နောက်ဆုံးသောအချိန်နှင့်ပတ်သက်သောမေးခွန်းများ

မေးခွန်း: အသင်းတော်ဟူသည် အဘယ်နည်း။

ယနေ့များစွာသောလူများက အသင်းတော်သည် အဆောက်အဦးဖြစ်သည်ဟု ယုံကြည်ကြသည်။ ၄င်းသည် သမ္မာကျမ်းစာသွန်သင်သော သိရှိခြင်းပညာမဟုတ်ပေ။ “အသင်းတော်”စကားလုံးသည် ဂရိဘာသာ စကားမှဆင်းသက်လာကာ ekklesia ဟုခေါ်ပါသည်။ “စုရုံးခြင်း” (သို့) “ရွေးနှုတ်ခြင်းခံရသော သူများ” ဟုအဓိပ္ပါယ်ရသည်။ “အသင်းတော်”စကားလုံး၏ မူရင်းအဓိပ္ပါယ်သည် အဆောက်အဦးကို ရည်ညွှန်းလိုခြင်းမဟုတ်ဘဲ လူတွေကို ရည်ညွှန်းလိုခြင်းဖြစ်သည်။ မိတ်ဆွေက လူတစ်ဦးကို မည်သည့်ဘု ရားကျောင်းသို့တက်ရောက်ခဲ့သလဲဟုမေးသောအခါ သူတို့က အသင်းတော်သည် အဆောက်အဦးဖြစ် သည်ဟု ထင်မှားတတ်ကြသည်။ ရောမ ၁၆း၅ ထဲတွင် “သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့…” ဟုဖော်ပြထားပါသည်။ ရှင်ပေါလုက သူတို့၏အိမ်တွင်ရှိသောအသင်းတော်ဟု ပြော ခဲ့သည်။ အသင်းတော်သည် အဆောက်အဦးမဟုတ်ဘဲ ယုံကြည်သူများကို ဆိုလိုသည်။

အသင်းတော်သည် ခရစ်တော်၏ခန္ဓာကိုယ်ဖြစ်သည်။ ခရစ်တော်သည် ဦးခေါင်းဖြစ်သည်။ ဧဖက် ၁း၂၂-၂၃ ထဲတွင် “ခြေဘ၀ါးတော်အောက်သို့အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်အဘို့အလိုငှါ၊ သူ့ကိုအလုံး စုံတို့၏အချုပ်အခြဦးခေါင်းဖြစ်တော်မူ၏။ ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံစေ တော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ဖြစ်သတည်း” ဟုဖော်ပြထားပါသည်။ ပင်တေကုတ္တေနေ့မှစ၍ (တမန် အခန်းကြီး ၂) ခရစ်တော်ပြန်ကြွလာသည့်တိုင်အောင် ယုံကြည်သူများ အားဖြင့် ခရစ်တော်၏ခန္ဓာကိုယ်တည်ဆောက်ထားပါသည်။ ခရစ်တော်၏ခန္ဓာကိုယ်သည် အဓိကအားဖြင့် ရှု ထောင့်နှစ်ခုရှိသည်။

၁။ ကမ္ဘာတစ်ဝှမ်းလုံးနှင့်ဆိုင်သောအသင်းတော်သည် သခင်ယေရှုခရစ်တော်နှင့်ဆက်နွယ်ကာ ကယ်တင် ခြင်း ရရှိခဲ့ပြီးသောသူများဖြစ်သည်။ “အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ၀ိညာဉ်တော်တပါးတည်အားဖြင့် တကိုယ်တည်းထဲသို့ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ်တ၀ိညာဉ်တည်းထဲသို့လည်း သောက်ကြ၏” (၁ကော ၁၂း၁၃)။ ဤကျမ်းပိုဒ်ထဲ တွင် ယုံကြည်သူအားလုံးတို့သည် ခရစ်တော်၏ခန္ဓာကိုယ်ထဲသို့ပါဝင်သည်။ ထို့ပြင် ခရစ်တော်၏၀ိညာဉ် တော်ကိုလည်းရရှိသည်ဟုဖော်ပြလိုခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံးနှင့်ဆိုင်သောအသင်းတော်တွင် သခင် ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူများအားလုံးပါဝင်သည်။

၂။ ဒေသန္တာရအသင်းတော်သည် ဂလာတိ ၁း၁-၂ ထဲတွင် ဖော်ပြထားပါသည်။ “…ငါ့ထံမှာရှိသော ညီအစ် ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏။” ဤကျမ်းပိုဒ်ကိုကြည့် လျှင် ဂလာတိပြည်နယ်တွင် အသင်းတော်များစွာရှိသည်ကို ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ ထိုအသင်းတော် တို့သည် ဒေသ န္တာရအသင်းတော်များဟုခေါ်ပါသည်။ နှစ်ခြင်းအသင်းတော်၊Luterance အသင်းတော်၊ ကတ်သလိတ်အသင်းတော်၊ စသည်တို့သည် က မ္ဘာလုံးဆိုင်ရာအသင်းတော်မဟုတ်ပေ။ ဒေသန္တာရ အသင်းတော်များဖြစ်ကြသည်။ ယုံကြည်သူများ၏ခန္ဓာကိုယ်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အသင်းတော်သည် ခရစ်တော်ပိုင်ဆိုင်သောသူများနှင့် ခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်သောသူများဖြစ် ကြသည်။ ကမ္ဘာလုံးဆိုင်ရာအသင်းတော်တွင်ပါဝင်သောသူများသည် ဒေသန္တရအသင်းတော်ထဲတွင် မိတ်သ ဟာရဖွဲ့ခြင်းနှင့် တဦးနှင့်တဦးအသိအမှတ်ပြုခြင်းများကို ရှာဖွေရမည်ဖြစ်သည်။

