အ​ဗ​ရှ​လုံ​အား​ပြန်​လာ​ခွင့်​ပြု​ရန်​ယွာ​ဘ စီ​စဉ်​ပေး​ခြင်း
၁၄
၁ ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​ကို ဒါ​ဝိဒ်​မင်း​လွန်​စွာ​လွမ်း​ဆွတ်​တ​သ​လျက်​နေ ကြောင်း​သိ​၏။- ၂ ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။- ၃ ထို​နောက်​ဘု​ရင်​၏​ထံ​တော်​သို့​သွား​၍​ငါ​ပြော သည့်​အ​တိုင်း​လျှောက်​ထား​လော့'' ဟု​ဆို​ပြီး နောက်​မင်း​ကြီး​အား​မည်​သို့​လျှောက်​ထား​ရ မည်​ကို​သင်​ကြား​ပေး​၏။
၄ ထို​အ​မျိုး​သ​မီး​သည်​ဘု​ရင့်​ထံ​သို့​သွား​၍ ပျပ်​ဝပ်​ရှိ​ခိုး​လျက်``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​ကယ်​တော်​မူ​ပါ'' ဟု​လျှောက်​၏။
၅ မင်း​ကြီး​က``သင်​သည်​အ​ဘယ်​အ​ရာ​ကို အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
အ​မျိုး​သ​မီး​က``ကျွန်​တော်​မ​သည်​ဆင်း​ရဲ သူ​မု​ဆိုး​မ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​၏​ခင်​ပွန်း သည်​သေ​ပါ​ပြီ။- ၆ ကျွန်​တော်​မ​တွင်​သား​နှစ်​ယောက် ရှိ​ပါ​၏။ တစ်​နေ့ သော​အ​ခါ​သူ​တို့​သည်​ဖျန်​ဖြေ​ပေး​မည့်​သူ​တစ် ဦး​တစ်​ယောက်​မျှ​မ​ရှိ​သည့်​လယ်​ကွင်း​ထဲ​၌​ရန် ဖြစ်​ကြ​သ​ဖြင့် တစ်​ယောက်​က​အ​ခြား​တစ် ယောက်​ကို​သတ်​ဖြတ်​လိုက်​ပါ​၏။- ၇ သို့​ဖြစ်​၍​အ​ရှင်၊ ယ​ခု​အ​ခါ​ကျွန်​တော်​မ​၏ ဆွေ​မျိုး​တို့​သည်​ကျွန်​တော်​မ​အား​ရန်​ဘက်​ပြု ကာ ကျွန်​တော်​မ​၏​သား​ငယ်​ကို​သူ​၏​အစ်​ကို အား​သတ်​သည့်​အ​တွက်​သေ​စား​သေ​စေ​ရန် အပ်​ရ​မည်​ဟု​တောင်း​ဆို​နေ​ကြ​ပါ​၏။ ဤ အ​တိုင်း​သာ​ထို​သူ​တို့​ပြု​ကြ​ပါ​မူ​ကျွန် တော်​မ​၏​နောက်​ဆုံး​မျှော်​လင့်​အား​ထား​ရာ သား​တစ်​ယောက်​မျှ​ကျန်​ရှိ​တော့​မည်​မ​ဟုတ် ပါ။ ကျွန်​တော်​မ​ခင်​ပွန်း​၏​မျိုး​ဆက်​သည် လည်း​ပြတ်​သွား​ပါ​လိမ့်​မည်'' ဟု​လျှောက် လေ​၏။
၈ မင်း​ကြီး​က``ဤ​အ​မှု​ကို​ငါ​ဆောင်​ရွက်​ပေး မည်။ သင်​အိမ်​သို့​ပြန်​လော့'' ဟု​ဆို​လျှင်၊
၉ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် အ​ဘယ်​သို့​ပင်​ပြု​သည်​မ​ဆို​ကျွန်​တော်​မ နှင့်​မိ​သား​စု​တို့​အ​ပေါ်​အ​ပြစ်​ရောက်​ပါ စေ​သော။ အ​ရှင်​နှင့်​အရှင့်​ဆွေ​တော်​မျိုး​တော် တို့​သည်​အ​ပြစ်​ကင်း​ကြ​ပါ​စေ​သော'' ဟု လျှောက်​၏။
၁၀ မင်း​ကြီး​က``အ​ကယ်​၍​သင့်​အား​ခြိမ်း​ခြောက် သူ​ရှိ​လျှင်​သူ့​အား​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ သူ သည်​သင့်​ကို​နောက်​တစ်​ဖန်​မ​နှောင့်​ယှက်​ရ'' ဟု ဆို​၏။
