22
သခင်ယေရှုကိုသတ်ရန်ကြံစည်မှု 
(မ၊ ၂၆:၁-၅။ မာ၊ ၁၄:၁-၂။ ယော၊ ၁၁:၄၅-၅၃) 
 1 ပသခါပွဲဟုနာမည်တွင်သောတဆေးမဲ့ မုန့်ပွဲတော်အခါကျရန်နီးကပ်လာ၏။-✡ ထွ၊ ၁၂:၁-၂၇။  2 ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။ 
သခင်ယေရှုကိုအပ်နှံရန် ယုဒသဘောတူခြင်း 
(မ၊ ၂၆:၁၄-၁၆။ မာ၊ ၁၄:၁၀-၁၁) 
 3 ထိုအခါစာတန်သည် တစ်ကျိပ်နှစ်ပါးအပါ အဝင်ဖြစ်သူရှကာရုတ်ဟုနာမည်တွင်သော ယုဒ၏စိတ်နှလုံးထဲသို့ဝင်လေ၏။-  4 ထို့ကြောင့်သူသည်ယဇ်ပုရောဟိတ်ကြီးများ နှင့်ဗိမာန်တော်အစောင့်တပ်မှူးများထံသို့ သွား၍ ကိုယ်တော်အားအဘယ်နည်းဖြင့်သူတို့ လက်သို့အပ်ရမည်ကိုဆွေးနွေးတိုင်ပင်၏။-  5 သူတို့သည်ဝမ်းမြောက်သဖြင့်ယုဒအား ငွေပေးရန်ကတိပြုကြ၏။-  6 ယုဒသည်သဘောတူသဖြင့်ပရိသတ်မသိ အောင်ကိုယ်တော်အားသူတို့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။ 
ပသခါညစာသုံးဆောင်တော်မူရန် ပြင်ဆင်ခြင်း 
 7 တဆေးမဲ့မုန့်ပွဲတော်တွင်ပသခါသိုးငယ်ကို သတ်၍ပူဇော်ရာနေ့ရက်ကျရောက်လာ၏။-  8 ကိုယ်တော်ကပေတရုနှင့်ယောဟန်တို့အား ``ငါ တို့စားရန်ပသခါပွဲညစာကိုသွား၍ပြင်ဆင် ကြလော့'' ဟုဆို၍စေလွှတ်တော်မူ၏။ 
 9 သူတို့က ``အဘယ်အရပ်တွင်ပြင်ဆင်ရပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။ 
 10 ကိုယ်တော်က ``သင်တို့မြို့တွင်းသို့ဝင်မိလျှင်ရေ အိုးကိုထမ်းလာသူလူတစ်ယောက်သည်သင်တို့ အားကြိုဆိုလိမ့်မည်။ သူ့နောက်သို့လိုက်၍သူ ဝင်သောအိမ်ထဲသို့ဝင်ကြလော့။-  11 အိမ်ရှင်အား `တပည့်များနှင့်အတူပသခါပွဲ ညစာကိုငါစားရန်အခန်းကားအဘယ်နည်း' ဟုဆရာတော်ကစုံစမ်းခိုင်းကြောင်းပြောကြား ကြလော့။-  12 ထိုသူသည်အထက်ထပ်ရှိခင်းကျင်းထားသော အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်မှုကိုပြုကြလော့'' ဟုမိန့်တော်မူ၏။-  13 တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး နောက်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်းတွေ့ ရှိကြသဖြင့် ပသခါပွဲညစာကိုအသင့်ပြင် ဆင်ကြ၏။ 
ပွဲတော်မင်္ဂလာ 
(မ၊ ၂၆:၂၆-၃၀။ မာ၊ ၁၄:၂၂-၂၆။ ၁ကော၊ ၁၁:၂၃-၂၅) 
 14 အချိန်ရောက်သောအခါကိုယ်တော်သည်တမန် တော်တို့နှင့်အတူစားပွဲတွင်ထိုင်တော်မူ၏။-  15 ကိုယ်တော်က ``ငါသည်အသေမခံရမီဤ ပသခါပွဲညစာကိုသင်တို့နှင့်အတူစား ရန်အလွန်အလိုရှိ၏။-  16 သင်တို့အားငါဆိုသည်ကားပသခါပွဲကျင်းပ သည့်ရည်ရွယ်ချက်သည် ဘုရားသခင်၏နိုင်ငံတော် ၌အကောင်အထည်ပေါ်လာလိမ့်မည်။ ထိုအချိန် မတိုင်မီငါသည်ပသခါညစာကိုနောက်တစ် ဖန်စားလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ 
