုတ်မာမှု9 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောကဗျာ။ 
(ဆာလံ၊ ၁၄။) 
 1 လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်တတ်ကြ၏။ 
သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်သောအမှုတို့ကိုပြုကြလေပြီ။ 
မှန်ရာကိုပြုကျင့်သူတစ်ယောက်မျှမရှိ။ 
 2 ဘုရားသခင်သည်အသိပညာရှိသူများ၊ မိမိအား ကိုးကွယ်ဝတ်ပြုသူများရှိမရှိကိုသိမြင် နိုင်ရန် 
ကောင်းကင်ဘုံမှလူသားတို့အားကြည့်တော် မူ၏။ 
 3 သို့ရာတွင်လူတို့သည်ကိုယ်တော်အား ကျောခိုင်းကြကုန်လေပြီ။ 
သူတို့အားလုံးပင်လျှင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ 
သူတို့တွင်မှန်ရာကိုပြုကျင့်သူမရှိ။ 
တစ်ဦးတစ်ယောက်မျှမရှိ။✡ ရော၊ ၃:၁၀-၁၂။ 
 4 ဘုရားသခင်က 
``သူတို့သည်မသိနားမလည်သူများပေလော။ 
ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ 
သူတို့သည်ငါ၏လူစုတော်ဝင်များထံမှ လုယူတိုက်ခိုက်၍အသက်မွေးကြကုန်၏။ 
ငါ့ထံသို့လည်းဆုတောင်းပတ္ထနာမပြုကြ'' ဟု မိန့်တော်မူ၏။ 
 5 သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို 
ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် 
တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ 
ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ 
ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။ 
 6 ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်ဇိအုန်တောင်တော်မှ 
ထွက်ပေါ်လာစေရန်ငါသည်စိတ်အားထက်သန်စွာ ဆုတောင်းပတ္ထနာပြုပါ၏။ 
ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ အား 
တစ်ဖန်ပြန်လည်၍ကောင်းစားစေတော်မူသော အခါ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။