5
သခင်ဘုရားကြွလာတော်မူချိန်အတွက် အသင့်ရှိကြလော့ 
 1 ညီအစ်ကိုတို့၊ ဤအမှုများဖြစ်ပျက်မည့် အချိန်ကာလအကြောင်းကိုသင်တို့အား ရေးသားရန်မလို။-  2 သခင်ဘုရားကြွလာတော်မူရာနေ့ရက်သည် ညဥ့်အခါသူခိုးလာသကဲ့သို့မမျှော်မလင့် ဘဲရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။-✡ မ၊ ၂၄:၄၃။ လု၊ ၁၂:၃၉။ ၂ပေ၊ ၃:၁၀။  3 ``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-  4 သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့မူကားမှောင်မိုက် တွင်နေသူများမဟုတ်သဖြင့် သခင်ဘုရား ကြွလာတော်မူရာနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ထံသို့တိတ်တဆိတ်ရောက်ရှိ၍မလာ နိုင်။-  5 သင်တို့အားလုံးပင်အလင်းတွင်လည်းကောင်း၊ နေ့ တွင်လည်းကောင်းကျင်လည်သူများဖြစ်ကြ၏။ ငါ တို့သည်ညဥ့်တွင်လည်းကောင်းမှောင်မိုက်တွင်လည်း ကောင်းကျင်လည်သူများမဟုတ်။-  6 သို့ဖြစ်၍ငါတို့သည်အခြားသူများကဲ့သို့ အိပ်ပျော်၍မနေရကြ။ နိုးနိုးကြားကြားရှိ ရကြမည်။ သမ္မာသတိရှိရကြမည်။-  7 လူတို့သည်ညဥ့်အခါ၌အိပ်တတ်ကြ၏။ ညဥ့် အခါ၌သေရည်သေရက်မူးယစ်တတ်ကြ၏။-  8 သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-✡ ဟေရှာ၊ ၅၉:၁၇။ ဧ၊ ၆:၁၃-၁၇။  9 ဘုရားသခင်သည်ငါတို့အားအမျက်တော် သင့်စေရန်ရွေးကောက်တော်မူသည်မဟုတ်။ အရှင် သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်း ခံရကြစေရန်ရွေးကောက်တော်မူ၏။-  10 ခရစ်တော်ကြွလာတော်မူချိန်၌ငါတို့သည် သေလွန်ပြီးသည်ဖြစ်စေ၊ ရှင်လျက်နေသည် ဖြစ်စေ ကိုယ်တော်နှင့်အတူအသက်ရှင်ခွင့်ကို ရရှိနိုင်ကြစေရန် ကိုယ်တော်သည်ငါတို့အတွက် အသက်တော်ကိုစွန့်တော်မူပေသည်။-  11 သို့ဖြစ်၍သင်တို့သည်အချင်းချင်းတစ်ယောက် ကိုတစ်ယောက်အားပေးကူညီမှုကို ယခုကျင့် သုံးနေသကဲ့သို့ဆက်လက်၍ကျင့်သုံးကြလော့။ 
နောက်ဆုံးညွှန်ကြားချက်များနှင့် နှုတ်ဆက်စကားများ 
 12 ညီအစ်ကိုတို့၊ သင်တို့ထံတွင်အမှုတော်ကို ဆောင်ရွက်နေသော၊ သင်တို့အားလမ်းပြသွန် သင်ရန် သခင်ဘုရားခန့်ထားတော်မူသော သူများကိုကြည်ညိုလေးစားကြရန်ငါတို့ တိုက်တွန်း၏။-  13 သူတို့ဆောင်ရွက်ကြသည့်အမှုတော်ကိုထောက် ၍ သူတို့အားအထူးရိုသေချစ်ခင်ကြလော့။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။ 
 14 ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-  15 အဘယ်သူမျှရန်တုံ့မမူစေနှင့်။ အချင်းချင်း တို့၏ကောင်းကျိုးနှင့်လူခပ်သိမ်းတို့၏ကောင်း ကျိုးကို အစဉ်အမြဲရှာရန်ကြိုးစားအား ထုတ်လော့။ 
 16 အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။-  17 အခါမလပ်ဆုတောင်းပတ္ထနာပြုကြလော့။-  18 အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။ 
 19 သန့်ရှင်းသောဝိညာဉ်တော်ကိုမဆီးတားကြနှင့်။-  20 ဝိညာဉ်တော်နှိုးဆော်ခြင်းအားဖြင့်ဟောပြော သည့်တရားဒေသနာများကို အဘယ်အခါ ၌မျှမထီမဲ့မြင်မပြုကြနှင့်။-  21 အရာခပ်သိမ်းတို့ကိုစစ်ဆေးပြီးလျှင် ကောင်း သည့်အရာတို့ကိုခံယူ၍၊-  22 မကောင်းသည့်အရာမှန်သမျှကိုရှောင်ကြလော့။ 
 23 ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-  24 သင်တို့အားခေါ်ယူရွေးကောက်တော်မူသော အရှင်သည်သစ္စာရှိတော်မူသည်ဖြစ်၍ဤသို့ ပြုတော်မူလိမ့်မည်။ 
 25 ညီအစ်ကိုတို့၊ ငါတို့အဖို့လည်းဆုတောင်းကြ လော့။ 
 26 ယုံကြည်သူအပေါင်းတို့အားသန့်ရှင်းသော နမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။ 
 27 ငါသည်သခင်ဘုရားအပ်နှင်းတော်မူသော အခွင့်အာဏာအရ ဤစာကိုယုံကြည်သူ အပေါင်းတို့အားဖတ်ပြကြရန်သင်တို့ကို တိုက်တွန်း၏။ 
 28 ငါတို့အရှင်သခင်ယေရှုခရစ်၏ကျေးဇူး တော်ကိုသင်တို့ခံစားရကြပါစေသော။ သက်သာလောနိတ်သြဝါဒစာပထမ စောင်ပြီး၏။