9
၁ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ နာ​မည်​မှာ​ကိ​ရှ​ဖြစ်​၏။ သူ့​အ​ဖ​သည်​အ​ဗျေ​လ၊ အ​ဖိုး​ကား​ဇေ​ရော်​ဖြစ်​၏။ သူ​သည်​အာ​ဖိ​သား ချင်း​စု​ဝင်​ဖြစ်​သော​ဗေ​ခေါ​ရတ်​အိမ်​ထောင်​စု မှ​ဆင်း​သက်​လာ​သူ​တည်း။ ကိ​ရှ​သည်​ချမ်း​သာ ကြွယ်​ဝ​၍​သြ​ဇာ​တိ​က္က​မ​ရှိ​သူ​တစ်​ယောက် ဖြစ်​ပေ​သည်။- ၂ သူ့​မှာ​ရှော​လု​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ထို​သား​သည်​ပျို​ရွယ်​၍​အ​ဆင်း လှ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ တို့​ထက်​အ​ရပ်​တစ်​ပေ​မျှ​ပို​၍​မြင့်​၏။ အ​ဆင်း​လည်း​ပို​၍​လှ​၏။
၃ ကိ​ရှ​သည်​မိ​မိ​၏​မြည်း​အ​ချို့​ပျောက်​သွား သ​ဖြင့် ရှော​လု​အား``အ​စေ​ခံ​တစ်​ယောက်​ကို ခေါ်​ပြီး​လျှင်​မြည်း​တို့​ကို​လိုက်​ရှာ​ပါ​လော့'' ဟု​ဆို​၏။- ၄ သူ​တို့​နှစ်​ယောက်​သည်​ဧ​ဖ​ရိမ်​တောင်​ပိုင်း အ​ရပ်​နှင့် ရှ​လိ​ရှ​ဒေ​သ​တစ်​လျှောက်​တွင် ရှာ​ဖွေ​ကြ​သော်​လည်း​မြည်း​များ​ကို​မ​တွေ့ ကြ။ သို့​ဖြစ်​၍​သူ​တို့​သည်​ရှာ​လိမ်​ဒေ​သ တစ်​လျှောက်​တွင်​ရှာ​ကြ​၏။ သို့​ရာ​တွင်​မြည်း တို့​သည်​ထို​အ​ရပ်​တွင်​မ​ရှိ။ ထို​နောက်​သူ တို့​သည်​ဗင်္ယာ​မိန်​နယ်​တွင်​လိုက်​၍​ရှာ​ကြ​၏။ ဤ​အ​ရပ်​တွင်​လည်း​မြည်း​တို့​ကို​မ​တွေ့ ကြ။- ၅ သူ​တို့​သည်​ဇု​ဖ​ဒေ​သ​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ရှော​လု​က​သူ​၏​အ​စေ​ခံ အား``ငါ​တို့​အိမ်​သို့​ပြန်​ကြ​စို့။ သို့​မ​ဟုတ် ပါ​မူ​ငါ​၏​အ​ဖ​သည်​မြည်း​တို့​အ​တွက် စိုး​ရိမ်​ပူ​ပန်​မည့်​အ​စား​ငါ​တို့​အ​တွက် စိုး​ရိမ်​ပူ​ပန်​လိမ့်​မည်'' ဟု​ဆို​၏။
၆ အ​စေ​ခံ​က``ဆိုင်း​ငံ့​ပါ​ဦး။ ဤ​မြို့​တွင်​သူ​တော် စင်​တစ်​ဦး​ရှိ​ပါ​၏။ သူ​ပြော​သ​မျှ​စ​ကား​တို့ သည်​အ​မှန်​ပင်​ဖြစ်​ပျက်​လာ​သ​ဖြင့် သူ့​အား လူ​တို့​ရို​သေ​လေး​စား​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့ သူ့​ထံ​ကို​သွား​ကြ​ပါ​စို့။ မြည်း​များ​အား အ​ဘယ်​အ​ရပ်​တွင်​ရှာ​ရ​မည်​ကို​သူ​သည် အ​ကျွန်ုပ်​တို့​အား​ဖော်​ပြ​ကောင်း​ဖော်​ပြ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​၏။
၇ ရှော​လု​က``ထို​သူ​ထံ​ကို​သွား​လျှင်​ငါ​တို့ အ​ဘယ်​အ​ရာ​ကို​ပေး​လှူ​ရ​ပါ​မည်​နည်း။ ငါ တို့​တွင်​ပါ​သ​မျှ​သော​အ​စား​အ​စာ​လည်း ကုန်​ချေ​ပြီ။ ငါ​တို့​မှာ​သူ့​အား​ပေး​စ​ရာ ဘာ​မျှ​မ​ရှိ'' ဟု​ဆို​၏။