၁၁ အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​မင်း​ကြီး၊ ကျွန် တော်​မ​၏​သား​ကြီး​အ​တွက်​လက်​စား​ချေ​ရန် ကြံ​စည်​နေ​ကြ​သော​ဆွေ​မျိုး​တို့​သည် ကျွန်​တော် မ​၏​သား​ငယ်​ကို​သတ်​ခြင်း​အား​ဖြင့် ပို​မို​ကြီး လေး​သည့်​ရာ​ဇ​ဝတ်​မှု​ကို​မ​ပြု​ကြ​စေ​ရန် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။
ထို​အ​ခါ​ဒါ​ဝိဒ်​က``သင်​၏​သား​ငယ်​သည်​စိုး စဉ်း​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​ရန် အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ငါ​က​တိ​ပြု​၏'' ဟု​ဆို​၏။
၁၂ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​စ​ကား​တစ်​ခွန်း​ထပ်​မံ​လျှောက်​ထား ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​သော​အ​ခါ၊
မင်း​ကြီး​က``လျှောက်​လော့'' ဟု​ဆို​၏။
၁၃ အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား အ​ဘယ် ကြောင့်​မ​တ​ရား​ပြု​တော်​မူ​ပါ​သ​နည်း။ ပြည် နှင်​ဒဏ်​သင့်​သူ​သား​တော်​ကို​ပြန်​လာ​ခွင့်​ပေး တော်​မ​မူ​သ​ဖြင့် အ​ရှင်​သည်​ယ​ခု​ပင်​မိန့်​ကြား တော်​မူ​ခဲ့​သည့်​စ​ကား​အ​ရ မိ​မိ​ကိုယ်​ကို ပြန်​၍​အ​ပြစ်​ဒဏ်​သင့်​စေ​တော်​မူ​ပါ​ပြီ။- ၁၄ ကျွန်​တော်​မ​တို့​အား​လုံး​ပင်​သေ​ရ​ကြ​မည့် သူ​များ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​တို့​သည်​မြေ ပေါ်​သို့​ဖိတ်​ကျ​သွား​သော​ရေ​နှင့်​တူ​ပါ​၏။ ယင်း​ရေ​ကို​နောက်​တစ်​ဖန်​ကျုံး​၍​မ​ယူ​နိုင် တော့​ပါ။ ဘု​ရား​သ​ခင်​ပင်​လျှင်​သေ​သူ​ကို ပြန်​၍​ရှင်​စေ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ဘု​ရင် သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တစ်​ဦး​ကို​ပြန် လည်​ခေါ်​ယူ​နိုင်​ပါ​၏။- ၁၅ အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​ထံ​သို့​ကျွန်​တော် မ​လာ​ရောက်​လျှောက်​ထား​ရ​သည့်​အ​ကြောင်း မှာ လူ​တို့​သည်​ကျွန်​တော်​မ​အား​ခြိမ်း​ခြောက် ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန် တော်​မ​၏​ပြန်​ကြား​ချက်​အ​တိုင်း​ပြု​တော် မူ​လိမ့်​မည်​ဟု​မျှော်​လင့်​လျက်​ကျွန်​တော်​မ သည်​အ​ရှင့်​အား​လျှောက်​ထား​ရ​သော်​ကောင်း အံ့​ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​ပါ​၏။- ၁၆ မင်း​ကြီး​သည်​ကျွန်​တော်​မ​၏​သား​ကို​သတ် ၍​မိ​မိ​လူ​မျိုး​တော်​အား ဘု​ရား​သခင်​ပေး တော်​မူ​သည့်​ပြည်​မှ​ပယ်​ရှား​ရန်​ကြိုး​စား သူ​တို့​၏​လက်​မှ​ကျွန်​တော်​မ​ကို​ကယ်​တော် မူ​မည်​ဖြစ်​ကြောင်း​ကျွန်​တော်​မ​သည်​တွေး တော​မိ​ပါ​၏။- ၁၇ အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့ ကောင်း​မ​ကောင်း​ကို​ပိုင်း​ခြား သိ​မြင်​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မ သည်​အ​ရှင်​၏​က​တိ​တော်​အ​တိုင်း အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်​ဟု​တစ်​ကိုယ်​တည်း ပြော​ဆို​နေ​မိ​ပါ​၏။ အ​ရှင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​နှင့်​အ​တူ​ရှိ တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။
