121
ကွယ်ကာစောင့်ရှောက်တော်မူသောထာဝရဘုရား 
 1 ငါသည်တောင်ရိုးများသို့မျှော်ကြည့်၏။ 
အဘယ်မှကူညီမစမှုကိုငါရပါမည်နည်း။ 
 2 ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရား၏ထံတော်မှရပါလိမ့်မည်။ 
 3 ကိုယ်တော်သည်သင့်အားခြေချော်၍ လဲစေတော်မူလိမ့်မည်မဟုတ်။ 
သင့်ကိုကွယ်ကာစောင့်ရှောက်တော်မူသော အရှင်သည်အိပ်တော်မမူ။ 
 4 ဣသရေလအမျိုးသားတို့ကိုကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်သည် 
အဘယ်အခါ၌မျှငိုက်မျည်းအိပ်စက်ခြင်း ရှိတော်မမူ။ 
 5 ထာဝရဘုရားသည်သင့်ကိုစောင့်ကြပ်တော် မူလိမ့်မည်။ 
ကိုယ်တော်သည်သင်၏အနီးတွင်ရှိသောသင့်ကို ကွယ်ကာရာအရိပ်ဖြစ်တော်မူ၏။ 
 6 နေသည်နေ့အခါ၌လည်းကောင်း၊ 
လသည်ညဥ့်အခါ၌လည်းကောင်း သင့်ကိုဥပဒ်ပေးလိမ့်မည်မဟုတ်။ 
 7 ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်း တို့မှ သင့်ကိုကွယ်ကာတော်မူလိမ့်မည်။ 
သင့်ကိုဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။ 
 8 ကိုယ်တော်သည်ယခုမှစ၍ကာလအစဉ်မပြတ် 
သင်သွားလာလေရာတို့၌သင့်အား ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။