49
ယာကုပ်၏နောက်ဆုံးအမှာစကား 
 1 ယာကုပ်သည်သားများကိုမိမိထံသို့ခေါ် ပြီးလျှင်``ငါ့အနားသို့ချဉ်းကပ်လာကြ လော့။ သင်တို့၏နောင်ရေးကိုငါဖော်ပြပေ အံ့။ 
 2 ``ယာကုပ်၏သားများတို့သင်တို့သည် ငါ့အနီးတွင် စုရုံးလာကြ၍၊ 
သင်တို့၏အဖဣသရေလ၏စကားကို နားထောင်ကြလော့။ 
 3 ရုဗင်၊သင်သည်ငါ၏သားဦး၊ငါ၏စွမ်းအား 
ငါပျိုရွယ်ချိန်၌ရသောသားဦးရှိသမျှ တို့တွင် 
အရေးပါအရာရောက်ဆုံးခွန်အားအကြီး ဆုံးဖြစ်၏။ 
 4 သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။ 
သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့် 
သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။ 
 5 ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ 
သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။ 
 6 သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက် 
နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့် 
ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။ 
သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။ 
 7 သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ 
ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ 
မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။ 
 8 ယုဒ၊သင့်ညီအစ်ကိုတို့ကသင့်အား ချီးကူး ထောမနာပြုကြလိမ့်မည်။ 
သင်သည်ရန်သူတို့၏လည်မျိုကိုချုပ်ကိုင် ထား၏။ 
သင်၏ညီအစ်ကိုတို့ကသင့်အားဦးညွှတ် ရမည်။ 
 9 ယုဒသည်သားကောင်ကိုသတ်၍ 
သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ 
မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။✡ တော၊ ၂၄:၉။ ဗျာ၊ ၅:၅။ 
 10 ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ 
သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ 
တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။ 
 11 သူသည်သူ၏မြည်းပေါက်ကလေးကိုအကောင်း ဆုံး စပျစ်နွယ်၌ချည်နှောင်ထား၏။ 
သူသည်မိမိ၏အဝတ်များကိုပတ္တမြားသွေး စပျစ်ရည်တွင်ဖွပ်လျှော်၏။ 
 12 စပျစ်ရည်ကြောင့်သူ၏မျက်လုံးများသည် နီရဲနေ၏။ 
နို့သောက်၍သူ၏သွားများသည်ဖြူဖွေးနေ၏။ 
 13 ဇာဗုလုန်သည်ပင်လယ်ကမ်းနား၌နေထိုင်၍ 
သူ၏ဆိပ်ကမ်းများသည်သင်္ဘောများခိုလှုံရာ ဖြစ်လိမ့်မည်။ 
သူ၏ပိုင်နက်နယ်မြေသည်ဇိအုန်မြို့တိုင်အောင် ကျယ်ပြန့်လိမ့်မည်။ 
 14 ဣသခါသည်ကုန်းနှီးအိတ်များအကြားတွင် ခြေဆန့်၍ လဲနေသောမြည်း၏အဖြစ်ထက်မသာ။ 
 15 သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ 
နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ 
ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။ 
 16 ဒန်သည်အခြားသောဣသရေလအနွယ်တို့ ကဲ့သို့ မိမိ၏လူတို့ကိုအုပ်စိုးရလိမ့်မည်။ 
 17 ဒန်သည်လမ်းဘေး၌ခွေသောမြွေ၊လမ်းအနီး၌ ခိုသောမြွေဆိုးဖြစ်၍ 
မြင်း၏ဖနောင့်ကိုကိုက်သဖြင့်မြင်းစီးသူ ကို နောက်ပြန်လိမ့်ကျစေလိမ့်မည်။ 
 18 ``အို ထာဝရဘုရားအကျွန်ုပ်သည် 
ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော်ကို စောင့်မျှော်လျက်ရှိပါ၏။ 
 19 ဂဒ်သည်ဋ္ဌားပြတို့၏တိုက်ခိုက်ခြင်းကိုခံ ရမည်။ 
သို့ရာတွင်သူသည်မိမိကိုတိုက်ခိုက်သူတို့ အား ပြန်၍လိုက်လံတိုက်ခိုက်လိမ့်မည်။ 
