ဒေ​ဗော​ရ​နှင့်​ဗာ​ရက်
၁ ဧ​ဟု​ဒ​သေ​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။- ၂ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဟာ​ဇာ​မြို့ ၌​မင်း​ပြု​သူ​ခါ​နာန်​ဘု​ရင်​ရာ​ဘိန်​အား သူ​တို့ ကို​တိုက်​ခိုက်​အောင်​မြင်​စေ​တော်​မူ​၏။ ထို​မင်း ၏​စစ်​သူ​ကြီး​မှာ​လူ​မျိုး​ခြား​တို့​နေ​ရာ၊ ဟာ ရော​ရှက်​မြို့​သား​သိ​သ​ရ​ဖြစ်​၏။- ၃ ရာ​ဘိန်​မင်း​ထံ​တွင်​သံ​ရ​ထား​ကိုး​ရာ​ရှိ​၏။ သူ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​နှစ် နှစ်​ဆယ်​တိုင်​တိုင် အ​ကြမ်း​ဖက်​၍​ရက်​စက်​စွာ အုပ်​စိုး​လေ​သည်။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဟစ်​အော်​ကြ​ကုန်​၏။
၄ ထို​အ​ခါ​လ​ဝိ​ဒုတ်​၏​ဇ​နီး​ဒေ​ဗော​ရ​သည် ပ​ရော​ဖက်​မ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​တ​ရား​သူ​ကြီး​တစ်​ဦး​အ​ဖြစ် အ​မှု​ထမ်း​လျက်​နေ​၏။- ၅ သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​တွင်​ရာ​မ မြို့​နှင့် ဗေ​သ​လ​မြို့​စပ်​ကြား​ရှိ​စွန်​ပ​လွံ​ပင် အောက်​၌​ထိုင်​၍​နေ​လေ့​ရှိ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လည်း​အ​ဆုံး​အ​ဖြတ် ကို​ခံ​ယူ​ရန် ထို​အ​ရပ်​သို့​သွား​ရောက်​လေ့ ရှိ​ကြ​၏။- ၆ တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။- ၇ သင့်​ကို​တိုက်​ခိုက်​စေ​ရန်​ရာ​ဘိန်​မင်း​၏​စစ်​သူ ကြီး​သိ​သ​ရ​ကို​ကိ​ရှုန်​မြစ်​သို့​ငါ​ခေါ်​ဆောင် ခဲ့​မည်။ သူ​၏​ထံ​တွင်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ပါ​များ​ပါ​ရှိ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် သင့်​အား​သူ့​ကို​နိုင်​နင်း​အောင်​မြင်​စေ​မည်' ဟု သင့်​အား​မိန့်​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။
၈ ထို​အ​ခါ​ဗာရက်​က``အ​ကယ်​၍​အ​ကျွန်ုပ်​နှင့် အ​တူ အ​ရှင်​လိုက်​မည်​ဆို​လျှင်​အ​ကျွန်ုပ်​သွား ပါ​မည်။ အ​ရှင်​မ​လိုက်​လို​ပါ​က​အ​ကျွန်ုပ် လည်း​မ​သွား​လို​ပါ'' ဟု​ဆို​၏။