၁၈ မင်း​ကြီး​က``သင့်​အား​မေး​ခွန်း​တစ်​ခု​ကို​ငါ မေး​မည်။ သင်​သည်​မှန်​သည့်​အ​တိုင်း​ပွင့်​လင်း စွာ​ဖြေ​ကြား​ရ​မည်'' ဟု​ဆို​သော်၊
အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​မေး​လို​ရာ မေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။
၁၉ မင်း​ကြီး​က``ဤ​သို့​ငါ့​အား​လျှောက်​ထား​ရန် သင့်​အား​စေ​ခိုင်း​သူ​မှာ​ယွာ​ဘ​ပေ​လော'' ဟု မေး​တော်​မူ​၏။
အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​၏​မေး ခွန်း​ကို​ဖြေ​ကြား​ရန်​လွှဲ​ဖယ်​၍​မ​ဖြစ်​နိုင်​ကြောင်း ကျွန်​တော်​မ​ကျိန်​ဆို​လျှောက်​ထား​ပါ​၏။ မည်​သို့ ပြု​ရ​မည်​ကို​လည်း​ကောင်း၊ မည်​သို့​လျှောက်​ထား ရ​မည်​ကို​လည်း​ကောင်း သင်​ကြား​ပေး​သူ​မှာ ကိုယ်​တော့်​ကျွန်​ယွာ​ဘ​ပင်​ဖြစ်​ပါ​၏။- ၂၀ သူ​သည်​ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​၏ အ​ခြေ​အ​နေ​ကို​ပြောင်း​လဲ​စေ​ရန်​ပင်​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဉာဏ်​ပ​ညာ​ရှိ​၍​ဖြစ် ပျက်​သည့်​အ​မှု​အ​ရာ​မှန်​သ​မျှ​ကို​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။
၂၁ ထို​နောက်​မင်း​ကြီး​သည်​ယွာ​ဘ​အား``သင်​အ​လို ရှိ​သည့်​အ​တိုင်း​ပြု​ရန်​ငါ​ဆုံး​ဖြတ်​ပြီး​ပြီ။ ထို သူ​ငယ်​အ​ဗ​ရှ​လုံ​ကို​သွား​၍​ခေါ်​လော့'' ဟု မိန့်​တော်​မူ​၏။
၂၂ ယွာ​ဘ​သည်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ရှင်​သည် အ​ကျွန်ုပ်​အား​နှစ်​သက်​တော်​မူ​ကြောင်း​ယ​ခု အ​ကျွန်ုပ်​သိ​ရှိ​ရ​ပါ​ပြီ။ အ​ဘယ်​ကြောင့်​ဆို သော်​အ​ရှင်​သည်​အ​ကျွန်ုပ်​ပန်​ကြား​သည့် အ​တိုင်း​ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။- ၂၃ ထို​နောက်​သူ​သည်​ထ​၍​ဂေ​ရှု​ရ​မြို့​သို့​သွား​၍ အ​ဗ​ရှ​လုံ​အား​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည် ခေါ်​ခဲ့​၏။- ၂၄ သို့​ရာ​တွင်​မင်း​ကြီး​သည်​အ​ဗ​ရှ​လုံ​အား နန်း​တော်​တွင်း​၌​နေ​ထိုင်​ခွင့်​မ​ပြု​ရန်​အ​မိန့် ထုတ်​ဆင့်​တော်​မူ​၏။ မင်း​ကြီး​က``ငါ​သည်​သူ့ ကို​မ​တွေ့​မ​မြင်​လို'' ဟု​ဆို​၏။ ထို့​ကြောင့် အ​ဗ​ရှ​လုံ​သည်​ကိုယ်​ပိုင်​အိမ်​တော်​တွင်​နေ ထိုင်​ရ​သော်​လည်း​မင်း​ကြီး​၏​ရှေ့​တော်​သို့ ဝင်​ရောက်​ခွင့်​မ​ရ​ချေ။
