133
ညီအစ်ကိုချင်းထားရှိသည့်မေတ္တာကို ချီးမွမ်းခန်း5 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည်။ 
 1 ဘုရားသခင်၏လူစုတော်သည် 
စိတ်သဘောညီညွတ်လျက်နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်၍တင့်တယ်လှပါသည်တကား။ 
 2 ယင်းသို့နေထိုင်မှုသည်အာရုန်၏ဦးခေါင်းမှ 
သူ၏မုတ်ဆိတ်နှင့်ဝတ်လုံအင်္ကျီလည်ခွံသို့ တိုင်အောင် စီးကျလာသည့်အဖိုးတန်ဘိသိက်ဆီကဲ့သို့ဖြစ်၏။ 
 3 ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။ 
ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့် 
တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။