အတိုချုံး၍ဖော်ပြရလျှင် အသင်းတော်သည် အဆောက်အဦးနှင့်အဖွဲ့အစည်းမဟုတ်ပေ။ သမ္မာကျမ်းစာအရ၊ အသင်းတော်သည် ခရစ်တော်၏ခန္ဓာကိုယ်ဖြစ်သည်။ ခရစ်တော်၏ခန္ဓာကိုယ်သည်လည်း ခရစ်တော်ကို မိမိ ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူများဖြစ်ကြပါသည် (ယောဟန် ၃း၁၆၊ ၁ကော ၁၂း၁၃)။ ဒေသန္တရအသင်းတော်သည် ယုံကြည်သူများစုရုံးတွေ့ဆုံသောနေရာဖြစ်သည်။ ဒေသန္တရအသင်းတော် သည် ၁ကော ၁၂ ထဲတွင် ဖော်ပြထားသော “ခန္ဓာကိုယ်”တစ်ခု၏နည်းဥပဒေသအတိုင်း လက်တွေ့အသုံးချ နိုင်သောနေရာဖြစ်သည်။ ယုံကြည်သူများသည် အချင်းချင်း ခွန်အားပေးရမည်၊ ဆုံးမသွန်သင်ရမည်၊ သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်နှင့်ပညာတော်အားဖြင့် အချင်းချင်းတည်ဆောက်ပေးရမည်ဖြစ်သည်။

မေးခွန်း: အသင်းတော်၏ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်သနည်း။

တမန်တော်ဝတ္ထု ၂း၄၂သည် အသင်းတော်၏ရည်ရွယ်ချက်ဖော်ပြပေးထားသောကျမ်းပိုဒ်ဖြစ် သည် ဟုယူဆနိုင်သည်။ “ထိုသူများသည် တမန်တော်များ၏ဆုံးမသြ၀ါဒပေးကိုခံခြင်း၊ အပေါင်းအသင်း ဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။” ဤကျမ်းပိုဒ်အရ အသင်းတော်၏ လှုပ်ရှားမှု/ရည်ရွယ်ချက်များသည်- ၁။ သမ္မာကျမ်းစာနှင့်ကိုက်ညီသောသွန်သင်ခြင်း၊ ၂။ ယုံကြည်သူများစုရုံး ၍ဘုရားသခင်ကို ကိုးကွယ်နိုင်ရန်အတွက်နေရာပြင်ဆင်ပေးထားခြင်း ၃။ ပွဲတော်မင်္ဂလာကိုသုံးဆောင်ခြင်း ၄။ ဆုတောင်းခြင်း စသည် တို့ဖြစ်နိုင်သည်။

အသင်းတော်က သမ္မာကျမ်းစာနှင့်ညီညွတ်သောယူဆချက်များသွန်သင်ရမည်။ သို့မှသာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ အမြစ်တွယ်နိုင်မည်ဖြစ်သည်။ ဧဖက် ၄း၁၄ထဲတွင် “ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါလှည့်ဖြားပြောဆိုသဖြင့်၊ ငါတို့သည် နောက်တဖန်ခပ်သိမ်း သောသြ၀ါဒလေတိုက်၍ ဖရိုဖရဲလွင့်သွားသောသူငယ်မဖြစ်စေနှင့်” ဟုဖော်ပြထားပါသည်။အသင်းတော်ဟူ သည် မိတ်သာဟာရဖွဲ့ရသောနေရာဖြစ်သည်။ ထိုနေရာသည် ခရစ်ယာန်များသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်သစ္စာရှိ၍ အချင်းချင်းအရိုအသေပေးသောနေရာ(ရောမ ၁၂း၁၀)၊ ဆုံးမသွန်သင်သောနေရာ (ရောမ ၁၅း၁၄) အချင်းချင်း အပေါ်ဂရုဏာထား၍ချစ်ခင်မြတ်နိုးသောနေရာ (ဧဖက် ၄း၃၂)၊ အချင်းချင်း ခွန်အား ပေးနေရာ (၁သက် ၅း၁၁)၊ အထူးသဖြင့် ချစ်ခြင်းမေတ္တာထားရှိသောနေရာ (၁ယော ၃း၁၁)ဖြစ်သည်။

အသင်းတော်သည် ယုံကြည်သူများအတူတကွပွဲတော်မင်္ဂလာကိုသုံးဆောင်သောနေရာခရစ်တော် အသေ ခံခြင်းနှင့် ကျွန်ုပ်ုတို့ကိုယ်စားအသွေးတော်သွန်းလောင်းခြင်းကို သတိရအောက်မေ့သောနေရာဖြစ်သည် (၁ကော ၁၁း၂၃-၂၆)။ “မုန့်ချိုးဖဲ့ခြင်း” ခံယူချက်သည် (တမန် ၂း၄၂) ညနေစာအတူတကွသုံးဆောင်ခြင်း သဘောကိုဆောင်ပါသည်။ ၄င်းသည် အသင်းတော်မိတ်သာဟာရဖွဲ့ခြင်းအတွက် ဥပမာတစ်ခုဖြစ်သည်။ တမန်တော်ဝတ္ထု ၂း၄၂အရ အသင်းတော်၏နောက်ဆုံးရည်ရွယ်ချက်သည် ဆုတောင်းခြင်းဖြစ်သည်။ အသင်းတော်သည် ဆုတောင်းခြင်းဦးစားပေးသောနေရာ၊ ဆုတောင်းခြင်းသွန်သင်သောနေရာ၊ လက်တွေ့ ကျကျဆုတောင်းသောနေရာဖြစ်ရမည်ဖြစ်သည်။ ဖိလိပ္ပိ ၄း၆-၇ ထဲတွင် ကျွန်ုပ်တို့ကို ဤသို့ခွန်အားပေး ထးပါသည်။ “အဘယ်အမှုကိုမျှစိုးရိမ်းခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြ လော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”

