129
ဣသရေလအမျိုးသားတို့၏ရန်သူများ အရေးရှုံးနိမ့်ကြစေရန်ဆုတောင်းပတ္ထနာ 
 1 ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် 
သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။ 
 2 ``ငယ်စဉ်အခါမှအစပြု၍ငါ့အားရန်သူတို့သည် ရက်စက်စွာညှဉ်းဆဲခဲ့ကြလေပြီ။ 
သို့ရာတွင်သူတို့သည်ငါ့အပေါ်တွင် အနိုင်မရခဲ့ကြ။ 
 3 သူတို့သည်ငါ၏ကျောကုန်းကိုပြင်းထန်သည့် 
ဒဏ်ရာများရစေသဖြင့်ထွန်ကြောင်းများရှိသည့် လယ်ကွက်သဖွယ်ဖြစ်စေကြ၏။ 
 4 သို့ရာတွင်ဖြောင့်မတ်တော်မူသောအရှင် 
ထာဝရဘုရားသည်ငါ့ကိုကျွန်ဘဝမှ လွတ်မြောက်စေတော်မူလေပြီ'' 
 5 ဇိအုန်မြို့ကိုမုန်းသောသူအပေါင်းတို့သည် အရေးရှုံးနိမ့်လျက်တပ်လန်ကြပါစေသော။ 
 6 သူတို့သည်အိမ်ခေါင်မိုးပေါ်တွင်ပေါက်၍ 
မကြီးထွားမီခြောက်သွေ့သွားသည့် မြက်ပင်များကဲ့သို့ဖြစ်ပါစေသော။ 
 7 ထိုမြက်တို့ကိုအဘယ်သူမျှစုသိမ်းသယ်ယူမှုကို ပြုလိမ့်မည်မဟုတ်။ 
 8 ``ထာဝရဘုရားသည်သင်တို့ကိုကောင်းချီး ပေးတော်မူပါစေသော။ 
ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ 
ငါတို့သည်သင်တို့အားကောင်းချီးပေး ပါ၏'' ဟူ၍ 
အနီးမှဖြတ်သန်းသွားလာသူတို့ကသူတို့အား ပြောဆိုကြလိမ့်မည်မဟုတ်။