 17 ထိုနောက်ကိုယ်တော်သည်စပျစ်ရည်ခွက်ကိုယူ ၍ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူပြီးလျှင် ``ဤစပျစ်ရည်ခွက်ကိုယူ ကြလော့။ အချင်းချင်းဝေ၍သောက်ကြလော့။-  18 သင်တို့အားငါဆိုသည်ကားယခုမှစ၍ ဘုရားသခင်၏နိုင်ငံမတည်မချင်းငါသည် စပျစ်ရည်ကိုနောက်တစ်ဖန်သောက်လိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ 
 19 ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-  20 ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။✡ ယေ၊ ၃၁:၃၁-၃၄။ 
 21 ``သို့ရာတွင်သတိပြုကြလော့။ ငါ့ကိုရန်သူ့ လက်သို့အပ်မည့်သူသည်ငါနှင့်အတူစားပွဲ မှာရှိ၏။-✡ ဆာ။ ၄၁:၉။  22 လူသားသည်ဘုရားသခင်ခွဲခန့်ထားတော်မူ သည်အတိုင်းအသေခံရန်အမှန်ပင်သွားရ မည်။ သို့သော်လူသားကိုရန်သူလက်သို့အပ် သောသူသည်အမင်္ဂလာရှိ၏'' ဟုမိန့်တော် မူ၏။ 
 23 တပည့်တော်တို့သည်မိမိတို့အနက်အဘယ် သူသည်ဤအမှုကိုပြုလိမ့်မည်နည်းဟု အချင်းချင်းမေးမြန်းကြ၏။ 
အဘယ်သူကြီးမြတ်ကြောင်းအငြင်းပွားကြခြင်း 
 24 တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးဖြစ်သနည်းဟုအငြင်း ပွားကြ၏။-✡ မ၊ ၁၈:၁။ မာ၊ ၉:၃၄။ လု၊ ၉:၄၆။  25 ထိုအခါကိုယ်တော်က ``လောကီဘုရင်များသည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ်ကြ ၏။ အာဏာပိုင်များသည်လည်းမိမိတို့ကိုယ်ကို ကျေးဇူးရှင်များဟုအခေါ်ခံတတ်ကြ၏။-✡ မ၊ ၂၀:၂၅-၂၇၊ ၁၀:၄၂-၄၄။  26 သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် စေသင့်။ သင်တို့တွင်အကြီးမြတ်ဆုံးဖြစ်သူ သည်အသိမ်ငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ခေါင်းဆောင်ဖြစ်သူသည်အစေခံကဲ့သို့ဖြစ် ရမည်။-✡ မ၊ ၂၃:၁၁။ မာ၊ ၉:၃၅။  27 စားပွဲထိုင်သူ၊ အစေခံသူတို့အနက်အဘယ်သူ သာ၍ကြီးမြတ်သနည်း၊ စားပွဲထိုင်သူမဟုတ် လော။ သို့ရာတွင်ငါသည်သင်တို့တွင်အစေခံသူ သဖွယ်ဖြစ်၏။✡ ယော၊ ၁၃:၁၂-၁၅။ 