အသင်းတော်အတွက် အခြားသောမဟာစေခိုင်းချက်တစ်ခုသည် သခင်ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းသတင်းကောင်းကြွေးကြော်ခြင်းဖြစ်သည် (မဿဲ ၂၈း၁၈-၂၀)။ အသင်းတော်သည် ကယ် တင်ခြင်းသတင်းကောင်းကို နှုတ်နှင့်အပြုအမူအားဖြင့် သစ္စာရှိစွာ ဝေငှသက်သေခံရမည်ဖြစ်သည်။ အသင်းတော်သည် “အသင်းထွန်းတောက်သောအိမ်”ဖြစ်ရပေမည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏သခင် နှင့်ကယ်တင်ရှင်ဖြစ်ကြောင်း လမ်းပြရမည်ဖြစ်သည်။ အသင်းတော်သည် သတင်းကောင်းဝေငှသောနေရာ နှင့် ၄င်း၏အသင်းဝင်သူများကိုလည်း ကယ်တင်ခြင်းသတင်းကောင်းကြွေးကြော်ရန် ပြင်ဆင်ပေးထားသော နေရာ (၁ပေ ၃း၁၅)ဖြစ်သည်။

အသင်းတော်၏နောက်ဆုံးသောရည်ရွယ်ချက်များကို ယာကုပ် ၁း၂၇ ထဲတွင် ဖော်ပြထားပါသည်။ “ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသောသီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့်မုတ် ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင်းရှောက်ခြင်းပေတည်း။” အသင်းတော်သည် မရှိဆင်းရဲသားများကို ကူညီဖေးမ သောအသင်းတော်ဖြစ်သည်။ အသင်းတော်သည် ၀ိညာဉ်ရေးရာလိုအပ်သောသူများကို ကယ်တင်ခြင်းအ ကြောင်းဟောခြင်းအတွက်သာမဟုတ်ဘဲ သူတို့၏ခန္ဓာကိုယ်နှင့်စပ်ဆိုင်သောလူအပ်ချက်များ (အစားအစာ၊ အ၀တ်အစားနှင့် လွှမ်းခြုံစရာများ)ကို ဖြည့်ဆည်းပေးထားသောနေရာဖြစ်သည်။ ခရစ်တော်ထဲတွင်ရှိသော ယုံကြည်သူများသည် အပြစ်တရားနှင့် လောကီညစ်ညမ်းခြင်းမှလွှတ်မြောက်နိုင်ရန် အသင်းတော်က စီမံပေး ရမည်ဖြစ်သည်။ အသင်းတော်သည် သမ္မာကျမ်းစာနှင့်ညီညွတ်သောသွန်သင်ခြင်းနှင့် ခရစ်ယာန်များမိတ် သာဟာရဖွဲ့ခြင်းများပြုလုပ်ပေးသောနေရာဖြစ်သည်။

ထိုကြောင့်၊ အသင်းတော်၏ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်သနည်း။ ရှင်ပေါလုက ကောရိ န္တုသြ၀ါဒ စာထဲတွင် ယုံကြည်သူများအတွက် အကောင်းဆုံးသော နမူနာပုံစံကိုဖော်ပြထားပါသည်။ အသင်းတော် သည် ဤလောကတွင် ဘုရားသခင်၏ လက်တော်များ၊ နှုတ်ခမ်းနှင့်ခြေထောက်တော်- ခရစ်တော်၏ခန္ဓာ ကိုယ် (၁ကော ၁၂း၁၂-၁၇)ဖြစ်သည်။ ခရစ်တော်သည် ဤလောကတွင် လူတစ်ဦးအဖြစ်အသက်ရှင်သေး လျှင် လုပ်ဆောင်ရမည့်အရာများ ကျွန်ုပ်တို့သည်လည်း လုပ်ဆောင်ရမည်ဖြစ်သည်။ အသင်းတော်သည် “ခရစ်ယာန်”၊ “ခရစ်တော်နှင့်တူသောသူများ”၊ “ခရစ်တော်နောက်လိုက်သောသူများ” ဖြစ်သည်။

မေးခွန်း: အမျိုးသမီးများသည် သင်းအုပ်ဆရာ/တရားဟောဆရာဖြစ်နိုင်သလား။ အမှုတော်မြတ်၌ အမျိုးသမီးများပါဝင်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဖော်ပြပါသ နည်း။

