ဧ​လိ​ယ​နှင့်​မိုး​ခေါင်​ခြင်း
၁၇
၁ ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။
၂ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​အား၊- ၃ ``ဤ​မြို့​မှ​ထွက်​ခွာ​ကာ​အ​ရှေ့​အ​ရပ်​သို့​သွား ပြီး​လျှင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ခေ​ရိတ် ချောင်း​အ​နီး​တွင်​ပုန်း​အောင်း​လော့။- ၄ သင်​သည်​ထို​ချောင်း​မှ​သောက်​ရေ​ကို​ရ​လိမ့်​မည်။ သင်​ရှိ​ရာ​သို့​အ​စား​အ​စာ​ယူ​ဆောင်​လာ​ရန် ကျီး​အ​တို့​ကို​လည်း​ငါ​မှာ​ထား​ပြီး​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
၅ ဧ​လိ​ယ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက်​ခေ​ရိတ်​ချောင်း​သို့​သွား​ရောက် နေ​ထိုင်​လေ​သည်။- ၆ သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။- ၇ ကာ​လ​အ​တန်​ကြာ​သော​အ​ခါ​မိုး​ခေါင်​သ​ဖြင့် ချောင်း​ရေ​သည်​ခန်း​ခြောက်​လေ​၏။
ဧ​လိ​ယ​နှင့်​ဇ​ရတ္တ​မြို့​သူ​မု​ဆိုး​မ
၈ ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​က​ဧ​လိ​ယ​အား၊- ၉ ``ယ​ခု​သင်​သည်​ဇိ​ဒုန်​မြို့​အ​နီး​ရှိ​ဇ​ရတ္တ​မြို့ သို့​သွား​၍​နေ​ထိုင်​လော့။ ထို​မြို့​သူ​မု​ဆိုး​မ တစ်​ယောက်​အား သင့်​ကို​ကျွေး​မွေး​ရန်​ငါ​မှာ ကြား​ထား​ပြီ'' ဟု​မိန့်​တော်​မူ​၏။- ၁၀ သို့​ဖြစ်​၍​ဧ​လိ​ယ​သည်​ဇ​ရတ္တ​မြို့​သို့​သွား လေ​သည်။ သူ​သည်​မြို့​တံ​ခါး​ဝ​သို့​ရောက်​သော အ​ခါ ထင်း​ခွေ​နေ​သော​မု​ဆိုး​မ​တစ်​ယောက်​ကို တွေ့​သ​ဖြင့်``ငါ့​အား​သောက်​ရေ​တစ်​ပေါက် လောက်​ပေး​ပါ'' ဟု​ပြော​၏။- ၁၁ မု​ဆိုး​မ​သည်​ရေ​ခပ်​ရန်​ထွက်​သွား​သော​အ​ခါ ဧ​လိ​ယ​က``ငါ့​အ​တွက်​မုန့်​အ​နည်း​ငယ်​ကို လည်း​ယူ​လာ​ခဲ့​ပါ'' ဟု​ဟစ်​အော်​၍​ပြော​၏။
၁၂ မု​ဆိုး​မ​က``ကျွန်​မ​မှာ​မုန့်​တစ်​ချပ်​မျှ​မ​ရှိ ကြောင်း အ​သက်​ရှင်​တော်​မူ​သော​သင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ကျိန်​ဆို​ပါ​၏။ မုန့်​ခွက် ထဲ​တွင်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​နှင့်​ဆီ​ဘူး တွင် သံ​လွင်​ဆီ​အ​နည်း​ငယ်​မျှ​သာ​ကျွန်​မ​မှာ ရှိ​ပါ​၏။ ဤ​ရှိ​စု​မဲ့​စု​က​လေး​ဖြင့်​ကျွန်​မ နှင့်​သား​ငယ်​အ​တွက်​မုန့်​လုပ်​၍​မီး​ဖုတ်​စား နိုင်​ရန် ဤ​နေ​ရာ​သို့​လာ​၍​ထင်း​အ​နည်း​ငယ် ခွေ​နေ​ခြင်း​ဖြစ်​ပါ​သည်။ ထို​မုန့်​သည်​ကျွန်​မ တို့​နောက်​ဆုံး​စား​ကြ​ရ​မည့်​အ​စား​အ​စာ​ပင် ဖြစ်​ပါ​သည်။ ထို့​နောက်​ကျွန်​မ​တို့​သည်​အ​စာ ငတ်​၍​သေ​ကြ​ရန်​ပင်​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​လေ​၏။
၁၃ ဧ​လိ​ယ​က​လည်း``မ​စိုး​ရိမ်​နှင့်။ သင်​တို့​စား​ရန် အ​စား​အ​စာ​ကို​သာ​သွား​၍​ပြင်​ဆင်​ပါ​လော့။ သို့​ရာ​တွင်​ဦး​စွာ​ပ​ထ​မ​ငါ​၏​အ​တွက်​မုန့် ပြား​တစ်​ချပ်​ကို​လုပ်​၍​ယူ​ခဲ့​လော့။ နောက်​မှ ကျန်​ရှိ​သော​မုန့်​ညက်​ဖြင့်​သင်​တို့​သား​အ​မိ အ​တွက်​မုန့်​ကို​လုပ်​ပါ​လော့။- ၁၄ အ​ဘယ်​ကြောင့်​ဆို​သော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​မ​ရွာ​စေ​မီ​ကာ​လ အ​တွင်း မုန့်​ခွက်​တွင်​မုန့်​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​သော​ကြောင့်​ဖြစ်​သည်'' ဟု မု​ဆိုး​မ​အား​ပြော​လေ​၏။
