74
အမျိုးသားလွတ်မြောက်ရေးအတွက် ဆုတောင်းပတ္ထနာ10 * ဟေဗြဲခေါင်းစဉ်။ အာသပ်စပ်ဆိုသောကဗျာ။ 
 1 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် 
ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ 
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။ 
 2 ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့် 
ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ 
ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။ 
 3 ကျွန်တော်မျိုးတို့၏ရန်သူများသည် 
ဗိမာန်တော်အတွင်းမှရှိသမျှသောအရာ တို့ကို ဖျက်ဆီးပစ်ကြပါပြီ။ 
ကိုယ်တော်ရှင်သည်ကြွလာတော်မူ၍လုံးဝ ပျက်စီးနေသည့်အရာများကိုကြည့်ရှုတော် မူပါ။ 
 4 ကိုယ်တော်ရှင်၏ရန်သူတို့သည်ဗိမာန်တော်ထဲ၌ အောင်သံကြွေးကြော်ကြပါပြီ။ 
ဗိမာန်တော်တွင်အောင်လံများကိုစိုက်ထူကြ ပါပြီ။ 
 5 သစ်ခုတ်သမားများသည်ပုဆိန်ဖြင့်သစ်ပင်များကို ခုတ်လှဲသကဲ့သို့✡ ဟေဗြဲမူတွင် မရှင်းပါ။ 
 6 သူတို့သည်ဗိမာန်တော်သစ်သားပန်းပုလက်ရာ များကို ပုဆိန်တင်းပုတ်များဖြင့်ရိုက်ချိုးပစ်ကြပါ၏။ 
 7 သူတို့သည်ကိုယ်တော်ရှင်၏ဗိမာန်တော်ကို မီးရှို့ကြပါ၏။ 
ကိုယ်တော်ရှင်အားကိုးကွယ်ဝတ်ပြုရာဌာနတော်ကို ဖြိုဖျက်၍ညစ်ညမ်းစေကြပါ၏။ 
 8 သူတို့သည်ကျွန်တော်မျိုးတို့အားနာလန်မထူနိုင်အောင် ချေမှုန်းလိုကြပါ၏။ 
တိုင်းပြည်တွင်ရှိသမျှသောဝတ်ပြုကိုးကွယ်ရာ ဌာနတို့ကိုမီးရှို့ပစ်ကြပါ၏။ 
 9 ကျွန်တော်မျိုးတို့၏ဘာသာတရားဆိုင်ရာ အမှတ်အသားများအားလုံးပင်မရှိတော့ပါ။ 
ပရောဖက်များလည်းမရှိတော့ပါ။ 
အဘယ်မျှကြာအောင်ဤသို့ဖြစ်နေမည်ကို အဘယ်သူမျှမသိပါ။ 
 10 အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် 
ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ 
သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။ 
 11 အဘယ်ကြောင့်ကိုယ်တော်ရှင်သည် 
ကျွန်တော်မျိုးတို့အားကူမရန် ငြင်းဆန်တော်မူပါသနည်း။ 
အဘယ်ကြောင့်လက်ပိုက်၍နေတော်မူပါ သနည်း။ 
 12 သို့သော် အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်သည်အစမူလကတည်းကပင်လျှင် ကျွန်တော်မျိုးတို့၏ဘုရင်ဖြစ်တော်မူပါ၏။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ကို အကြိမ်ပေါင်းများစွာကယ်တော်မူခဲ့ပါပြီ။ 
 13 ကိုယ်တော်ရှင်သည်မဟာတန်ခိုးတော်ဖြင့် ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ 
ရေသူရဲတို့၏ဦးခေါင်းများကိုခွဲတော်မူ ပါ၏။✡ ထွ၊ ၁၄:၂၁။ 
 14 ကိုယ်တော်ရှင်သည်ရေနဂါးကြီးလေဝိသန်11 * ရေနဂါးကြီးလေဝိသန်။ ဒဏ္ဍာရီသတ္တဝါတစ်ကောင်ဟုယူဆကြ သည်။ ရှုပ်ထွေးခြင်းနှင့်မကောင်းမှုကိုသရုပ် ဆောင်သည်။ ၏ ဦးခေါင်းများကိုချေမှုန်းတော်မူ၍ 
အသေကောင်ကိုတောကန္တာရရှိသားရဲ တိရစ္ဆာန်တို့အားစားရန်ပေးအပ်တော်မူ ပါ၏။✡ ယောဘ၊ ၄၁:၁။ ဆာ၊ ၁၀၄:၂၆။ ဟေရှာ၊ ၂၇:၁။ 
 15 ကိုယ်တော်ရှင်သည်ချောင်းရေနှင့်စမ်းရေကို ပေါက်စေတော်မူ၍ 
မြစ်ကြီးများကိုခန်းခြောက်စေတော်မူပါ၏။ 
 16 နေ့နှင့်ညကိုဖန်ဆင်းတော်မူ၍နေနှင့်လကို နေရာချတော်မူပါ၏။ 
 17 ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီး၏နယ် နိမိတ်ကို 
သတ်မှတ်တော်မူ၍နွေဥတုနှင့်ဆောင်းဥတုကို ဖန်ဆင်းတော်မူပါ၏။ 
 18 သို့ရာတွင် အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်၏ရန်သူတို့သည်ကိုယ်တော်ရှင် အား ပြက်ရယ်ပြုကြသည်ကိုလည်းကောင်း၊ 
သူတို့သည်ဘုရားမဲ့၍ကိုယ်တော်ရှင်အား မထီမဲ့မြင် ပြုကြသည်ကိုလည်းကောင်းသတိရတော်မူပါ။ 
 19 ကိုယ်တော်ရှင်၏ခိုကိုးရာမဲ့သည့်လူစုတော်အား 
ရက်စက်ကြမ်းကြုတ်သောရန်သူများ၏ လက်တွင် စွန့်ပစ်ထားတော်မမူပါနှင့်။ 
နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသောကိုယ်တော် ရှင်၏ လူစုတော်အားမေ့လျော့တော်မမူပါနှင့်။ 
 20 ကျွန်တော်မျိုးတို့နှင့်ကိုယ်တော်ရှင်ပြုထားသည့် ပဋိညာဉ်တော်ကိုသတိရတော်မူပါ။ 
တိုင်းပြည်ရှိမှောင်ကျရာအရပ်တိုင်းတွင် အကြမ်းဖက်မှုရှိပါ၏။ 
 21 ဖိစီးနှိပ်စက်ခြင်းခံရသူတို့အားအရှက်ကွဲ 
စေတော်မမူပါနှင့်။ 
ယင်းဆင်းရဲသူများသည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။ 
 22 အို ဘုရားသခင်၊ 
ထတော်မူ၍ကိုယ်တော်ရှင်၏အာဏာကို တည်စေတော်မူပါ။ 
ဘုရားမဲ့သူတို့သည်ကိုယ်တော်ရှင်အားတစ်နေ့လုံး ပြက်ရယ်ပြုကြသည်ကိုသတိရတော်မူပါ။ 
 23 ကိုယ်တော်ရှင်၏ရန်သူတို့အမျက်ထွက်၍ဟစ် အော်သံ၊ 
ကိုယ်တော်ရှင်အားရန်ဘက်ပြုသူတို့၏အစဉ်မပြတ် အော်သံတို့ကိုမေ့လျော့တော်မမူပါနှင့်။