၉ ဒေ​ဗော​ရ​က​လည်း``ကောင်း​ပြီ၊ သင်​နှင့်​အ​တူ ငါ​လိုက်​ပါ​အံ့။ သို့​ရာ​တွင်​သင်​သည်​ထို​အောင် ပွဲ​နှင့်​ဆိုင်​သော​ဂုဏ်​အ​သ​ရေ​ကို​ရ​ရှိ​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည်​သိ​သ​ရ​ကို​အ​မျိုး​သ​မီး​လက် သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဒေ​ဗော​ရ​သည် ဗာ​ရက်​နှင့်​အ​တူ​ကိ​ရှန်​မြစ်​သို့​ထွက်​ခွာ သွား​၏။- ၁၀ ဗာ​ရက်​သည်​န​ဿ​လိ​အ​နွယ်​ဝင်​နှင့်​ဇာ​ဗု​လုန် အ​နွယ်​ဝင်​တို့​ကို ကေ​ဒေ​ရှ​မြို့​သို့​ခေါ်​ယူ​ရာ သူ​၏​နောက်​သို့​လူ​ပေါင်း​တစ်​သောင်း​လိုက်​ကြ ၏။ ဒေ​ဗော​ရ​သည်​လည်း​သူ​နှင့်​အ​တူ​လိုက် လေ​သည်။
၁၁ ဤ​အ​တော​အ​တွင်း​၌​ကေ​နိ​အ​မျိုး​သား ဟေ​ဗာ​သည် ကာ​ဒေ​ရှ​မြို့​အ​နီး​ဗာ​နိမ်​အ​ရပ် ရှိ​သ​ပိတ်​ပင်​ခြေ​ရင်း​၌​မိ​မိ​၏​တဲ​ကို​တည် ဆောက်​၏။ သူ​သည်​မော​ရှေ​၏​ယောက်​ဖ၊ ဟော​ဗက် ၏​သား​မြေး​များ​ဖြစ်​သူ​အ​ခြား​ကေ​နိ​အ​နွယ် ဝင်​တို့​ထံ​မှ​ပြောင်း​ရွှေ့​လာ​သူ​ဖြစ်​သ​တည်း။
၁၂ တာ​ဗော်​တောင်​သို့​ဗာ​ရက်​တက်​သွား​သည့် အ​ကြောင်း​ကို သိ​သ​ရ​ကြား​သိ​သော​အ​ခါ၊- ၁၃ သူ​သည်​သံ​ရ​ထား​ကိုး​ရာ​နှင့်​မိ​မိ​၏​လူ အ​ပေါင်း​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင် လူ​မျိုး ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက်​မြို့​မှ​ကိ​ရှုန် မြစ်​သို့​စေ​လွှတ်​လိုက်​လေ​သည်။
၁၄ ထို​အ​ခါ​ဒေ​ဗော​ရ​က​ဗာ​ရက်​အား``သင်​သွား လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ရှေ့​ဆောင် လျက်​နေ​တော်​မူ​ပြီ။ ယ​နေ့​၌​ပင်​ကိုယ်​တော် သည်​သင့်​အား​သိ​သ​ရ​အ​ပေါ်​တွင်​အောင်​ပွဲ ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ပြော​၏။ သို့​ဖြစ်​၍ ဗာ​ရက်​သည်​မိ​မိ​၏​လူ​တစ်​သောင်း​နှင့်​အ​တူ တာ​ဗော်​တောင်​မှ​ဆင်း​ပြီး​နောက်၊- ၁၅ ရန်​သူ​ကို​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​၏​သံ​ရ​ထား​များ​နှင့်​တပ်​သား​တို့ ကို​က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် သိ​သ​ရ သည်​မိ​မိ​ရ​ထား​မှ​ဆင်း​၍​ခြေ​လျင်​ထွက် ပြေး​လေ​၏။- ၁၆ ဗာ​ရက်​သည်​လည်း​သူ​၏​ရ​ထား​များ​နှင့်​တပ် သား​တို့​ကို လူ​မျိုး​ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက် မြို့​သို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ရာ သိ​သ​ရ ၏​တပ်​သား​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် သေ​ဆုံး​ကြ​ကုန်​၏။