 28 သင်တို့သည်ငါနှင့်အတူစုံစမ်းနှောင့်ယှက်မှု များကိုရင်ဆိုင်ခဲ့သူများဖြစ်ကြ၏။-  29 ခမည်းတော်သည်ငါ့အားအုပ်စိုးခွင့်ကိုပေး အပ်တော်မူသည်နည်းတူ ငါသည်လည်းသင် တို့အားအုပ်စိုးခွင့်ကိုပေး၏။-  30 သင်တို့သည်နိုင်ငံတော်တွင်ငါ၏စားပွဲ၌စား သောက်ရကြလိမ့်မည်။ ထို့အပြင်ပလ္လင်များ ပေါ်မှာထိုင်လျက်ဣသရေလတစ်ဆယ့်နှစ်နွယ် တို့အားအုပ်စိုးရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။✡ မ၊ ၁၉:၂၈။ 
ပေတရုငြင်းဆိုမည်ကိုကြိုတင်ဖော်ပြတော်မူခြင်း 
(မ၊ ၂၆:၃၁-၃၅။ မာ၊ ၁၄:၂၇-၃၁။ ယော၊ ၁၃:၃၆-၃၈) 
 31 သခင်ယေရှုက ``ရှိမုန်၊ ရှိမုန်၊ စပါးကိုလှေ့ သကဲ့သို့သင်တို့အားလုံးကိုစစ်ဆေးရန် စာတန်ကအခွင့်ရလေပြီ။-  32 သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။ 
 33 ပေတရုက ``အရှင်၊ အကျွန်ုပ်သည်ထောင်ထဲသို့ လည်းကောင်း၊ သေရွာသို့လည်းကောင်းကိုယ်တော် ရှင်နှင့်အတူလိုက်ရန်အသင့်ရှိပါ၏'' ဟု လျှောက်၏။ 
 34 ကိုယ်တော်က ``ပေတရု၊ သင့်အားငါဆိုသည် ကားယနေ့ညကြက်မတွန်မီသင်သည်ငါ့ကို မသိဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့် မည်'' ဟုမိန့်တော်မူ၏။ 
ငွေအိတ်၊လွယ်အိတ်နှင့်ဋ္ဌား 
 35 ထိုနောက်ကိုယ်တော်က ``ငါသည်သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့်ဖိနပ်ကိုမယူစေဘဲ စေလွှတ်ခဲ့၏။ ထိုအခါသင်တို့တွင်တစ်စုံ တစ်ရာချို့တဲ့မှုရှိခဲ့သလော'' ဟုတပည့်တော် တို့အားမေးတော်မူ၏။ 
တပည့်တော်တို့က ``မရှိပါ'' ဟုလျှောက်ကြ၏။✡ မ၊ ၁၀:၉-၁၀။ မာ၊ ၆:၈-၉။ လု၊ ၉:၃၊ ၁၀:၄။ 
 36 ကိုယ်တော်က ``ယခုမူကားငွေအိတ်၊ လွယ်အိတ် ရှိလျှင်ယူခဲ့ကြ။ ဋ္ဌားမရှိလျှင်အဝတ်ကို ရောင်း၍ဋ္ဌားကိုဝယ်ကြ။-  37 သင်တို့အားငါဆိုသည်ကား `ထိုသူသည်ရာဇဝတ် မှုကူးလွန်သူများစာရင်းတွင်ပါဝင်ရ၏' ဟူ သောကျမ်းစကားအတိုင်းငါ၌ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော်ငါ၏အကြောင်းရေး သားထားသည့်ကျမ်းစကားအရဖြစ်ပျက် လျက်ရှိနေသောကြောင့်တည်း'' ဟုမိန့်တော်မူ၏။✡ ဟေရှာ၊ ၅၃:၁၂။ 
 38 တပည့်တော်တို့က ``အရှင်၊ ကြည့်တော်မူပါ။ ဤ မှာဋ္ဌားနှစ်လက်ရှိပါ၏'' ဟုလျှောက်ကြ၏။ 
ကိုယ်တော်က ``တော်လောက်ပြီ'' ဟုမိန့်တော်မူ၏။ 
သံလွင်တောင်ပေါ်တွင်ဆုတောင်းတော်မူခြင်း 
(မ၊ ၂၆:၃၆-၄၆။ မာ၊ ၁၄:၃၂-၄၂) 
 39 ကိုယ်တော်သည်အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့် တော်တို့သည်နောက်တော်သို့လိုက်ကြ၏။-  40 ထိုအရပ်သို့ရောက်တော်မူလျှင်ကိုယ်တော် က ``သင်တို့သည်စုံစမ်းသွေးဆောင်ရာသို့ မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။ 