၈ အ​စေ​ခံ​က``အ​ကျွန်ုပ်​မှာ​ငွေ​တစ်​မတ်​သာ​ရှိ ပါ​သည်။ ထို​ငွေ​ကို​သူ့​အား​ပေး​နိုင်​ပါ​သည်။ ထို အ​ခါ​သူ​သည်​မြည်း​များ​အ​ဘယ်​အ​ရပ်​တွင် ရှိ​သည်​ကို အ​ကျွန်ုပ်​တို့​အား​ပြော​ပြ​ပါ​လိမ့် မည်'' ဟု​ပြန်​ပြော​၏။
၉-၁၁ ရှော​လု​က​လည်း``ကောင်း​ပြီ။ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​တော်​စင်​နေ ထိုင်​ရာ​မြို့​သို့​သွား​ကြ​၏။ မြို့​တည်​ရာ​တောင်​ကုန်း ကို​တက်​၍​သွား​ကြ​စဉ် သူ​တို့​သည်​လမ်း​တွင်​ရေ ခပ်​ရန်​လာ​သော​အ​မျိုး​သ​မီး​က​လေး​အ​ချို့​နှင့် တွေ့​သ​ဖြင့်``ထို​မြို့​ထဲ​၌​ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ ရှိ​ပါ​၏​လော'' ဟု​မေး​မြန်း​စုံ​စမ်း​ကြ​၏။
(ထို​ခေတ်​အ​ခါ​က​ပ​ရော​ဖက်​အား​ရှေး​ဖြစ်​ကို ဟော​နိုင်​သူ​ဟု​ခေါ်​ဝေါ်​ကြ​၏။ သို့​ဖြစ်​၍​လူ တစ်​ဦး​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ လျှောက်​ထား​မေး​မြန်း​လို​သော​အ​ခါ``ရှေ့​ဖြစ် ကို​ဟော​နိုင်​သူ​ထံ​သို့​ငါ​တို့​သွား​ကြ​ကုန် အံ့'' ဟု​ဆို​လေ့​ရှိ​သ​တည်း။)
၁၂-၁၃ အ​မျိုး​သ​မီး​က​လေး​များ​က​လည်း``ရှိ​ပါ သည်။ အ​မှန်​မှာ​သူ​သည်​သင်​တို့​မ​လာ​မီ က​လေး​က​မှ​ရောက်​ရှိ​လာ​ပါ​သည်။ သင်​တို့ မြန်​မြန်​သွား​လျှင်​သူ့​ကို​မီ​ပါ​လိမ့်​မည်။ သင် တို့​မြို့​ထဲ​ကို​ဝင်​လျှင်​ဝင်​ချင်း​သူ့​အား​တွေ့ ရှိ​ပါ​လိမ့်​မည်။ လူ​တို့​သည်​တောင်​ကုန်း​ပေါ် ရှိ​ယဇ်​ပလ္လင်​တွင်​ပူ​ဇော်​သကာ​ဆက်​သ​ကြ မည်​ဖြစ်​၍ ထို​သူ​သည်​မြို့​သို့​ယ​နေ့​ရောက် ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ သူ​မ​ရောက်​မ​ချင်း ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည်​စား​သောက်​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​ယဇ်​ကောင်​ကို​ဦး​စွာ​ကောင်း​ချီး​ပေး ရ​မည်​ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။ ထို​ကြောင့် သင်​တို့​သည်​မြို့​ထဲ​သို့​ဝင်​လျှင်​ဝင်​ချင်း ထို​သူ​တောင်​ထိပ်​သို့​စား​သောက်​ရန်​မ​တက် မီ​သူ့​အား​တွေ့​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။- ၁၄ သို့​ဖြစ်​၍​ရှော​လု​နှင့်​အ​စေ​ခံ​တို့​သည်​မြို့ သို့​သွား​ကြ​၏။ သူ​တို့​သည်​မြို့​ထဲ​သို့​ဝင်​မည် အ​ပြု​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​သို့​ထွက် ခွာ​၍​လာ​နေ​သော​ရှ​မွေ​လ​ကို​တွေ့​ကြ​၏။