အမျိုးသမီးများသည် သင်းအုပ်ဆရာ/တရားဟောဆရာအမှုပြုခြင်းနှင့် ပတ်သက်၍ ယနေ့ အသင်းတော်များတွင် ငြင်းခုံမှုများစွာရှိသည်ကို အတွေ့ရပေ။ အမျိုးသမီးများ နှင့် အမျိုးသားများသည် ပြိုင်ဆိုင်မှုမရှိဘဲ အတူတူဖြစ်သည်ကို မြင်တွေ့ခြင်းသည် အလွန်အရေး ကြီးသည်။ အမျိုးသမီများသည် သင်းအုပ်ဆရာအမှုကို မဆောင်ရွက်နိုင်ကြောင်း၊ သမ္မာကျမ်းစာက အမျိုးသမီးများသည် အမှုတော်မြတ်၌ ပါဝင်ရန် တားမြစ်ထားကြောင်း စွဲကိုင်ယုံကြည်သောအမျိုး သမီးများ ရှိသည်နည်းတူ၊ အမျိုးသမီးများသည် သင်းအုပ်ဆရာအမှုကိုထမ်းဆောင်နိုင်ကြောင်းနှင့် သူတို့သည် အမှုတော်မြတ်၌ အမျိုးသားများနှင့် ရင်ဘောင်တန်းလုပ်ဆောင်နိုင်ကြောင်း စွဲကိုင်သူ အမျိုးသားများလည်းရှိသည်။ ထိုသို့ခံယူခြင်းသည် လူမျိုးအဆင့်အတန်းခွဲခြားခြင်း မဟုတ်ပေ။ သမ္မာကျမ်းစာ အနက်ဖွင့်ခြင်း မတူညီသောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်က “ မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။ မိန်းမသည် ဆုံးမသြ၀ါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာနေအပ်၏” (၁တိ၊ ၂း၁၃-၁၄)။ အသင်းတော်ကဏ္ဍတွင် ဘုရားသခင်က အမျိုးသမီး များနှင့် အမျိုးသားများအတွက် တာဝန်အသီးသီးပေးအပ်ခဲ့ပါသည်။ ဤလောကသို့် အပြစ်ဝင်လာ သည့်အချိန်မှစ၍၊ ဘုရားသခင်ကလူသားများကို တာဝန်အသီးသီးခန့်အပ်ခဲ့ပါသည် (၁တိ၊ ၂း၁၃-၁၄)။ တမန်တော်ရှင်ပေါလုအားဖြင့်၊ ဘုရားသခင်က အမျိုးသမီးများသည် အမျိုးသားများပေါ်တွင် သွန်သင်ခြင်း နှင့် အုပ်စိုးခြင်း အမှုမပြုရန် တားမြစ်ထားပါသည်။ အမျိုးသမီးများသည် သင်းအုပ်ဆရာ အဖြစ်အမှုထမ်းခြင်းကို ကြိုတင်တားမြစ်ရာတွင်၊ သူတို့သည် အမျိုးသားများအပေါ် တရားဟောခြင်း၊ သွန်သင်ခြင်း နှင့် အုပ်စိုးခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်သည်။

အမျိုးသမီးများအမှုတော်မြတ်၌ပါဝင်ခြင်းနှင့်ပတ်သက်၍ “တားမြစ်ခြင်း” များစွာရှိသည်။ ပထမချက်ငြင်းခုံမှုသည်၊ပထမရာစုနှစ်တွင်အမျိုးသမီးများသည်အများအားဖြင့်ပညာမဆည်းပူးခဲ့ကြသောကြောင့်တမန် တော်ရှင်ပေါလု က အမျိုးသမီးများသည် သွန်သင်ခြင်းအမှုမပြုရန် တားမြစ် ထားခြင်းဖြစ်သည်။ သို့သော် ၁တိ၊ ၂း၁၁-၁၄ တွင် ပညားရေးအကြောင်းနှင့် ပတ်သက်၍ဖော်ပြ ထားခြင်းမရှိပေ။ အမှုတော်မြတ်ကြီးထဲတွင် ပညာတတ်ပုဂ္ဂိုလ်များကသာပါဝင်ခွင့် ရရှိလျှင်၊ သခင်ယေရှု၏နောက် တော်လိုက်တပည့်တော်ဆယ့်နှစ်ပါးတို့သည် ပညာမတတ်ခဲ့ကြသော ကြောင့် အမှုတော်မြတ်၌ပါ ၀င်ခွင့်ရကြလိမ့်မည်မဟုတ်ပေ။ ဒုတိယမြောက်ငြင်းခုံမှုသည်၊ တမန်တော်ရှင်ပေါလုက ဧဖက်မြို့၌ရှိသော အမျိုးသမီးများကိုသာ တားမြစ်ထားခြင်းဖြစ်သည်။ ( တိမောသောသြ၀ါဒစာပဌမစောင်သည်ဧဖက်မြို့အသင်းတော်တွင်သင်းအုပ်ဆရာအဖြစ်အမှုထမ်း သော တိမောသေ ထံပေးပို့သော စာစောင်ဖြစ်သည်)။ ဧဖက်မြို့သည် Artemis ဘုရားကျောင်း၊ ဂရိနှင့်ရောမလူမျိုး များ၏မှားယွင်းသော ဘုရားမများကိုးကွယ်သော မြို့အဖြစ်ထင်ရှားသည်။ အမျိုးသမီးများသည် Artemis ဘုရား ၀တ်ပြုခြင်းတွင် အခွင့်အာဏာရှိသောသူများဖြစ်ကြသည်။ သို့သော်လည်း တိမောသောသြ၀ါဒစာပဌမစောင်ထဲတွင် Artemis ဘုရားအကြောင်းကို၎င်း၊ ၁တိ၊ ၂း၁၁-၁၂ တွင် ဖော်ပြထားသော သြ၀ါဒသည် Artemis ဘုရားကိုကိုးကွယ်သောသူများအတွက် ဖြစ်သည်ကို၎င်း တမန်တော်ရှင်ပေါလုက မဖော်ပြခဲ့ပေ။

