142
ကူမတော်မူရန်ဆုတောင်းပတ္ထနာ10 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်ဂူထဲတွင်ရောက်ရှိနေစဉ်စပ်ဆို သောဆာလံ။ 
 1 ကူမတော်မူရန်ငါသည်ထာဝရဘုရားအား ဟစ်ခေါ်ပါ၏။ 
ကိုယ်တော်၏ထံတော်တွင်အသနားခံပါ၏။ 
 2 ငါသည်မိမိအခက်အခဲရှိသမျှကို ကိုယ်တော်အားဖော်ပြပါ၏။ 
ဒုက္ခရှိသမျှကိုကိုယ်တော်အားလျှောက်ထား ပါ၏။ 
 3 ငါသည်လက်လျှော့စိတ်ပျက်သောအခါ၌ ငါသွားရာလမ်းကိုကိုယ်တော်သိတော်မူပါ၏။ 
ငါလျှောက်ရာလမ်းတွင်ရန်သူတို့သည်ငါ၏ အတွက် ထောင်ချောက်ကိုထောင်ထားကြ၏။ 
 4 ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ 
ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။ 
 5 အို ထာဝရဘုရား၊ 
ကူမတော်မူရန်ကျွန်တော်မျိုးသည် အထံတော်သို့ဟစ်အော်ပါ၏။ 
အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ 
ဤဘဝတွင်ကိုယ်တော်ရှင်တစ်ပါးတည်းသာ လျှင် ကျွန်တော်မျိုးတောင့်တပါ၏။ 
 6 ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။ 
ကျွန်တော်မျိုးသည်အလွန်စိတ်ပျက် အားလျော့လျက်ရှိပါ၏။ 
ကျွန်တော်မျိုးထက်များစွာခွန်အားကြီးမား သော 
ရန်သူများ၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ 
 7 ကျွန်တော်မျိုးအားဆင်းရဲဒုက္ခထဲမှလွတ်မြောက် စေတော်မူပါ။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား 
ယင်းသို့ကျေးဇူးပြုတော်မူသောကြောင့် 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်အလယ်တွင် 
ကိုယ်တော်ရှင်အားထောမနာပြုပါမည်။