၁၅ ရှော​လု​ရောက်​မ​လာ​မီ​တစ်​နေ့​၌​ရှ​မွေ​လ အား ထာ​ဝ​ရ​ဘု​ရား​က၊- ၁၆ ``နက်​ဖြန်​ဤ​အ​ချိန်​လောက်​၌​ဗင်္ယာ​မိန်​အ​နွယ် ဝင်​လူ​တစ်​ယောက်​ကို သင့်​ထံ​သို့​ငါ​စေ​လွှတ် လိုက်​မည်။ သူ့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​လော့။ သူ​သည် ငါ​၏​လူ​မျိုး​တော်​ကို​ဖိ​လိတ္တိ​အ​မျိုး​သား တို့​၏​ဘေး​မှ​ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​ဆင်း​ရဲ​ဒုက္ခ​ကို မြင်​ရ​ပြီ။ သူ​တို့​ဟစ်​အော်​၍​အ​ကူ​အ​ညီ တောင်း​ခံ​သံ​များ​ကို​လည်း​ကြား​ရ​ပြီ'' ဟု မိန့်​တော်​မူ​၏။
၁၇ ရှော​လု​ကို​ရှ​မွေ​လ​တွေ့​မြင်​ချိန်​၌​ထာ​ဝ​ရ ဘု​ရား​က``သင့်​အား​ငါ​ဖော်​ပြ​ခဲ့​သော​သူ ကား​ဤ​သူ​ပင်​ဖြစ်​၏။ သူ​သည်​ငါ​၏​လူ​မျိုး တော်​ကို​အုပ်​စိုး​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- ၁၈ ထို​နောက်​ရှော​လု​သည်​မြို့​တံ​ခါး​အ​နီး​ရှိ ရှ​မွေ​လ​ထံ​သို့​ချဉ်း​ကပ်​၍``ရှေ့​ဖြစ်​ကို​ဟော နိုင်​သူ​သည်​အ​ဘယ်​အ​ရပ်​မှာ​နေ​ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​ပြော​ပြ​ပါ​လော့'' ဟု​တောင်း ပန်​၏။
၁၉ ရှ​မွေ​လ​က``ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ​သည် ငါ ပင်​ဖြစ်​၏။ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တော် သို့​ငါ​၏​ရှေ့​မှ​သွား​လော့။ သင်​တို့​နှစ်​ယောက် စ​လုံး ယ​နေ့​ငါ​နှင့်​အ​တူ​စား​သောက်​ရ​ကြ မည်။ နက်​ဖြန်​နံ​နက်​၌​ငါ​သည်​သင်​တို့​၏​မေး ခွန်း​ရှိ​သ​မျှ​ကို​ဖြေ​ကြား​ပြီး​နောက် သင် တို့​အား​အိမ်​သို့​ပြန်​စေ​မည်။- ၂၀ လွန်​ခဲ့​သော​သုံး​ရက်​က​ပျောက်​ဆုံး​ခဲ့​သည့် မြည်း​များ​အ​တွက် ကို​မူ​မ​စိုး​ရိမ်​နှင့်။ ယင်း တို့​ကို​ပြန်​၍​တွေ့​ရှိ​ပြီး​ဖြစ်​၏။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ လွန်​စွာ​လို​လား တောင့်​တ​နေ​သူ​ကား​အ​ဘယ်​သူ​နည်း။ သင် နှင့်​သင့်​အ​ဖ​၏​အိမ်​ထောင်​စု​ပင်​မ​ဟုတ် လော'' ဟု​ပြန်​ပြော​၏။