တတိယမြောက် ငြင်းခုံမှုသည်၊ တမန်တော်ရှင်ပေါလုက ယောက်ျားနှင့်မိန်မ အကြောင်း ဖော်ပြလိုခြင်းမဟုတ်ဘဲ၊ လင်မယားအကြောင်းကိုသာ ဖော်ပြလိုခြင်းဖြစ်သည်။ မူရင်းဂရိဘာသာစ ကားလုံးတွင် လင်မယားအကြောင်းကို ဖော်ပြလိုခြင်းဖြစ်နိုင်ပေသည်။ သို့သော်ထိုစကားလုံး၏ အခြေခံအဓိပ္ပါယ်သည် ယောက်ျား၊မိန်းမ အကြောင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ထို့ပြင်၊ အခန်းငယ် ၈-၁၀ ထဲတွင် ထိုဂရိဘာသာစကားကိုသာအသုံးပြုခဲ့ပါသည်။ အရပ်ရပ်တို့၌ ယောက်ျားများသည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍ ဆိုတောင်း ပြုရမည်လော(v.၈)။မယားများကသာ ရှက်ကြောက်ခြင်း၊ ဣနြေ္ဒ စောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအ၀တ်နှင့်၎င်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ၀န်ခံပြုစုသောမိန်းမ ဆင်သင့်သည့်အတိုင်း၊ ကောင်းသောအကျင့်ကျင့်ရမည်လော(v.၉-၁၀)။ ထိုသို့မဟုတ်ပေ။ အခန်းငယ် ၈-၁၀ သည် ယောက်ျားအားလုံးနှင့် မိန်းမအားလုံးကို ရည်ညွှန်းလိုခြင်းဖြစ်ပြီး၊ လင်နှင့်မယားကိုသာ ရည်ညွှန်းလိုခြင်မဟုတ်ပေ။ အခန်းငယ် ၁၁-၁၄ ကိုကြည့်လျှင်၊ လင်မယားကို သာညွှန်ပြလိုခြင်းမဟုတ်သည်ကို တွေ့ရှိနိုင်ပါသည်။

အမျိုးသမီးများသည် အမှုတော်မြတ်၌ပါဝင်ခြင်းနှင့်ပတ်သက်၍ မကြခဏငြင်းခုံမှုတစ်ခု သည် ဓမ္မဟောင်းထဲ၌ရှိသောအမျိုးသမီးခေါင်းဆောင်များဖြစ်သည့် မိရိရံ၊ ဒေဗောရ၊ ဟုလဒ တို့ကို အကြောင်းပြု၍၊ ငြင်းခုံမှုပြုတတ်ကြသည်။ သို့သော်ဤ ငြင်းခုံမှုတွင် အဓိပ အချက်ကို လွှဲချော်သွား ခဲ့သည်။ ပထမအနေဖြင့်၊ ဒေဗောရသည် တရားသူကြီး ၁၃ ဦးများကြားတွင် တစ်ဦးတည်းသော အမျိုးသမီးတရားသူကြီး တစ်ဦးဖြစ်သည်။ ဟုလဒသည် သမ္မာကျမ်းစာထဲ၌ဖော်ပြထားသော ယောက်ျားပရောဖက် ၁၂ ပါးထဲတွင် သူမတစ်ဦးတည်းသာ ပရောဖက်မဖြစ်ခဲ့သည်။ အာမိရံ ခေါင်း ဆောင်ဖြစ်ခြင်းသည်လည်း မောရှေနှင့် အာရုံတို့၏ ညီမဖြစ်သောကြောင့်ဖြစ်သည်။ အာသလိနှင့် ယေဇဗေလ တို့သည် ဘုရင်ခေတ်တွင် ခက်ခက်ခဲခဲဖြင့် ခေါင်းဆောင်သောသူများဖြစ်သည်။ အများအားဖြင့်၊ဓမ္မဟောင်းထဲတွင်အမှုတခုခုဆုံးဖြတ်ချက်ချရာတွင်အမျိုးသမီးများ၏အခွင့်အာဏာသည် အသုံးမ၀င်ကြပေ။ တိမောသေသြ၀ါဒစာပထမစောင်နှင့် အခြားသော စာစောင်များတွင် အသင်းတော်၊ ခရစ်တော်၏ခန္ဓာကိုယ်အတွက် လမ်းညွှန်မှုများစွာတွေ့ရှိနိုင်ပါသည်။ ထိုလမ်းညွှန် ချက်ထဲတွင် အသင်းတော်၏အခွင့်အာဏာနှင့်ပတ်သက်သော တည်ဆောက်ပုံများကိုလည်းတွေ့ ရှိနိုင်သည်။ ၎င်းတည်ဆောက်ပုံများသည် ဣသရေလလူမျိုးများအတွက် (သို့) ဓမ္မဟောင်းထဲ၌ရှိ သသောသူများအတွက်မဟုတ်ပေ။

ဓမ္မသစ်ကျမ်းထဲတွင် ပြစ်ကိလနှင့်ဖိဗေ တို့အားဖြင့် ထောက်ပြ၍ အမျိုးသမီးများ သည် အမှုတော်ထဲ၌ပါဝင်နိုင်သည်ဟု ငြင်းခုံတတ်ကြသည်။ တမန်တော်ဝတ္တု ၁၈ တွင် ပြစ်ကိလနှင့် အာဂုလ တို့သည် ဘုရားသခင်ကို သစ္စာရှိရှိ အစေခံခဲ့ကြသည်ဟု ဖော်ပြထားပါ သည်။ ပြစ်ကိလ၏နာမည်ကို ပထမဦးဆုံးဖော်ပြထားသည်။ သူမသည် မိမိခင်ပွန်းထက် အမှုတော်အတွက် သာ၍ထိရောက်စွာလုပ်ဆောင်နိုင်ပေသည်။ သို့သည် ပြစ်ကိလသည်အမှုတော် မြတ်၌ပါဝင်ရာတွင် ၁တိ၊ ၂း၁၁-၁၄ ထဲတွင်ဖော်ပြထားသော အချက်အလက်များနှင့် ဆန့်ကျင်မှုမ ရှိပေ။ ပြစ်ကိလနှင့် အာဂုလတို့သည် အာပေါလုကို မိမိအိမ်သို့ခေါ်၍၊ သူ့ကို ဆုံးမကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သာ၍သိရှိနိုင်ရန် ရှင်းပြခဲ့ကြသည်(တ၊ ၁၈း၂၆)။