၁၇ သိ​သ​ရ​သည်​ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ ၏​ဇ​နီး​ယေ​လ​၏​တဲ​သို့​ထွက်​ပြေး​သွား​လေ သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဟာ​ဇော်​ဘု​ရင် ယာ​ဘိန်​နှင့်​ဟေ​ဗာ​၏​မိ​သား​စု​သင့်​မြတ် မှု​ရှိ​သော​ကြောင့်​ဖြစ်​၏။- ၁၈ ယေ​လ​သည်​ထွက်​၍​သိ​သ​ရ​အား``ကြွ​တော် မူ​ပါ။ ကျွန်​တော်​မ​တဲ​ထဲ​သို့​ဝင်​တော်​မူ​ပါ။ ကြောက်​လန့်​တော်​မ​မူ​ပါ​နှင့်'' ဟု​ဖိတ်​ခေါ် လေ​သည်။ သို့​ဖြစ်​၍​စစ်​သူ​ကြီး​သည်​တဲ​ထဲ သို့​ဝင်​လေ​သော်​ယေလ​သည်​သူ့​အား​ကန့်​လန့် ကာ​တစ်​ခု​၏​နောက်​တွင်​ကွယ်​ဝှက်​၍​ထား​၏။- ၁၉ သူ​က​လည်း``ငါ​ရေ​ငတ်​သည်၊ ရေ​တစ်​ပေါက် လောက်​သောက်​ပါ​ရ​စေ'' ဟု​ယေ​လ​အား​ပြော လျှင်​ယေ​လ​သည်​နွား​နို့​ထည့်​ထား​သော သား​ရေ​ဘူး​ကို​ဖွင့်​၍ နို့​တစ်​ခွက်​ကို​ပေး​ပြီး နောက်​သူ့​အား​ပြန်​၍​ဝှက်​ထား​လေ​သည်။- ၂၀ ထို​နောက်​သိ​သ​ရ​က``သင်​သည်​တဲ​တံ​ခါး​ဝ ၌​စောင့်​နေ​ပါ​လော့။ အ​ကယ်​၍​တဲ​ထဲ​တွင်​လူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော​ဟု​မေး​မြန်း လာ​သူ​ရှိ​ပါ​က`မ​ရှိ​ပါ' ဟု​ပြန်​ပြော​ပါ လေ'' ဟု​ယေ​လ​အား​မှာ​ထား​လိုက်​၏။
၂၁ သိ​သ​ရ​သည်​အ​လွန်​မော​ပန်း​သ​ဖြင့်​အိပ် ပျော်​သွား​လေ​သည်။ ထို​အ​ခါ​ယေ​လ​သည်​တူ တစ်​လက်​နှင့်​တဲ​ရှင်​ငုတ်​ချွန်​တစ်​ချောင်း​ကို​ယူ​၍ သူ့​ထံ​သို့​တိတ်​ဆိတ်​စွာ​သွား​ပြီး​လျှင်​ငုတ် ချွန်​ကို​မြေ​၌​စွဲ​သည်​တိုင်​အောင်​သူ​၏​နား ထင်​သို့​ရိုက်​သွင်း​လိုက်​လေ​သည်။- ၂၂ သိ​သ​ရ​အား​ရှာ​ဖွေ​ရန်​ဗာ​ရက်​ရောက်​ရှိ​လာ သော​အ​ခါ ယေ​လ​သည်​ထွက်​၍​ခ​ရီး​ဦး​ကြို ပြု​လျက်``တဲ​ထဲ​သို့​ဝင်​ပါ။ သင်​ရှာ​ဖွေ​နေ​သူ အား​ကျွန်​မ​ပြ​ပါ​မည်'' ဟု​ပြော​၏။ ဗာ​ရက် သည်​ယေ​လ​နှင့်​အ​တူ​တဲ​ထဲ​သို့​ဝင်​လိုက် သော​အ​ခါ​နား​ထင်​တွင်​တဲ​ရှင်​ငုတ်​ချွန်​စိုက် ၍​သေ​နေ​သူ​သိ​သ​ရ​ကို​တွေ့​မြင်​ရ​တော့​၏။
၂၃ ထို​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ဘု​ရင် ယာ​ဘိန်​၏​အ​ပေါ်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သ​တည်း။- ၂၄ သူ​တို့​သည်​ထို​ဘုရင်​အား​ဆုံး​ရှုံး​ပျက်​စီး​သွား သည့်​တိုင်​အောင်​တိုး​၍​တိုး​၍​ပြင်း​ပြင်း​ထန် ထန်​တိုက်​ခိုက်​ကြ​၏။