 41 ထိုနောက်တပည့်တော်တို့နှင့်ခဲတစ်ပစ်ခန့် ကွာသောအရပ်သို့ကြွတော်မူ၍ဒူးထောက် လျက်၊-  42 ``အို အဖ၊ အလိုတော်ရှိလျှင်ဤဒုက္ခဝေဒနာ ခွက်ကိုဖယ်ရှားတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်၊ ကိုယ်တော်ရှင်၏အလို တော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆု တောင်းတော်မူ၏။-  43 ကောင်းကင်ဘုံမှကောင်းကင်တမန်တစ်ပါး သည်လာ၍ကိုယ်တော်ကိုအားပေးလေ၏။-  44 ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။ 
 45 ကိုယ်တော်သည်ဆုတောင်းရာမှထ၍တပည့် တော်များရှိရာသို့ပြန်ကြွတော်မူသောအခါ သူတို့သည်ဝမ်းနည်းမောပန်းလျက်အိပ်ပျော် နေကြသည်ကိုမြင်တော်မူ၏။-  46 ကိုယ်တော်က ``သင်တို့အဘယ်ကြောင့်အိပ်နေ ကြသနည်း။ ထကြလော့။ စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။ 
ကိုယ်တော်ကိုဖမ်းဆီးခြင်း 
(မ၊ ၂၆:၄၇-၅၆။ မာ၊ ၁၄:၄၃-၅၀။ ယော၊ ၁၈:၃-၁၁) 
 47 ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။-  48 သခင်ယေရှုက ``ယုဒ၊ သင်သည်နမ်းရှုပ်ခြင်း ဖြင့်လူသားအားရန်သူလက်သို့အပ်မည်လော'' ဟုမေးတော်မူ၏။ 
 49 တပည့်တော်တို့သည်အခြေအနေကိုမှန်းဆ မိကြသောအခါကိုယ်တော်အား ``အရှင်၊ အကျွန်ုပ် တို့သည်ဋ္ဌားဖြင့်ခုတ်ရမည်လော'' ဟုမေးလျှောက် ကြ၏။-  50 တပည့်တော်တစ်ယောက်သည်ယဇ်ပုရောဟိတ် မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုသူ ၏လက်ယာနားရွက်ပြတ်လေ၏။ 
 51 ထိုအခါသခင်ယေရှုက ``တော်ပြီ'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ထိုသူ၏နားရွက်ကိုလက် တော်ဖြင့်တို့ထိတော်မူ၍အနာကိုပျောက်စေ တော်မူ၏။ 
 52 ထိုနောက်သခင်ယေရှုကမိမိအားဖမ်းဆီးရန် ရောက်ရှိလာကြသည့်ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့်ဘာသာရေး ခေါင်းဆောင်များအား ``သင်တို့သည်ဋ္ဌားပြကိုဖမ်း သကဲ့သို့ငါ့ကိုဖမ်းရန်ဋ္ဌားများ၊ တုတ်များနှင့် လာကြသလော။-  53 ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်မှာရှိစဉ်သင် တို့သည်အဘယ်ကြောင့်မဖမ်းဆီးကြသနည်း။ သို့ရာတွင်ဤအချိန်ကားသင်တို့၏အချိန်၊ အမိုက်မှောင်စိုးမိုးရာအချိန်တည်း'' ဟု မိန့်တော်မူ၏။✡ လု၊ ၁၉:၄၇-၂၁:၃၇။ 
ကိုယ်တော်ကိုသူမသိဟုပေတရုငြင်းဆိုခြင်း 
(မ၊ ၂၆:၅၇-၅၈၊ ၆၉-၇၅။ မာ၊ ၁၄:၅၃-၅၄၊ ၆၆-၇၂။ ယော၊ ၁၈:၁၂-၁၈၊ ၂၅-၂၇) 