ဒါ​ဝိဒ်​နှင့်​အ​ဗ​ရှ​လုံ​ပြန်​လည် သင့်​မြတ်​လာ​ခြင်း
၂၅ ဣ​သ​ရေ​လ​ပြည်​တွင်​ရုပ်​ရည်​ချော​မော​မှု ကြောင့်​အ​ဗ​ရှ​လုံ​ကဲ့​သို့ ထင်​ပေါ်​ကျော်​ကြား သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ​သည်​ဦး ခေါင်း​မှ​ခြေ​ဖျား​တိုင်​ခြောက်​ပြစ်​ကင်း​သူ ဖြစ်​၏။- ၂၆ သူ​၏​ဆံ​ပင်​သည်​အ​လွန်​ကောင်း​၍​ရှည်​လွန်း လေး​လွန်း​သ​ဖြင့် ယင်း​ကို​တစ်​နှစ်​လျှင်​တစ် ကြိမ်​ဖြတ်​ပစ်​ရ​လေ​သည်။ ဖြတ်​လိုက်​သည့် ဆံ​ပင်​သည်​တော်​ဝင်​စံ​မီ​အ​လေး​ချိန်​အား ဖြင့်​ငါး​ပေါင်​ခန့်​ရှိ​၏။- ၂၇ အ​ဗ​ရှ​လုံ​တွင်​သား​သုံး​ယောက်​နှင့်​တာ​မာ​မည် သော​သ​မီး​တစ်​ယောက်​ရှိ​၏။ ထို​အ​မျိုး​သ​မီး သည်​အ​လွန်​အ​ဆင်း​လှ​၏။
၂၈ အ​ဗ​ရှ​လုံ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​မ​ဝင် ရ​ဘဲ ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး​နေ ထိုင်​လေ​သည်။- ၂၉ သူ​သည်​ယွာ​ဘ​အား​မိ​မိ​၏​အ​တွက်​မင်း​ကြီး ထံ​စေ​လွှတ်​လို​သ​ဖြင့်​ခေါ်​စေ​ရာ ယွာ​ဘ​သည် မ​လာ​ဘဲ​နေ​၏။ နောက်​တစ်​ကြိမ်​ခေါ်​စေ​သော် လည်း​ယွာ​ဘ​မ​လာ​ဘဲ​နေ​ပြန်​၏။- ၃၀ ထို့​ကြောင့်​အ​ဗ​ရှ​လုံ​သည်​မိ​မိ​၏​အ​စေ​ခံ တို့​အား``ကြည့်​လော့၊ ယွာ​ဘ​၏​လယ်​သည်​ငါ့ လယ်​နှင့်​ကပ်​လျက်​နေ​၏။ ထို​လယ်​တွင်​မု​ယော စ​ပါး​ခင်း​များ​ရှိ​၏။ ယင်း​တို့​ကို​မီး​ရှို့​ပစ် လော့'' ဟု​ဆို​လျှင်​အ​စေ​ခံ​တို့​သည်​ထို လယ်​ကို​သွား​၍​မီး​ရှို့​ကြ​၏။
၃၁ ယွာ​ဘ​သည်​အ​ဗ​ရှ​လုံ​၏​အိမ်​သို့​သွား​၍``အ​ရှင် ၏​အ​စေ​ခံ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​၏ လယ်​ကို​မီး​ရှို့​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
၃၂ အ​ဗ​ရှ​လုံ​က``ငါ့​အ​တွက်​လျှောက်​ထား​ပေး​ရန် သင့်​အား​ဘု​ရင့်​ထံ​သို့​စေ​လွှတ်​လို​သ​ဖြင့် အ​ခေါ် ခိုင်း​ခဲ့​ပါ​၏။ ငါ​သည်​အ​ဘယ်​ကြောင့်​ဂေ​ရှု​ရ​မြို့ မှ​ထွက်​ခွာ​၍​ဤ​အ​ရပ်​သို့​လာ​ရောက်​မိ​ပါ​သ နည်း။ ထို​မြို့​တွင်​နေ​ရ​သည်​က​ငါ့​အ​တွက်​ပို ၍​ပင်​ကောင်း​မည်။ ဘု​ရင်​နှင့်​တွေ့​ဆုံ​ခွင့်​ရ​ရန် ငါ့​အ​တွက်​စီ​စဉ်​ပေး​စေ​လို​ပါ​သည်။ အ​ကယ် ၍​ငါ့​မှာ​အ​ပြစ်​ရှိ​ခဲ့​လျှင်​မင်း​ကြီး​သည်​ငါ့ ကို​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ယွာ​ဘ အား​ပြော​၏။
၃၃ သို့​ဖြစ်​၍​ယွာ​ဘ​သည်​မင်း​ကြီး​ထံ​သို့​သွား​၍ ထို​အ​ကြောင်း​ကို​လျှောက်​ထား​၏။ မင်း​ကြီး​သည် အဗ​ရှ​လုံ​အား​အ​ခေါ်​ခိုင်း​သ​ဖြင့် အ​ဗ​ရှ​လုံ သည်​လာ​ရောက်​၍​ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ် လေ​၏။ မင်း​ကြီး​သည်​သူ့​အား​နမ်း​ရှုပ်​လေ​၏။
၁၄:၁၇ ၂ရာ၊ ၁၉:၂၇။