 20 အာရှာ၏မြေမှစားကောင်းသောက်ဖွယ်ထွက် လိမ့်မည်။ 
သူ့ထံမှဘုရင်ပွဲတော်နှင့်ထိုက်သော အစားအစာကိုရရှိလိမ့်မည်။ 
 21 နဿလိသည်လွတ်လပ်စွာခုန်ပေါက် ပြေးလွှားသောသမင်ဖြစ်၍ 
ချစ်ဖွယ်ကောင်းသောသမင်သားငယ်များ ကိုမွေးဖွား၏။13 * နဿလိ --- မွေးဖွား၏။ သို့မဟုတ်လှပသောအကိုင်းအခက် များနှင့်ပြည့်စုံသောကျယ်ပြန့်သည့်သစ်ပင် ဖြစ်၏။ 
 22 ယောသပ်သည်စမ်းရေပေါက်နားမှာ ကျက်စားသောမြည်းရိုင်း 
တောင်စောင်းပေါ်တွင်ကျက်စားသော မြည်းရိုင်းကလေးနှင့်တူ၏။14 * ယောသပ်သည် --- နှင့်တူ၏။ သို့မဟုတ်ယောသပ်သည်စမ်းရေပေါက်နား မှာပေါက်၍အသီးသီးသောအပင်နှင့်တူ၏။ အကိုင်းအခက်တို့သည်အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။ 
 23 သူ၏ရန်သူတို့သည်သူ့အားလေးမြား လက်နက်တို့ဖြင့် ပြင်းထန်စွာလိုက်လံတိုက်ခိုက်ကြ၏။ 
 24 သို့ရာတွင်ယာကုပ်၏အနန္တတန်ခိုးရှင်ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ 
ဣသရေလ၏ကာကွယ်ရာကျောက်ဖြစ်တော်မူသော သိုးထိန်းရှင်၏စောင်မခြင်းအားဖြင့်လည်းကောင်း၊ 
သူ၏လေးသည်တည်ငြိမ်၍သူ၏လက်တို့သည် အားသန်လျက်ရှိ၏။ 
 25 သင့်အဖ၏ဘုရားသခင်သည်သင့်ကိုကူမလျက် ရှိတော်မူ၏။ 
အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်အား 
ကောင်းကင်မှကျသောမိုးရေ၊မြေအောက်မှ စီးထွက်သောရေကိုလည်းကောင်း၊ 
သိုးနွားများနှင့်သားသမီးရတနာကို လည်းကောင်း ပေးတော်မူပါစေ၊ 
 26 အသီးအနှံနှင့်ပန်းမာလ်ကိုလည်းကောင်း ပေးတော်မူပါစေသော။ 
အမြဲတည်သောတောင်ကုန်းများမှ 
နှစ်သက်ဖွယ်ရာကောင်းချီးမင်္ဂလာများကိုလည်း သင့်အားပေးတော်မူပါစေသော။ 
ဤကောင်းချီးအပေါင်းတို့သည်မိမိ 
ညီအစ်ကိုတို့ထက်ထူးကဲသောယောသပ် ၏ ဦးခေါင်းပေါ်သို့သက်ရောက်ပါစေသော။ 
 27 ဗင်္ယာမိန်သည်လုယူကိုက်စားတတ်သော ဝံပုလွေနှင့်တူ၏။ 
နံနက်နှင့်ညနေအချိန်၌သားကောင်ကို ကိုက်ဖြတ်၍စားတတ်၏'' ဟုမြွက်ဆို၏။ 
 28 ဤသူတို့သည် ဣသရေလအနွယ်တစ်ဆယ့် နှစ်နွယ်ဖြစ်၏။ သူတို့၏အဖကသူတို့တစ် ဦးစီနှင့်သက်ဆိုင်သော မင်္ဂလာစကားများ ကိုအထက်ဖော်ပြပါအတိုင်းမြွက်ဆိုခဲ့ လေသည်။ 
ယာကုပ်အနိစ္စရောက်၍သင်္ဂြိုဟ်ခြင်း 
 29-30 ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။-✡ က၊ ၂၃:၃-၂၀။  31 ထိုသင်္ချိုင်းတွင်ငါ့အဘိုးအာဗြဟံနှင့် အဘွား စာရာတို့ကိုသင်္ဂြိုဟ်ခဲ့ကြ၏။ အဖဣဇာက်နှင့် အမိရေဗက္ကတို့ကိုလည်းသင်္ဂြိုဟ်ခဲ့ကြ၏။ ထိုသင်္ချိုင်းတွင်ငါသည်လေအာကိုသင်္ဂြိုဟ် ခဲ့၏။-✡ က၊ ၂၅:၉-၁၀။ ၃၅:၂၉။  32 ထိုမြေနှင့်ငါ့သင်္ချိုင်းကို ဟိတ္တိအမျိုးသား တို့ထံမှဝယ်ယူခဲ့၏။ ထိုသင်္ချိုင်းတွင်ငါ့ကို သင်္ဂြိုဟ်ကြလော့'' ဟုမှာကြားလေ၏။-  33 ယာကုပ်သည်သားတို့အားယင်းသို့မှာကြား ပြီးနောက်အိပ်ရာပေါ်တွင်လဲလျောင်း၍ကွယ် လွန်လေ၏။✡ တ၊ ၇:၁၅။ 
✡49:9 တော၊ ၂၄:၉။ ဗျာ၊ ၅:၅။
1349:21 * နဿလိ --- မွေးဖွား၏။ သို့မဟုတ်လှပသောအကိုင်းအခက် များနှင့်ပြည့်စုံသောကျယ်ပြန့်သည့်သစ်ပင် ဖြစ်၏။
1449:22 * ယောသပ်သည် --- နှင့်တူ၏။ သို့မဟုတ်ယောသပ်သည်စမ်းရေပေါက်နား မှာပေါက်၍အသီးသီးသောအပင်နှင့်တူ၏။ အကိုင်းအခက်တို့သည်အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။
✡49:29-30 က၊ ၂၃:၃-၂၀။
✡49:31 က၊ ၂၅:၉-၁၀။ ၃၅:၂၉။
✡49:33 တ၊ ၇:၁၅။