4
စုံစမ်းသွေးဆောင်ခြင်းခံတော်မူခြင်း 
(မာ၊ ၁:၁၂-၁၃။ လု၊ ၄:၁-၁၃။) 
 1 ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-✡ ဟေဗြဲ၊ ၂:၁၈၊ ၄:၁၅။  2 ကိုယ်တော်သည်ရက်လေးဆယ်ပတ်လုံးအစာ ရှောင်လျက်နေပြီးနောက်မွတ်သိပ်၍လာတော် မူ၏။-  3 ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။ 
 4 သို့ရာတွင်ကိုယ်တော်က ``လူသည်အစားအစာ အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရား သခင်၏နှုတ်တော်ထွက်စကားရှိသမျှအား ဖြင့်အသက်ရှင်ရမည်ဟုကျမ်းစာလာ၏'' ဟူ ၍မိန့်တော်မူ၏။✡ တရား၊ ၈:၃။ 
 5 ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊ 
 6 ``ဘုရားသခင်သည်သင့်အားကာကွယ်စောင့် ရှောက်ရန်ကောင်းကင်တမန်တို့အား 
အမိန့်ပေးတော်မူမည်ဖြစ်ရာ၊သူတို့သည် 
သင်၏ခြေကိုကျောက်ခဲများနှင့်မထိမခိုက်မိ စေရန်၊ 
သင့်အားချီပင့်ကြလိမ့်မည်ဟုကျမ်းစာတော်တွင် ပါရှိပါ၏။ 
သို့ဖြစ်၍အရှင်သည်ထာဝရဘုရား၏ သားတော်မှန်လျှင်အောက်သို့ခုန်ချပါလော့'' 
ဟုလျှောက်၏။✡ ဆာ၊ ၉၁:၁၁-၁၂။ 
 7 သခင်ယေရှုကလည်း ``သင်၏ဘုရားသခင် ထာဝရဘုရားကိုအစုံအစမ်းမပြုရဟူ ၍လည်းကျမ်းစာတော်တွင်ပါရှိ၏'' ဟုမိန့် တော်မူ၏။✡ တရား၊ ၆:၁၆။ 
 8 ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။-  9 ထိုနောက် ``ကိုယ်တော်သည်ငါ့အားဦးညွှတ်ရှိခိုး မည်ဆိုပါကဤအရာအလုံးစုံကိုငါပေး မည်'' ဟုဆို၏။ 
 10 ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။✡ တရား၊ ၆:၁၃။ 
 11 ထိုအခါမာရ်နတ်သည်အထံတော်မှထွက်ခွာ သွားလေသည်။ ထိုနောက်ကောင်းကင်တမန်တို့ သည်ကိုယ်တော်ထံသို့ချဉ်းကပ်ပြီးလျှင်လုပ် ကျွေးပြုစုကြ၏။ 
ဂါလိလဲပြည်တွင်သခင်ယေရှု အမှုတော်စတင်ဆောင်ရွက်ခြင်း 
(မာ၊ ၁:၁၄-၁၅။ လု၊ ၄:၁၄-၁၅။) 
 12 သခင်ယေရှုသည်ယောဟန်အဖမ်းခံရကြောင်း ကိုကြားသောအခါဂါလိလဲပြည်သို့ထွက်ခွာ သွားတော်မူ၏။-✡ မ၊ ၁၄:၃။ မာ၊ ၆:၁၇။ လု၊ ၃:၁၉-၂၀။  13 ကိုယ်တော်သည်နာဇရက်မြို့တွင်နေထိုင်တော် မမူဘဲဇာဗုလုန်နယ်နှင့်နဿလိနယ်စပ်ကြား၊ ဂါလိလဲအိုင်အနီးရှိကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။-✡ ယော၊ ၂:၁၂။  14 ဤသို့ပြုတော်မူရခြင်းမှာပရောဖက်ဟေ ရှာယ၏ဟောကြားချက်မှန်ကန်လာစေရန် ပင်ဖြစ်သတည်း။ ပရောဖက်ဟေရှာယက၊ 
 15 ``အို ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ယော်ဒန်မြစ် တစ်ဖက်ကမ်း၊အိုင်လမ်းတစ်လျှောက်၊ 
လူမျိုးခြားတို့နေထိုင်ရာဂါလိလဲပြည်၊✡ ဟေရှာ၊ ၉:၁-၂။ 
 16 အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။ 
သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်'' 
ဟုဟောကြားခဲ့၏။ 
 17 ထိုအခါမှစ၍သခင်ယေရှုသည် ``နောင်တရ ကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ'' ဟုဟောကြားတော်မူ၏။✡ မ၊ ၃:၂။ 
တံငါသည်လေးယောက်ကိုခေါ်တော်မူခြင်း 
(မာ၊ ၁:၁၆-၂၀။ လု၊ ၅:၁-၁၁။) 
 18 သခင်ယေရှုသည်ဂါလိလဲအိုင်အနီးတွင်လျှောက် သွားတော်မူစဉ် တံငါသည်ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူတို့ကားပေတရုခေါ်ရှိမုန်နှင့် သူ၏ညီအန္ဒြေ-တို့ပင်ဖြစ်၏။ သူတို့သည်အိုင်ထဲ တွင်ကွန်ပစ်လျက်နေကြ၏။-  19 သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု သူတို့အားမိန့်တော်မူ၏။-  20 သူတို့သည်ချက်ချင်းပင်မိမိတို့၏ပိုက်ကွန် များကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။ 
 21 ကိုယ်တော်သည်ထိုအရပ်မှဆက်လက်၍လျှောက် သွားတော်မူသောအခါ အခြားညီအစ်ကိုနှစ် ယောက်ဖြစ်သောယာကုပ်နှင့်ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည်ဇေဗေဒဲ၏သားများ ဖြစ်၍ မိမိတို့ဖခင်နှင့်အတူလှေထဲတွင်ပိုက် ကွန်များကိုအသင့်ပြင်လျက်ရှိနေကြ၏။ ကိုယ်တော်သည်သူတို့အားနောက်တော်သို့ လိုက်ရန်ခေါ်ယူတော်မူသောအခါ၊-  22 သူတို့သည်ချက်ချင်းပင်လှေနှင့်ဖခင်ကို ထားခဲ့၍နောက်တော်သို့လိုက်ကြ၏။ 
သွန်သင်ဟောပြောတော်မူခြင်းနှင့် အနာရောဂါများကိုပျောက်ကင်းစေတော်မူခြင်း 
(လု၊ ၆:၁၇-၁၉။) 
 23 ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-✡ မ၊ ၉:၃၅။ မာ၊ ၁:၃၉။  24 ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-  25 ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုရှလင် မြို့၊ ယုဒပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူပရိသတ်ကြီးများသည်ကိုယ်တော်၏နောက် တော်သို့လိုက်ကြကုန်၏။