110
ထာဝရဘုရားနှင့်ကိုယ်တော် ရွေးချယ်တော်မူသောဘုရင်18 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 ထာဝရဘုရားက 
``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ 
ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု 
ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။✡ မ၊ ၂၂:၄၄။ မာ၊ ၁၂:၃၆။ လု၊ ၂၀:၄၂-၄၃။ တ၊ ၂:၃၄-၃၅။ ၁ကော၊ ၁၅:၂၅။ ဧ၊ ၁:၂၀-၂၂။ ကော၊ ၃:၁။✡ ဟေဗြဲ၊ ၁:၁၃၊ ၈:၁၊ ၁၀:၁၂-၁၃။ 
 2 ထာဝရဘုရားသည်အရှင်၏ရာဇအာဏာ ကို 
ဇိအုန်မြို့မှနေရာအနှံ့အပြားသို့တိုင်အောင် တည်စေတော်မူလိမ့်မည်။ 
ကိုယ်တော်ကအရှင့်အား``သင်၏ရန်သူတို့ကို အုပ်စိုးလော့'' ဟုမိန့်တော်မူ၏။ 
 3 ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ 
အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ 
နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် 
အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။✡ အခန်းငယ် ၃ ဟေဗြဲမူတွင်မရှင်းပါ။ 
 4 ``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု 
ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ 
ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။✡ ဟေဗြဲ၊ ၅:၆၊ ၆:၂၀၊ ၇:၁၇-၂၁။ 
 5 ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။ 
အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ 
 6 လူမျိုးတကာတို့ကိုတရားစီရင်တော်မူ ရာတွင် 
စစ်တလင်းကိုလူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။ 
ကမ္ဘာတစ်ဝှမ်းလုံးရှိဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။ 
 7 မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှ 
ရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။