ရောမ၊၁၆း၁ ထဲတွင်၊ ဖိဗေသည် “အစေခံ” ဟု ဖော်ပြမည့်အစား သူမသည် “သင်းတော်လူ ကြီး” ဟုဖော်ပြထားသောလည်း သူမသည် အသင်းတော်တွင် သွန်သင်ဆရာဖြစ်သည်ဟု အဖော်ပြခဲ့ပေ။ “သွန်သင်ခြင်းအစွမ်း” သည် သင်းထောက်လူကြီးများအတွက် ချပေးထားခြင်းဖြစ် ပြီး၊ သင်းတော်လူကြီးများအတွက်မဟုတ်ပေ (၁တိ၊ ၃း၁-၁၃၊ တိတု၊ ၁း၆-၉)။ သင်းထောက်လူ ကြီး/သင်းတော်လူကြီး/ ဘုန်းကြီးတို့သည် “မယားတစ်ဦးတည်းရှိသောသူ” “မိမိသားသမီးများက ယုံကြသည်သောသူ” “လေးစားထိုက်သောသူ” ဖြစ်ရမည်။ ထို့ကြောင့် သင်းအုပ်ဆရာများ၏အ ရည်အချင်းများကြည့်လျှင် ယောက်ျားများရည်ညွှန်းထားသည်ကို တွေ့ရှိနိုင်ပါသည်။ ၁တိ၊ ၃း၁-၁၃ နှင့် တိတု၊ ၁း၆-၉ တို့တွင် သင်းအုပ်ဆရာများနှင့် သင်းထောက်လူကြီးများ ဖော်ပြရာတွင် ပုလ္လိင်ဖြင့် ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။

၁တိ၊ ၂း၁၁-၁၄ ထဲ၌ ဖော်ပြချက်သည် “လုံးဝ” ရှင်းလင်းပါသည်။ အခန်းငယ် ၁၃ ကို

“အတွက်” ဖြင့်အစချီပြီး၊ အခန်းငယ် ၁၁-၁၂ ထဲရှိ ပေါလု ဖော်ပြလိုသော “အကြောင်း” အရာများကို တင်ပြထားပါသည်။ မိန်းမများသည် အဘယ့်ကြောင့် ယောက်ျားများပေါ်တွင် အာဏာမရှိရမည်နည်း။ သွန်သင်ခြင်းမပြုရမည်နည်း။ အာဒံသည် ဦးစွာဖန်ဆင်းခြင်းခံခဲ့ရပြီး နောက်မှ ဧ၀ကို ဖန်ဆင်းသောကြောင့်ဖြစ်သည်။ အာဒံသည် လှည့်ဖြားမှုကို မခံစားခဲ့ပေ။ ဧ၀ကိုသာ လှည့်ဖြားမှုခံခဲ့ပါသည်။ ဘုရားသခင်သည် အာဒံကို ဖန်ဆင်းခဲ့ပြီးနောင် သူ့ကို ကူညီရန် ဧ၀ကို ဖန်ဆင်းခဲ့ပါသည်။ ဤဖန်ဆင်းခြင်းသည် ကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံးနှင့် အသင်းတော်အတွက်ဖြစ်ပါသည် (ဧဖက်၊ ၅း၂၂-၂၃)။ ဧ၀သည် ပထမဆုံးလိမ်ညာခြင်းခံရသော သူဖြစ်သောကြောင့် မိန်းမများက သင်းအုပ်ဆရာအဖြစ်အလုပ်အပ်ခြင်း၊ ယောက်ျားများ ပေါ်တွင် အာဏာအမိန်ပမရှိအပ်ခြင်းအကြောင်းဖြစ်သည်။ ထို့ကြောင့်အချို့သောသူများက အမျိုးသမီးများ သည် လှည့်ဖြားရန် လွယ်ကူသောကြောင့် သူတို့သည် သွန်သင်ခြင်းမပြုအပ်ပေ ဟု ခံယူထားခြင်း ဖြစ်သည်။ ဤခံယူချက်သည် အငြင်းပွါးစရာပင်ဖြစ်သည်။ မိန်းမများသည် လိမ်ညာရန် လွယ်ကူလျှင် အဘယ်ကြောင့်သူတို့က ကလေးသူငယ်များ (လိမ်လည်ရန်အလွန်လွယ်ကူသည်) နှင့် အခြားမိန်းမများ (ပို၍လိမ်လည်ရန်လွယ်ကူသောသူများ) ကို သွန်သင်ရမည်နည်း။ အပေါ်တွင် ဖော်ပြထားသော ကြောင်းအရာက ထိုသို့မဆိုလိုပေ။ ဧ၀သည် လိမ်ညာမှုကို ပထမဆုံးခံရသော ကြောင့် မိန်းမများသည် ယောက်ျားများပေါ်တွင်သွန်သင်ခြင်းမပြုရန်နှင့် သူတို့ပေါ်တွင် အာဏာ အမိန့်မရှိရန်ဖြစ်ပါသည်။ အဓိကဖော်ပြလိုခြင်းသည် ဘုရားသခင်က အသင်းတော်၏အခွင့်အာဏာ ကို ယောက်ျားများပေါ်တွင်ပေးအပ်ခဲ့ပါသည်။