၂၁ ရှော​လု​က``အ​ကျွန်ုပ်​သည် ဗင်္ယာ​မိန်​အ​နွယ်​ဝင် ဖြစ်​ပါ​၏။ ထို​သား​ချင်း​စု​သည်​ဣ​သ​ရေ​လ အ​မျိုး​တွင်​အ​သေး​ငယ်​ဆုံး​ဖြစ်​ပါ​၏။ အ ကျွန်ုပ်​၏​အိမ်​ထောင်​စု​သည်​လည်း ထို​သား​ချင်း စု​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား ဤ​သို့​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။
၂၂ ထို​နောက်​ရှ​မွေ​လ​သည် ရှော​လု​နှင့်​သူ​၏ အ​စေ​ခံ​ကို​ဧည့်​ခန်း​သို့​ခေါ်​သွား​ပြီး​လျှင် ဧည့်​သည်​စု​စု​ပေါင်း​သုံး​ဆယ်​ထိုင်​လျက်​နေ သော​စား​ပွဲ​ထိပ်​တွင်​နေ​ရာ​ချ​ထား​ပေး​၏။- ၂၃ ရှ​မွေ​လ​က​စား​တော်​ကဲ​အား``သင့်​အား​သီး သန့်​ထား​ရှိ​ရန် ငါ​မှာ​ကြား​ထား​သည့်​အ​မဲ သား​တုံး​ကို​ယူ​ခဲ့​လော့'' ဟု​ဆို​၏။- ၂၄ သို့​ဖြစ်​၍​စား​တော်​ကဲ​သည်​လက်​ရွေး​စင်​ပေါင် တစ်​ပေါင်​ကို​ယူ​လာ​ပြီး​လျှင် ရှော​လု​၏​ရှေ့​တွင် ချ​ထား​လေ​၏။ ရှ​မွေ​လ​က``ဤ​အ​ရာ​ကား သင်​၏​အ​တွက်​သီး​သန့်​ဖယ်​ထား​သော​အ​သား ဖြစ်​၏။ ယူ​၍​စား​လော့။ ငါ​ဖိတ်​ခေါ်​ထား​သူ​တို့ နှင့်​အ​တူ​ယ​ခု​အ​ချိန်​၌​သင်​စား​ရန်​ဤ အ​သား​ကို​ငါ​ဖယ်​ထား​ခဲ့​၏'' ဟု​ဆို​၏။
ထို့​ကြောင့်​ရှော​လု​သည် ထို​နေ့​၌​ရှ​မွေ​လ​နှင့် အ​တူ​စား​သောက်​လေ​၏။- ၂၅ သူ​တို့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​မှ​မြို့ သို့​ပြန်​၍​ဆင်း​သွား​ကြ​သော​အ​ခါ ရှော​လု အ​တွက်​အိမ်​ခေါင်​မိုး​ပေါ်​တွင်6 အိပ်​ရာ​တစ်​ခု​ကို​ခင်း​ပေး​ကြ​၏။- ၂၆ ရှော​လု​သည်​လည်း​အိပ်​ရာ​တွင်​အိပ်​လေ​၏။
ရှော​လု​အား​ရှ​မွေ​လ​ရာ​ဇ​ဘိ​သိက်​သွန်း​လောင်း​ခြင်း
အ​ရုဏ်​တက်​ချိန်​၌​ရှ​မွေ​လ​သည်​အိမ်​ခေါင်​မိုး​ထက် တွင်​ရှိ​သော​ရှော​လု​အား``ထ​လော့။ သင်​အိမ်​ပြန်​ရန် ခ​ရီး​လမ်း​သို့​ငါ​ပို့​ဆောင်​ပေး​အံ့'' ဟု​အော်​၍​ပြော သော​အ​ခါ​ရှော​လု​သည်​အိပ်​ရာ​မှ​ထ​လေ​၏။ ထို နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည်​အ​တူ​တ​ကွ​ထွက် သွား​ကြ​၏။- ၂၇ သူ​တို့​သည်​မြို့​စွန်​မြို့​ဖျား​သို့​ရောက်​သော​အ​ခါ ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​၏​အ​စေ​ခံ​ကို​ငါ တို့​ရှေ့​က​သွား​နှင့်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။ အ​စေ​ခံ​သည်​လည်း​သွား​နှင့်​၏။ ထို​အ​ခါ​ရှ​မွေ​လ က``ဤ​တွင်​ခေတ္တ​ရပ်​နား​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​သင့်​အား​ငါ​ဖော်​ပြ​ပေ​အံ့'' ဟု ဆို​၏။