82
ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူသော ဘုရားသခင်19 * ဟေဗြဲခေါင်းစဉ်။ အာသပ်စပ်ဆိုသောဆာလံ။ 
 1 ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။ 
ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ 
 2 ``သင်တို့သည်မတရားသဖြင့်စီရင်ဆုံးဖြတ် မှုကို မပြုကြတော့နှင့်။ 
သူယုတ်မာတို့၏မျက်နှာကိုထောက်၍ 
တရားစီရင်မှုကိုမကျင့်သုံးကြတော့နှင့်။ 
 3 ဆင်းရဲသူနှင့်မိဘမဲ့သူတို့၏ရပိုင်ခွင့် များကို ကွယ်ကာစောင့်ရှောက်ရကြမည်။ 
ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့သူတို့အတွက် တရားမျှတစွာတရားစီရင်ရကြမည်။ 
 4 သူတို့အားမတရားသောသူတို့၏လက်မှ ကယ်ဆယ်ရကြမည်။ 
 5 ``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။ 
သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။ 
တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။ 
 6 သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ 
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။✡ ယော၊ ၁၀:၃၄။ 
 7 သို့ရာတွင်သင်တို့သည်လူသာမန်များနည်းတူ သေရကြမည်။ 
မင်းသားတို့နည်းတူအသက်ကုန်ဆုံးရကြမည်။'' 
 8 အို ဘုရားသခင်၊ 
ကြွလာတော်မူ၍ကမ္ဘာလောကကိုအုပ်စိုးတော် မူပါ။ 
လူမျိုးတကာတို့ကိုကိုယ်တော်ရှင်ပိုင်တော် မူပါ၏။