၁၅ မု​ဆိုး​မ​သည်​ဧ​လိ​ယ​ပြော​သည့်​အ​တိုင်း​ပြု သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ရက်​ပေါင်း​များ​စွာ စား​ရန်​အ​တွက် အ​စား​အ​စာ​ကို​အ​လုံ အ​လောက်​ရ​ရှိ​ကြ​လေ​သည်။- ၁၆ ဧ​လိ​ယ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​က​တိ ပေး​တော်​မူ​ခဲ့​သည့်​အ​တိုင်း မုန့်​ခွက်​တွင်​မုန့် ညက်​မ​ပြတ်။ ဆီ​ဘူး​တွင်​လည်း​ဆီ​မ​ပြတ်။
၁၇ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ မု​ဆိုး​မ ၏​သား​သည်​ဖျား​နာ​၍ သူ​၏​ရော​ဂါ​အ​ခြေ အ​နေ​မှာ​ဆိုး​သည်​ထက်​ဆိုး​၍​လာ​ပြီး​လျှင် နောက်​ဆုံး​၌​သူ​ငယ်​သည်​သေ​ဆုံး​သွား​တော့ ၏။- ၁၈ မု​ဆိုး​မ​သည်​ဧလိယ​အား``အို ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ၊ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​မ အား​ဤ​သို့​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ရှင် သည်​ကျွန်​မ​၏​သား​သေ​ရ​အောင်​ဘု​ရား​သ​ခင်​အား ကျွန်​မ​၏​အ​ပြစ်​များ​ကို​ပြန် လည်​သ​တိ​ပေး​ရန်​အ​တွက် ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဆို​၏။
၁၉ ဧ​လိ​ယ​က``သင်​၏​သား​ကို​ငါ့​အား​ပေး​လော့'' ဟု​ဆို​ကာ​မု​ဆိုး​မ​၏​လက်​မှ​သူ​ငယ်​ကို​ယူ​၍ မိ​မိ​တည်း​ခို​ရာ​အ​ထက်​ခန်း​သို့​ပွေ့​ချီ​သွား ပြီး​လျှင် အိပ်​ရာ​ပေါ်​တွင်​ချ​ထား​လိုက်​၏။- ၂၀ ထို့​နောက်​သူ​သည်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဤ​မု​ဆိုး​မ​အား​အ​ဘယ် ကြောင့်​ကိုယ်​တော်​သည် ဤ​သို့​ထိတ်​လန့်​ဖွယ် ကောင်း​သော​အ​မှု​ကို​ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​မျိုး​သ​မီး​သည်​ကျွန်ုပ်​အား​ကောင်း​စွာ ကျွေး​မွေး​ပြု​စု​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​ကိုယ် တော်​သည်​သူ​၏​သား​ငယ်​ကို​သေ​စေ​တော် မူ​ပါ​ပြီ'' ဟု​ကျယ်​လောင်​စွာ​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။- ၂၁ ထို့​နောက်​ဧ​လိ​ယ​သည်​သူ​ငယ်​၏​အ​ပေါ်​တွင် သုံး​ကြိမ်​တိုင်​တိုင်​ဝမ်း​လျား​မှောက်​ပြီး​လျှင်``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ​က​လေး​ကို​အ​သက်​ပြန်​၍​ရှင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​၏။- ၂၂ ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​လိ​ယ​၏​ပန်​ကြား ချက်​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် က​လေး သည်​ထွက်​သက်​ဝင်​သက်​ကို​ပြန်​လည်​ရ​ရှိ ကာ​အ​သက်​ပြန်​၍​ရှင်​လာ​လေ​သည်။
၂၃ ဧ​လိ​ယ​သည်​သူ​ငယ်​ကို​အိမ်​အောက်​ထပ်​သို့ ချီ​ဆောင်​သွား​ပြီး​လျှင် မိ​ခင်​ဖြစ်​သူ​အား``ကြည့် လော့။ သင်​၏​သား​သည်​အ​သက်​ရှင်​လျက်​ရှိ ပါ​၏'' ဟု​ဆို​၏။
၂၄ ထို​အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝရ​ဘု​ရား​သည်​အ​ရှင်​အား​ဖြင့်​ဗျာ​ဒိတ် ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ယ​ခု ကျွန်​မ​သိ​ပါ​ပြီ'' ဟု​ပြန်​ပြော​လေ​၏။
၁၇:၁ ယာ၊ ၅:၁၇။ ၁၇:၉ လု၊ ၄:၂၅-၂၆။ ၁၇:၂၁ ၄ရာ၊ ၄:၃၄-၃၅။