6
ဒုက္ခရောက်စဉ်အခါကူမတော်မူရန် ဆုတောင်းပတ္ထနာ5 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ 
အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။✡ ဆာ၊ ၃၈:၁။ 
 2 ကျွန်တော်မျိုးသည်မောပန်းနွမ်းနယ်လျက်ရှိ သည်ဖြစ်၍ ကျွန်တော်မျိုးအားသနားတော်မူပါ။ 
လုံးဝအင်အားကုန်ခန်းလျက်ရှိသဖြင့် ပြန်လည်အင်အားပြည့်စေတော်မူပါ။ 
 3 ကျွန်တော်မျိုးသည်ကိုယ်စိတ်နှစ်ပါးပြင်းပြစွာ ဝေဒနာခံစားလျက်ရှိပါ၏။ 
အို ထာဝရဘုရား၊ 
အဘယ်ကာလကြာမှကျွန်တော်မျိုးအား ကူမတော်မူပါမည်နည်း။ 
 4 အို ထာဝရဘုရား၊ 
ကြွလာတော်မူ၍ကျွန်တော်မျိုးအားကယ်တော် မူပါ။ 
ကိုယ်တော်၏ကရုဏာတော်နှင့်အညီကျွန်တော် မျိုးအား သေဘေးမှကယ်ဆယ်တော်မူပါ။ 
 5 မရဏာနိုင်ငံတွင်ကိုယ်တော်အား အောက်မေ့သတိရသူမရှိပါ။ 
ထိုအရပ်တွင်အဘယ်သူမျှကိုယ်တော်အား ထောမနာပြုနိုင်မည်မဟုတ်ပါ။ 
 6 ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ 
ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ 
ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။ 
 7 ရန်သူများကြောင့်ငိုယိုရသဖြင့်ကျွန်တော် မျိုး၏ မျက်စိများသည်ရောင်လျက်ရှိပါ၏။ 
ကြည့်၍ပင်မမြင်နိုင်ပါ။ 
 8 အကျင့်ဆိုးယုတ်သူတို့၊ငါ့ထံမှထွက်သွား ကြလော့။ 
ထာဝရဘုရားသည်ငါ၏ငိုကြွေးသံကို ကြားတော်မူ၏။✡ မ၊ ၇:၂၃။ လု၊ ၁၃:၂၇။ 
 9 ကူမတော်မူရန်ငါတောင်းလျှောက်သံကိုကြား တော်မူ၏။ 
ငါ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူမည်။ 
 10 ငါ၏ရန်သူတို့သည်အရှက်တကွဲ အရေးနိမ့်ကြလိမ့်မည်။ 
သူတို့သည်တစ်ခဏချင်းတွင်ကစဥ့်ကရဲဖြစ်လျက် ပြေးရကြလိမ့်မည်။