2
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူများစာရင်း 
(နေဟမိ၊ ၇:၄-၇၃) 
 1 ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။-  2 သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ဖြစ်ကြ၏။ 
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသားချင်းစုအလိုက် လူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်၏။ 
 3-20 ပါရုတ်သားချင်းမှ ၂၁၇၂ 
| ရှေဖတိသားချင်းစုမှ | ၃၇၂ | 
| အာရာသားချင်းစုမှ | ၇၇၅ | 
ပါဟတ်မောဘသားချင်းစု 
| (ယောရှုနှင့်ယွာဘတို့၏မြေးများ) | ၂၈၁၂ | 
| ဧလံသားချင်းစုမှ | ၁၂၅၄ | 
| ဇတ္တုသားချင်းစုမှ | ၉၄၅ | 
| ဇက္ခဲသားချင်းစုမှ | ၇၆၀ | 
| ဗာနိသားချင်းစုမှ | ၆၄၂ | 
| ဗေဗဲသားချင်းစုမှ | ၆၂၃ | 
| အာဇဂဒ်သားချင်းစုမှ | ၁၂၂၂ | 
| အဒေါနိကံသားချင်းစုမှ | ၆၆၆ | 
| ဗိဂဝဲသားချင်းစုမှ | ၂၀၅၆ | 
| အာဒိန်သားချင်းစုမှ | ၄၅၄ | 
အာတာဟုလည်းကောင်းနာမည်တွင်သည့် 
| ဟဇကိသားချင်းစုမှ | ၉၈ | 
| ဗေဇဲသားချင်းစုမှ | ၃၂၃ | 
| ယောရသားချင်းစုမှ | ၁၁၂ | 
| ဟာရှုံသားချင်းစုမှ | ၂၂၃ | 
| ဂိဗ္ဗာသားချင်းစုမှ | ၉၅ | 
 21-35 အောက်ပါဖော်ပြပါမြို့တွင်နေထိုင်ခဲ့သူဘိုးဘေးတို့မှ ဆင်းသက်ပေါက်ပွားလာသူများသည်လည်း ယေရုရှလင်မြို့သို့ပြန်လာကြလေသည်။ ဗက်လင်မြို့မှ ၁၂၃ 
| နေတောဖမြို့မှ | ၅၆ | 
| အာနသုတ်မြို့မှ | ၁၂၈ | 
| အာဇမာဝက်မြို့မှ | ၄၂ | 
ကိရယသာရိမ်မြို့ခေဖိရမြို့နှင့် 
| ဗေရုတ်မြို့တို့မှ | ၇၄၃ | 
| ရာမမြို့နှင့်ဂါဘမြို့မှ | ၆၂၁ | 
| မိတ်မတ်မြို့မှ | ၁၂၂ | 
| ဗေသလမြို့နှင့်အာဣမြို့မှ | ၂၂၃ | 
| နေဗောမြို့မှ | ၅၂ | 
| မာဂဗိတ်မြို့မှ | ၁၅၆ | 
| အခြားဧလံမြို့မှ | ၁၂၅၄ | 
| ဟာရိမ်မြို့မှ | ၃၂၀ | 
လောဒမြို့ဟာဒိဒ်မြို့နှင့် 
| သြနောမြို့တို့မှ | ၇၂၅ | 
| ယေရိခေါမြို့မှ | ၃၄၅ | 
| သေနာမြို့မှ | ၃၆၃၀ | 
 36-39 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ယဇ်ပုရောဟိတ်သားချင်းစုစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ ယေဒါယသားချင်းစု (ယောရှု၏ 
| သားမြေးများ) | ၉၇၃ | 
| ဣမေရသားချင်းစုမှ | ၁၀၅၂ | 
| ပါရှုရသားချင်းစုမှ | ၁၂၄၇ | 
| ဟာရိမ်သားချင်းစုမှ | ၁၀၁၇ | 
 40 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောလေဝိအနွယ်ဝင်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ 
ယောရှုနှင့်ကာဒမေလသားချင်းစုမှ (ဟောဒဝိ၏သားမြေးများ) ၇၄ 
 41 ဗိမာန်တော်ဂီတပညာသည် (အာသပ်၏သားမြေးများ) ၁၂၈ 
 42 ဗိမာန်တော်အစောင့်တပ်သား (ရှလ္လုံ၊ အာတာ၊ တာလမုန်၊ အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၉ 
 43-54 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ 
ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ 
ကေရုတ်၊သယာဟ၊ပါဒုန်၊ 
လေဗန၊ဟာဂဘ၊အက္ကုပ်၊ 
ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ 
ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ 
ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊ 
သြဇ၊ပါသာ၊ဗေသဲ၊ 
အာသနာ၊မဟုနိမ်၊နဖုသိမ်၊ 
ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ 
ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ 
ဗာကုတ်၊သိသရ၊သာမ 
နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။ 
 55-57 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုများမှာ၊ 
သောတဲ၊သောဖရက်၊ပေရုဒ၊ 
ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ 
ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ဇေဗိမ်နှင့်အာမိတို့ဖြစ်သည်။ 
 58 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောရှောလမုန်၏အစေခံများနှင့် ဗိမာန်တော်အလုပ်သမားများ၏သားမြေးဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်သတည်း။ 
 59 တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသော၊-  60 ဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာငါးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ပွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။ 
 61-62 အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။-  63 ယုဒဘုရင်ခံကသူတို့အားသင်တို့သည် ဥရိမ်နှင့်သုမိမ်2 * ဥရိမ်နှင့်သုမိမ်။ ဘုရားသခင်၏အလိုတော်ကိုသိရှိနိုင်ရန်ယဇ်ပုရောဟိတ်အသုံးပြုသောအရာနှစ်ခုဖြစ်သည်။ ကိုအသုံးပြုနိုင်သောယဇ်ပုရောဟိတ်မပေါ်ထွန်းမီ၊ သန့်ရှင်းသောအစာများကိုမသုံးဆောင်ရဟုပြောကြားလိုက်သည်။✡ တော၊ ၂၇:၂၁။ 
 64-67 ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူစုစုပေါင်းဦးရေမှာ ၄၂၃၆၀ 
သူတို့၏အစေခံယောကျာ်း 
| မိန်းမ | ၇၃၃၇ | 
အမျိုးသားအမျိုးသမီး 
| ဂီတပညာသည်များ | ၂၀၀ | 
| မြင်း | ၇၃၆ ကောင် | 
| မြည်း | ၂၄၅ ကောင် | 
| ကုလားအုတ် | ၄၃၅ ကောင် | 
| လား | ၆၇၂၀ ကောင် | 
 68 ပြည်နှင်ဒဏ်သင့်သူတို့သည် ယေရုရှလင်မြို့ရှိထာဝရဘုရား၏ဗိမာန်တော်သို့ရောက်ရှိကြသောအခါ သားချင်းစုခေါင်းဆောင်အချို့တို့သည် နေရာဟောင်းတွင်ဗိမာန်တော်ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့စေတနာအလျောက်ပေးလှူကြလေသည်။-  69 ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။ 
 70 ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်လူအချို့တို့သည် ယေရုရှလင်မြို့သို့မဟုတ်ထိုမြို့အနီးတွင်နေထိုင်ကြ၏။ ဂီတပညာသည်များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့်ဗိမာန်တော်အလုပ်သမားများသည် အနီးအနားရှိမြို့တို့တွင်နေထိုင်ကြလေသည်။ ကျန်ဣသရေလအမျိုးသားတို့သည် မိမိတို့ဘိုးဘေးနေထိုင်ခဲ့သောမြို့များသို့သွားရောက်နေထိုင်ကြသည်။✡ ၅ရာ၊ ၉:၂။ နေ၊ ၁၁:၃။