33
ယာကုပ်နှင့်ဧသောတွေ့ဆုံခြင်း 
 1 ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။-  2 သူသည်မယားငယ်တို့နှင့်သူတို့၏ကလေး များကိုရှေ့ဆုံး၌ထား၍ ထိုနောက်လေအာနှင့် သူ၏ကလေးတို့ကိုလည်းကောင်း၊ နောက်ဆုံး ၌ရာခေလနှင့်ယောသပ်ကိုလည်းကောင်း နေရာချထားလေ၏။-  3 ယာကုပ်သည်ထိုသူတို့ရှေ့ကသွား၍အစ်ကို ၏အနီးသို့ချဉ်းကပ်မိလျှင် ခုနစ်ကြိမ်ဦးညွှတ် ၍အရိုအသေပြုလေသည်။-  4 ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။-  5 ဧသောသည်မော်ကြည့်၍မိန်းမများနှင့်ကလေး များကိုမြင်လျှင်``သင်နှင့်အတူပါလာသောဤ သူတို့ကားမည်သူတို့နည်း'' ဟုမေးလေ၏။ 
 6 ယာကုပ်က``ဘုရားသခင်သည်ကျွန်တော်အား ပေးသနားတော်မူသောသားသမီးများဖြစ် ပါသည်'' ဟုဖြေ၏။ ထို့နောက်သူ၏မယားငယ် တို့သည် မိမိတို့၏သားသမီးများနှင့်အတူ ဧသောအနီးသို့ချဉ်းကပ်၍ဦးညွှတ်ကြ၏။-  7 လေအာနှင့်သူ၏သားသမီးတို့နှင့်ယောသပ် နှင့်ရာခေလတို့သည် ဧသောအနီးသို့ချဉ်း ကပ်၍ဦးညွှတ်ကြ၏။ 
 8 ဧသောက``လမ်းတွင်ငါတွေ့ခဲ့သောတိရစ္ဆာန် အုပ်များကိုမည်သည့်အတွက်ကြောင့်ရှေ့က သွားစေသနည်း'' ဟုမေးလျှင်၊ 
ယာကုပ်က``ကိုယ်တော်ထံမှမျက်နှာသာရ စေရန်ဖြစ်ပါသည်'' ဟုပြန်ဖြေလေ၏။ 
 9 ထိုအခါဧသောက``ငါ့ညီ၊ ငါ၌ဥစ္စာအလုံ အလောက်ရှိ၏။ သင့်ပစ္စည်းကိုပြန်ယူပါ'' ဟု ဆိုလေ၏။ 
 10 ယာကုပ်က``ကိုယ်တော်၏ထံမှမျက်နှာသာရ သည်မှန်လျှင် ကျွန်တော်ဆက်သသောလက်ဆောင် များကိုလက်ခံတော်မူပါ။ ကိုယ်တော်သည်ကျွန် တော်ကိုကြည်ဖြူစွာကြိုဆိုပါပြီ။ ကိုယ်တော် ၏မျက်နှာကိုမြင်ရသည်မှာဘုရားသခင်၏ မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ပင်ဖြစ် ပါသည်။-  11 ကိုယ်တော်ထံသို့ယခုကျွန်တော်ယူဆောင်လာ သောလက်ဆောင်များကိုလက်ခံပါ။ ဘုရားသခင်သည်ကျွန်တော်လိုသမျှကိုပေးသနား တော်မူပါပြီ'' ဟုမနေမနားတိုက်တွန်း သဖြင့်ဧသောသည်လက်ဆောင်များကို လက်ခံလိုက်လေသည်။ 
 12 ထိုနောက်ဧသောက``သွားကြစို့။ သင့်အရှေ့မှာ ငါသွားမည်'' ဟုပြော၏။ 
 13 ယာကုပ်က``ကိုယ်တော်သိသည်အတိုင်းကျွန် တော်၏ကလေးများသည်နုနယ်ကြပါ၏။ နို့စို့သားငယ်များပါသောသိုး၊ ဆိတ်၊ နွားတို့ ကိုလည်းညှာရပါမည်။ တိရစ္ဆာန်တို့ကိုတစ်နေ့ မျှခရီးပြင်းနှင်လျှင်တစ်အုပ်လုံးသေဆုံး ကုန်ပါလိမ့်မည်။-  14 ကိုယ်တော်သွားနှင့်ပါ။ ကျွန်တော်တိရစ္ဆာန်များ၊ ကလေးများနှင့်ခရီးတွင်နိုင်သမျှဖြင့်အစ် ကိုရှိရာဧဒုံပြည်သို့ရောက်အောင်တဖြည်း ဖြည်းလိုက်ခဲ့ပါမည်'' ဟုဆို၏။ 
 15 ထိုအခါဧသောက``ထိုသို့ဆိုလျှင်ကာကွယ် စောင့်ရှောက်ရန်ငါ့လူအချို့ကိုသင့်ထံ၌ ထားခဲ့မည်'' ဟုပြော၏။ 
ယာကုပ်က``ကျွန်တော်အတွက်အစောင့်အရှောက် မလိုပါ။ ကိုယ်တော်၏ထံမှမျက်နှာသာရရှိ နိုင်ရန်သာတောင်းလျှောက်လိုပါသည်'' ဟုဖြေ လေ၏။-  16 ထိုနေ့၌ဧသောသည်ဧဒုံပြည်သို့ပြန်သွား လေသည်။-  17 ယာကုပ်ကမူသုကုတ်အရပ်သို့သွား၍ ထို အရပ်တွင်သူနေထိုင်ရန်အိမ်နှင့်တိရစ္ဆာန် များအတွက် တင်းကုပ်များကိုတည်ဆောက် လေ၏။ ထိုကြောင့်ထိုအရပ်ကိုသုကုတ်ဟု ခေါ်တွင်လေသည်။ 
 18 ယာကုပ်သည်ပါဒနာရံပြည်မြောက်ပိုင်းမှ ပြန်လာရာ ခါနာန်ပြည်ရှိရှေခင်မြို့သို့လုံ ခြုံစွာရောက်ရှိလာ၍မြို့နားရှိမြေကွက် တွင်စခန်းချလေ၏။-  19 သူသည်ထိုမြေကွက်ကိုရှေခင်၏အဖ ဟာမော်၏သားချင်းတို့ထံမှငွေသား တစ်ရာပေး၍ဝယ်ယူလေသည်။-✡ ယောရှု၊ ၂၄:၃၂။ ယော၊ ၄:၅။  20 ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍ ပလ္လင်ကို ဣသရေလ၏ဘုရားတည်းဟူသောဧလေ လောဟုသမုတ်လေ၏။