93
ဘုရင်ဖြစ်တော်မူသောဘုရားသခင် 
 1 ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ 
ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ 
တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ 
ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ 
တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။ 
 2 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်၏ရာဇပလ္လင်တော်သည်အစအဦးမှ စ၍တည်တံ့ခိုင်မြဲပါ၏။ 
ကိုယ်တော်ရှင်သည်ကပ်ကာလမပေါ်မီကပင်လျှင် ရှိနေတော်မူပါ၏။ 
 3 အို ထာဝရဘုရား၊ သမုဒ္ဒရာသည်အသံကိုဟစ်၍အော်ပါ၏။ 
သမုဒ္ဒရာလှိုင်းတံပိုးသံသည်မြည်ဟည်းပါ၏။ 
 4 ထာဝရဘုရားသည်သမုဒ္ဒရာ မြည်ဟည်းသံထက်လည်းကောင်း၊ 
ပင်လယ်လှိုင်းတံပိုးများထက်လည်းကောင်းသာ၍ တန်ခိုးကြီးပြီးလျှင် 
အချုပ်အခြာအာဏာတော်ဖြင့်ကောင်းကင်ဘုံတွင် စိုးစံတော်မူ၏။ 
 5 အို ထာဝရဘုရား၊ 
ကိုယ်တော်၏ပညတ်တော်တို့သည်ထာဝစဉ် တည်ပါ၏။ 
ကိုယ်တော်ရှင်၏ဗိမာန်တော်သည်လည်းအစဉ် အမြဲ သန့်ရှင်းမြင့်မြတ်တော်မူပါ၏။