141
ညဥ့်ဦးယံဆုတောင်းပတ္ထနာ9 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်ပါ၏။ 
ယခုပင်ကျွန်တော်မျိုးအားကူမတော်မူပါ။ 
ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ နားထောင်တော်မူပါ။ 
 2 ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုမီးရှို့ ပူဇော်ရာ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ 
ကျွန်တော်မျိုးလက်အုပ်ချီခြင်းကိုညဥ့်ဦး ပူဇော်ရာ ယဇ်ကဲ့သို့လည်းကောင်းလက်ခံတော်မူပါ။✡ ဗျာ၊ ၅:၈။ 
 3 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုး၏ခံတွင်းအတွက် အစောင့်အကြပ်ကိုလည်းကောင်း၊ 
ကျွန်တော်မျိုး၏နှုတ်ဝတွင်ကင်းစောင့် ကိုလည်းကောင်းထားရှိတော်မူပါ။ 
 4 မကောင်းမှုကိုသော်လည်းကောင်း၊ ဆိုးညစ်သူတို့နှင့်အတူ 
ယုတ်မာမှုများကိုသော်လည်းကောင်း 
ပြုကျင့်လိုသောစိတ်ဆန္ဒနှင့်ကျွန်တော်မျိုးအား ကင်းဝေးစေတော်မူပါ။ 
ကျွန်တော်မျိုးသည်ထိုသူတို့၏စားသောက်ပွဲ များကို အစဉ်အမြဲရှောင်ရှားနိုင်ပါစေသော။ 
 5 သူတော်ကောင်းသည်ကျွန်တော်မျိုးအား 
သနားကြင်နာစွာဒဏ်ပေးခြင်းပြောဆို ဆုံးမခြင်းကိုပြုပေလိမ့်မည်။ 
သို့ရာတွင်သူယုတ်မာတို့၏ချီးမြှင့်ဂုဏ်ပြု ခြင်းကို ခံယူလိမ့်မည်မဟုတ်ပါ။ 
အဘယ်ကြောင့်ဆိုသော်ထိုသူတို့အပြစ် ဒုစရိုက်နှင့်ပတ်သက်၍ 
ကျွန်တော်မျိုးအစဉ်ပတ္ထနာပြုလျက်နေသော ကြောင့် ဖြစ်ပါ၏။ 
 6 သူတို့ကိုအစိုးရသောမင်းတို့သည် 
ချောက်ကမ်းပါးပေါ်မှပစ်ချခြင်းကို ခံရကြသောအခါ 
လူတို့သည်ကျွန်တော်မျိုး၏စကားများ မှန်ကန်ကြောင်းကိုဝန်ခံကြပါလိမ့်မည်။ 
 7 ထိုမင်းတို့၏အရိုးများသည်အစိတ်စိတ် အမြွှာမြွှာ ခွဲစိတ်ဖြတ်တောက်ခြင်းခံရသောထင်းကဲ့သို့ 
သင်္ချိုင်းတွင်းဝ၌ပြန့်ကြဲ၍နေလိမ့်မည်။✡ ဟေဗြဲစာမူတွင် အဋ္ဌိပ္ပါယ်မရှင်းပါ။ 
 8 သို့ရာတွင် အို ဘုရားရှင်ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားမြဲကိုးစားပါ၏။ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ 
ကျွန်တော်မျိုး၏အသက်ကိုကွယ်ကာတော်မူပါ။ 
 9 ကျွန်တော်မျိုးအတွက်ထိုသူတို့ထောင်ထားသော ထောင်ချောက်မှလည်းကောင်း၊ 
မကောင်းမှုပြုသူတို့၏ကျော့ကွင်းမှလည်းကောင်း ကွယ်ကာတော်မူပါ။ 
 10 ကျွန်တော်မျိုးသည်ဘေးမဲ့လုံခြုံစွာထောင်ချောက်ကို ကျော်သွားနိုင်ပါစေသော။ 
သူယုတ်မာတို့မူကားမိမိတို့ထောင်ထားသော ထောင်ချောက်ထဲသို့ကျကြပါစေသော။