 54 ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။-  55 လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-  56 ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။ 
 57 သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။ 
 58 ထိုနောက်ခဏမျှကြာသော်လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် ``သင်သည်လည်းထိုသူ လူစုတွင်အပါအဝင်ဖြစ်၏'' ဟုဆို၏။ 
သို့ရာတွင်ပေတရုက ``အချင်းလူ၊ ထိုလူစု တွင်ငါမပါ'' ဟုဆို၏။ 
 59 ထိုနောက်တစ်နာရီခန့်ကြာသောအခါအခြား လူတစ်ယောက်က ``ဤသူသည်ဂါလိလဲပြည် သားဖြစ်သဖြင့်ယေရှုနှင့်အပေါင်းအပါဖြစ် သည်ကိုယုံမှားစရာမရှိ'' ဟုအခိုင်အမာဆို၏။ 
 60 သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ 
ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။-  61 အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။-  62 သို့ဖြစ်၍အပြင်သို့ထွက်ပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးလေ၏။ 
ကိုယ်တော်ကိုပြောင်လှောင်ရိုက်ပုတ်ကြခြင်း 
(မ၊ ၂၆:၆၇-၆၈။ မာ၊ ၁၄:၆၅) 
 63 သခင်ယေရှုကိုစောင့်ကြပ်နေသူတို့က ကိုယ်တော်အားပြောင်လှောင်ရိုက်ပုတ်ကြ၏။-  64 မျက်နှာတော်ကိုဖုံးပြီးလျှင် ``အရှင့်အားမည် သူရိုက်ပုတ်သည်ကိုဟောတော်မူပါ'' ဟုဆို ကြ၏။-  65 အခြားစကားများဖြင့်လည်းကိုယ်တော်ကို စော်ကားကြ၏။ 
ယုဒတရားလွှတ်တော်တွင်ကိုယ်တော်ကို စစ်ဆေးခြင်း 
(မ၊ ၂၆:၅၉-၆၆။ မာ၊ ၁၄:၅၅-၆၄။ ယော၊ ၁၈:၁၉-၂၄) 
 66 မိုးလင်းသောအခါယုဒအမျိုးသားခေါင်း ဆောင်များဖြစ်ကြသောယဇ်ပုရောဟိတ်ကြီး များနှင့် ကျမ်းတတ်ဆရာများသည်စုဝေး ကြ၏။ ထိုနောက်ကိုယ်တော်အားမိမိတို့၏ တရားလွှတ်တော်သို့ခေါ်ဆောင်သွားကြ၏။-  67 သူတို့က ``သင်သည်မေရှိယဖြစ်ပါသလော။ ငါတို့အားပြောလော့'' ဟုဆိုကြ၏။ 
ကိုယ်တော်က``ငါပြောလျှင်သင်တို့ယုံကြမည် မဟုတ်။-  68 သင်တို့အားငါမေးလျှင်သင်တို့ဖြေမည်မဟုတ်။ 
 69 ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။ 
 70 ထိုသူတို့က ``သို့ဖြစ်ပါမူသင်သည်ဘုရား သခင်၏သားတော်ဖြစ်ပါသလော'' ဟုမေး ကြ၏။ ကိုယ်တော်က ``ငါသည်ဘုရားသခင် ၏သားတော်ဖြစ်သည်ဟုသင်တို့ပင်ဆိုချေ သည်'' ဟုမိန့်တော်မူ၏။ 
 71 ထိုအခါသူတို့က ``အဘယ်သက်သေလိုသေး သနည်း။ ငါတို့ကိုယ်တိုင်ပင်သူ၏စကားကို ကြားရကြပြီ'' ဟုဆိုကြ၏။