98
ကမ္ဘာလောကကိုအစိုးရတော်မူသော ဘုရားသခင်11 * ဟေဗြဲခေါင်းစဉ်။ ဆာလံ။ 
 1 ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ 
ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ 
ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ 
ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။ 
 2 ထာဝရဘုရားသည်မိမိ၏အောင်ပွဲကို ကြေညာတော်မူ၍ 
ကယ်တင်နိုင်သောတန်ခိုးတော်ကို လူမျိုးတကာတို့အားဖော်ပြတော်မူ၏။ 
 3 ကိုယ်တော်သည်မိမိ၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်နှင့်အညီ 
ဣသရေလအမျိုးသားတို့အားထားတော်မူသော ကတိတော်ကိုတည်စေတော်မူ၏။ 
အရပ်တကာရှိလူအပေါင်းတို့သည်ငါတို့ ဘုရား၏ အောင်ပွဲကိုတွေ့မြင်ကြရလေပြီ။ 
 4 ကမ္ဘာမြေကြီးသားအပေါင်းတို့၊ဝမ်းမြောက်စွာ သီချင်းဆို၍ 
ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ 
သီချင်းများကိုဆို၍ဝမ်းမြောက်စွာကြွေး ကြော်လျက် ကိုယ်တော်အားထောမနာပြုကြလော့။ 
 5 ထောမနာသီချင်းကိုဆိုကာထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ 
စောင်းများကိုတီး၍ဂုဏ်တော်ကိုချီးမွမ်းကြလော့။ 
 6 တံပိုးခရာနှင့်နှဲတို့ကိုမှုတ်၍ငါတို့ဘုရင် 
ထာဝရဘုရား၏ရှေ့တော်၌ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။ 
 7 အချင်းပင်လယ်နှင့်ပင်လယ်ရှိသတ္တဝါအပေါင်း တို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။ 
အချင်းကုန်းမြေနှင့်ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့သီချင်းဆိုကြ လော့။ 
 8-9 အချင်းမြစ်တို့၊လက်ခုပ်တီးကြလော့။ 
အချင်းတောင်များတို့၊ထာဝရဘုရားသည် 
ကမ္ဘာလောကကိုအုပ်စိုးရန်ကြွလာတော်မူ ပြီဖြစ်၍ 
တစ်ပြိုင်နက်ရှေ့တော်တွင်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ 
ကိုယ်တော်သည်ကမ္ဘာပေါ်ရှိလူအပေါင်းတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။