148
ဘုရားသခင်အားထောမနာပြုရန် စကြဝဠာအားဖိတ်ခေါ်ခြင်း 
 1 ထာဝရဘုရားအားထောမနာပြုကြလော့။ 
အထက်ဘဝဂ်ဝယ်နေထိုင်သူတို့၊ကောင်းကင် ဘုံမှ ထာဝရဘုရားအားထောမနာပြုကြလော့။ 
 2 ကောင်းကင်တမန်အပေါင်းတို့၊ 
ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။ 
 3 နေနှင့်လတို့၊ကိုယ်တော်အားထောမနာပြု ကြလော့။ 
ထွန်းတောက်သောကြယ်တာရာတို့၊ကိုယ်တော် အား ထောမနာပြုကြလော့။ 
 4 ကောင်းကင်ဘဝဂ်နှင့်ကောင်းကင်အထက်ရှိ ရေများ10 * ကောင်းကင်အထက်ရှိရေများ။ က၊၁:၆-၇။ ကိုကြည့်ပါ။ တို့၊ 
ကိုယ်တော်အားထောမနာပြုကြလော့။ 
 5 ထိုအရာရှိသမျှတို့သည်ထာဝရ ဘုရား၏ နာမတော်အားထောမနာပြုကြစေ။ 
ကိုယ်တော်သည်အမိန့်ပေးတော်မူ၍ယင်း တို့ကို ဖန်ဆင်းတော်မူ၏။ 
 6 ကိုယ်တော်၏အမိန့်တော်အရယင်းတို့သည် 
မိမိတို့သက်ဆိုင်ရာနေရာများတွင်အစဉ် အမြဲ တည်နေရကြ၏။ 
ယင်းတို့သည်အမိန့်တော်ကိုမလွန်ဆန်နိုင်ကြ။ 
 7-8 မြွေနဂါးများနှင့်ရေနက်ရာအရပ်အပေါင်းတို့၊ 
လျှပ်စစ်လျှပ်နွယ်နှင့်မိုးသီးတို့၊ 
မိုးပွင့်နှင့်မိုးတိမ်တို့၊ကိုယ်တော်၏အမိန့်တော်ကို နာခံသည့်လေပြင်းမုန်တိုင်းတို့၊ 
ကမ္ဘာမြေကြီးမှနေ၍ထာဝရဘုရားအား ထောမနာပြုကြလော့။ 
 9-10 တောင်ကုန်းများနှင့်တောင်ရိုးတို့၊သစ်သီးပင် များနှင့် သစ်တောတို့တိရစ္ဆာန်ယဉ်နှင့်တိရစ္ဆာန်ရိုင်းတို့၊ 
တွားတတ်သောသတ္တဝါနှင့်ငှက်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။ 
 11-12 ဘုရင်များနှင့်လူမျိုးအပေါင်းတို့၊ 
မင်းညီမင်းသားများနှင့်အုပ်ချုပ်သူအပေါင်း တို့၊ ပျိုရွယ်သူအမျိုးသားနှင့်အမျိုးသမီးတို့၊ 
လူအိုနှင့်ကလေးသူငယ်တို့၊ကိုယ်တော်အား ထောမနာပြုကြလော့။ 
 13 ယင်းတို့သည်ထာဝရဘုရား၏နာမတော် အား ထောမနာပြုကြစေ။ 
ကိုယ်တော်၏နာမတော်သည်နာမရှိသမျှထက် ကြီးမြတ်တော်မူ၏။ 
ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေကြီးနှင့်ကောင်းကင်အထက် ၌ရှိ၏။ 
 14 ကိုယ်တော်သည်မိမိ၏လူစုတော်၊ 
မိမိချစ်မြတ်နိုးတော်မူလှသည့်ဣသရေလ အမျိုးသားတို့အား 
ခွန်အားကြီးမားစေတော်မူသဖြင့်ထိုသူ တို့သည် ကိုယ်တော်အားထောမနာပြုကြ၏။ 
ထာဝရဘုရားအားထောမနာပြုကြလော့။