146
ကယ်တင်ရှင်ဘုရားသခင်အားထောမနာပြုခြင်း 
 1 ထာဝရဘုရားအားထောမနာပြုလော့။ 
အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ 
 2 ငါသည်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်အားထောမနာပြုမည်။ 
တစ်သက်ပတ်လုံးငါ၏ဘုရားအားထောမနာ သီချင်းဆိုမည်။ 
 3 လူတို့၏ခေါင်းဆောင်များကိုမကိုးစားကြနှင့်။ 
အဘယ်လူသားမျှသင်တို့ကိုမကယ်တင်နိုင်။ 
 4 သူတို့သည်သေသောအခါမြေသို့ပြန်ကြရ၍ သူတို့၏အကြံအစည်ပျက်ပြားရကြ၏။ 
 5 ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ 
မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။ 
 6 ကိုယ်တော်သည်ကောင်းကင်၊ကမ္ဘာမြေကြီး 
ပင်လယ်နှင့်တကွယင်းတို့တွင်ရှိသမျှသော အရာတို့ကိုဖန်ဆင်းတော်မူ၏။ 
ကိုယ်တော်သည်သစ္စာတော်ကိုအစဉ်အမြဲ စောင့်တော်မူ၏။✡ တ၊ ၄:၂၄၊ ၁၄:၁၅။ 
 7 ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အား 
မျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ 
ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍ 
 8 မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ 
ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။ 
 9 ကိုယ်တော်သည်ဣသရေလပြည်တွင်နေ ထိုင်သော တိုင်းတစ်ပါးသားတို့အား 
ကွယ်ကာစောင့်ရှောက်တော်မူ၍မုဆိုးမနှင့် မိဘမဲ့သူတို့ကိုကူမတော်မူ၏။ 
သို့ရာတွင်သူယုတ်မာတို့ကိုမူပျက်စီးဆုံးရှုံး စေတော်မူ၏။ 
 10 ထာဝရဘုရားသည်ထာဝစဉ်ဘုရင် ဖြစ်တော်မူလိမ့်မည်။ 
အို ဇိအုန်မြို့၊သင်၏ဘုရားသည်ကာလ အစဉ်အဆက်စိုးစံတော်မူလိမ့်သတည်း။ 
ထာဝရဘုရားအားထောမနာပြုကြလော့။