87
ယေရုရှလင်မြို့ကိုထောမနာပြုခြင်း4 * ဟေဗြဲခေါင်းစဉ်။ ကောရ၏သားများစပ်ဆိုသောဆာလံသီချင်း။ 
 1 ထာဝရဘုရားသည်မိမိ၏မြို့တော်ကို 
သန့်ရှင်းမြင့်မြတ်သည့်တောင်5 * သန့်ရှင်းမြင့်မြတ်သည့်တောင်။ ၂:၆ ကိုကြည့်ပါ။ ပေါ်တွင် တည်ဆောက်တော်မူ၏။ 
 2 ကိုယ်တော်သည်ယေရုရှလင်မြို့ကြီးကို 
ဣသရေလနိုင်ငံရှိအခြားမြို့အပေါင်းတို့ထက် ပို၍နှစ်သက်မြတ်နိုးတော်မူ၏။ 
 3 အို ဘုရားသခင်၏မြို့တော်၊ 
သင်၏အကြောင်းကိုယ်တော်ယခုမိန့်တော် မူသော အံ့သြဖွယ်ရာများကိုနားထောင်လော့။ 
 4 ကိုယ်တော်မိန့်တော်မူသည်မှာ 
``ငါ၏စကားကိုနားထောင်သည့်နိုင်ငံများ 
စာရင်းကိုယူသောအခါအီဂျစ်ပြည်နှင့် ဗာဗုလုန်ပြည်ကိုငါထည့်သွင်းမည်။ 
ဖိလိတ္တိပြည်၊တုရုပြည်နှင့်ဆူဒန်ပြည်မှ 
လူတို့သည်လည်းယေရုရှလင်မြို့သားများ စာရင်းတွင်ငါဖော်ပြမည်။'' 
 5 ဇိအုန်တောင်အားလူမျိုးအပေါင်းတို့ဖွားမြင်ရာ မိခင်ဟူ၍လည်းကောင်း၊ 
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသည် 
ထိုတောင်ကိုခိုင်ခံ့စေတော်မူလိမ့်မည် ဟူ၍လည်းကောင်းလူတို့ပြောဆိုကြ လိမ့်မည်။ 
 6 ထာဝရဘုရားသည်လူမျိုးတို့ကိုစာရင်း ပြုစုတော်မူလိမ့်မည်။ 
ယင်းစာရင်းတွင်ပါရှိသောသူအပေါင်း တို့ကို 
ယေရုရှလင်မြို့သားများအဖြစ်ဖြင့်ထည့်သွင်း ရေးမှတ်တော်မူလိမ့်မည်။ 
 7 ထိုသူအပေါင်းတို့သည်ကခုန်လျက် ``ဇိအုန်တောင်သည် 
ငါတို့ခံစားရသောကောင်းချီးမင်္ဂလာအပေါင်း စီးဆင်းရာဖြစ်ပေသည်'' ဟုသီဆိုကြ၏။