မိန်းမများစွာတို့သည် ဧည့်ဝတ်ကျေပွန်ခြင်း၊ ကျေးဇူးတရားရှိခြင်း၊ သွန်သင်ခြင်း၊ သူတပါး ကိုကူညီခြင်းစသော ၀ိညာဉ်ဆုကျေးဇူးများရှိတတ်ကြသည်။ များစွာသော အသင်းတော်၏သာသ နာလုပ်ငန်း၏အောင်မြင်မှုသည် အမျိုးသမီးများပေါ်တွင်မူတည်သည်။ အသင်းတော်တွင် ရှိသော အမျိုးသမီများသည် ပရိန်သတ်အများရှေ့တွင် ဆုတောင်းခြင်း၊ ပရောဖက်ပြုခြင်းများပြုရန် တားမြစ်ထားခြင်းမရှိပေ (၁ကော၊ ၁၁း၅)။ သူတို့သည် ယောက်ျားများပေါ်တွင် အာဏာအမိန့်မရှိ ရန် အတွက်သာတားမြစ်ထားခြင်းဖြစ်သည်။ မိန်းမတို့သည်လည်း မိမိရရှိထားသော ၀ိညာဉ်တော်ဆုကျေးဇူးများကိုလည်း အသုံးပြုရန် တားမြစ်ထားခြင်းမရှိပေ (၁ကော၊ ၁၂)။ အမျိုးသမီးများသည် ယောကျာ်းများကဲ့သို့၊ အခြားသူများထံ အမှုတော်ဆောင်နိုင်သည်။ သန့်ရှင်းသော ၀ိညာဉ်တော်အသီးကိုလည်း ထင်ရှားစေနိုင်သည်(ဂလာ၊ ၅း၂၂-၂၃)။ ပျောက်ဆုံး သောဝိညာဉ်များထံ ကယ်တင်ခြင်းသတင်းကောင်းလည်းဝေငှ နိုင်သည် (မဿဲ၊ ၂၈း၁၈-၂၀၊ တ၊ ၁း၈၊ ၁ပေ၊ ၃း၁၅)။

အသင်းတော်ပေါ်တွင် ၀ိညာဉ်ရေးရာနှင့်ပတ်သက်၍ အခွင့်အာဏာရှိရန် ယောက်ျားများ ကို ဘိသိက်ထားပါသည်။ သို့ရာတွင် ယောက်ျားများသည် သာ၍ကောင်းသော သွန်သင်ဆရာ ဖြစ်သောကြောင့်၊ သူတို့သည် ရာထူးအဆင့်အတန်းမြင့်သောကြောင့်၊ သာ၍ညာဏ်ကောင်းသော ကြောင့်မဟုတ်ပေ။ ဘုရားသခင်က ထိုအမှုအရာကို ဆောင်ရွက်ရန်တာဝန်ခန့်အပ်ထားသော ကြောင့်ဖြစ်သည်။ ယောက်ျားများသည် မိမိအသက်တာအားဖြင့်ဖြစ်စေ၊ စကားအားဖြင့်ဖြစ်စေ၊ ၀ိညာဉ်ရေးရာဦးဆောင်နိုင်ရန် စံပြနာမူနာယူထိုက်သူဖြစ်ရမည်ဖြစ်သည်။ မိန်းမများသည် အုပ်ချုပ် ရေးကဏ္ဍတွင် အနည်းငယ်နိမ့်ကျသည်။ မိန်းမများက အခြားမိန်းမများကို သွန်သင်ရပေမည် (တိတု၊ ၂း၃-၅)။ မိန်းမများသည် မိမိသားသမီးများကို မသွန်သင်ရန် ကျမ်းစာက တားမြစ်ထားခြင်း မရှိပေ။ မိန်းမများသည် ယောက်ျားများကို သွန်သင်ခြင်းမပြုရန်နှင့် သူတို့အပေါ်တွင် အခွင့်အာဏာ မရှိရန် အတွက်သာ တားမြစ်ထားခြင်းဖြစ်သည်။ အမျိုးသမီးများသည် သင်းအုပ် ဆရာအဖြစ်အမှုမထမ်းအပ်ပေ။ ထို့သို့ဆိုရာတွင် အမျိုးသမီးများသည် ရာထူးအဆင့်အတန်းအား ဖြင့် နိမ့်ကျသည်/ အရေးမကြီးပေကို မဆိုလိုပေ။ သို့သော် အမျိုးသမီးများသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ မိမိရရှိသော ဆုကျေးဇူးများကို မှန်ကန်သင့်လျော်စွာ အသုံးချရမည်ဖြစ်သည်။

မေးခွန်း: ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်း၏ အရေးပါမှုသည် အဘယ်နည်း။

သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်းသည် ယုံကြည်သူများ၏ အတွင်း နှလုံးသားထဲ၌ ရှိသော ယုံကြည်ခြင်းကို ပြင်ပန်းသဏ္ဍာန်အားဖြင့် သက်သေထူထင်ရှားစေ ခြင်းဖြစ်သည်။ ခရစ်ယာန်များဗတ္တိဇံခံယူခြင်းသည် ယုံကြည်သူတစ်ဦးက ခရစ်တော်နှင့်အတူသေ ကြောင်း၊ အတူသင်္ဂြိုဟ်ခြင်းခံကြောင်း နှင့် အတူရှင်ပြန်ထမြောက်ကြောင်းကို သက်သေထူခြင်းဖြစ် ပါသည်။ သမ္မာကျမ်းစာက “ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော။ ထိုကြောင့်အသေခံတော်မူခြင်း၌ ဗတ္တိဇံမင်္ဂလာခံ သောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့်၊ သေခြင်းမှထမြောက်တော်မူသည့်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း” (ရောမ၊ ၆း၃-၄) ဟုဖော်ပြထားပါသည်။ ခရစ်ယာန်များဗတ္တိဇံခံယူခြင်း၌ ရေထဲသို့နှစ်မြှုပ်ခြင်းသည် ခရစ်တော်နှင့်အတူသင်္ဂြိုဟ်ကြောင်း ထင်ရှားစေပါသည်။ ရေပေါ်သို့ပြန်ထခြင်းသည်လည်း သခင်ယေရှု၏ထမြောက်ခြင်းကို ပုံဖော်ပြ သသည်။

ခရစ်များဗတ္တိဇံခံယူခြင်းတွင် ဗတ္တိဇံခံယူမည့်သူက ဤအချက်နှစ်ခုတို့နှင့်ပြည့်စုံရပေမည်။ ၁။ ထိုသူသည် သခင်ယေရှုခရစ်တော်ကို မိမိအသက်ကယ်တင်ပိုင်ရှင် အဖြစ်ယုံကြည်လက်ခံရ မည်။ ၂။ ဗတ္တိဇံမင်္ဂလာခံယူခြင်း၏ အရေးပါမှုကိုလည်းနားလည်ရပေမည်။ လူတစ်ဦးသည် သခင်ယေရှုကို မိမိကယ်တင်ပိုင်ရှင် အဖြစ်လက်ခံလျှင်၎င်း၊ ဗတ္တဇံမင်္ဂလာခံယူခြင်းသည် ပရိတ်သတ်ရှေ့မှောက်တွင် သခင်ယေရှုကို ယုံကြည်ကြောင်း သက်သေထူ၍ နာခံခြင်းအားဖြင့် ခြေတစ်လှမ်းရှေ့တိုးခြင်းဖြစ်သည် ဟုသိရှိလျှင်၎င်း၊ ထိုအရည်အချင်းနှင့်ပြည့်စုံသောခရစ်ယာန် တစ်ဦးသည် ဗတ္တိဇံမင်္ဂလာကို အခံဘဲမနေနိုင်ပေ။ သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်များ ဗတ္တိဇံခံယူခြင်းသည် ယုံကြည်ခြင်း၏ခြေတစ်လှမ်းတက်ခြင်း၊ လူအများရှေ့တွင် သခင်ယေရှုကို ယုံကြည်ဆက်ကပ်မှုရှိကြောင်းကို ကြွေးကြော်ခြင်း၊ ခရစ်တော်၏အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် ထမြောက်ခြင်းတို့ကို အသိအမှတ်ပြုခြင်းဖြစ်သောကြောင့် ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းသည် အလွန်အရေးကြီးသည်။

မေးခွန်း: ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဖော်ပြ ထားသနည်း။

ခရစ်ယာန်များစွာတို့က ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းနှင့်ပတ်သက်၍ သိရှိရန် ကြိုးပမ်း ခဲ့ကြပါသည်။ အချို့သောအသင်းတော်များတွင် ဆယ်ဘို့တစ်ဘို့အကြောင်းကို ပို၍ဦးစားပေး တတ်ကြသည်။ သို့သော်အချို့သော အသင်းတော်များတွင် ဘုရားသခင်အားပေးကမ်းလှူဒါန်းခြင်း နှင့်ပတ်သက်၍ သမ္မကျမ်းစာသွန်သင်ချက်များကို ငြင်းပယ်တတ်ကြသည်။ ဆယ်ဘို့တစ်ဘို့ပေး ကမ်းခြင်းနှင့် အလှူဒါနပြုခြင်းတို့သည် ၀မ်းမြောက်ခြင်းနှင့်ပျော်ရွှင်ခြင်းများကို ဖြစ်စေတတ်သည်။ ၀မ်းနည်းစရာတခုသည် ယနေ့အသင်းတော်တွင် ပေးကမ်းခြင်းက ၀မ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း ဖြစ်စေတတ်သည်ကို မသိကြခြင်းဖြစ်သည်။

ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းသည် ဓမ္မဟောင်း၏သွန်သင်ချက်ဖြစ်သည်။ ဣသရေလလူ မျိုးများသည် မိမိရရှိသောငွေကြေးများထဲမှ ဆယ်ဘို့တစ်ဘို့ကို ပေးလှူရန်နှင့် ၎င်းကိုတဲတော် (သို့) ဗိမာန်တော်သို့ယူဆောင်ရန် ပညတ်တော်ကသွန်သင်ထားပါသည် (၀တ်ပြု၊ ၂၇း၃၀၊ တောလည်၊ ၁၈း၂၆၊ တရားဟော၊ ၁၄း၂၄၊ ၂ရာ၊ ၃၁း၅)။ တကယ်တန်းကျတော့၊ ဓမ္မဟောင်းထဲ၌ ရှိသော ပညတ်တော်က ဆယ်ဘို့တစ်ဘို့အပြင် တစ်ရာမှာ ၂၃.၃ ပေးလှူရန် တောင်းဆိုထားပါ သည်။ ယနေ့ အများအားဖြင့် ဆယ်ဘို့တစ်ဘို့ ပေးလှူရန် ယူဆတတ်ကြသည်။ အချို့သော လူပုဂ္ဂိုလ်များက ဓမ္မဟောင်းထဲ၌ ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်းသည် ယဇ်ပူဇော်ခြင်း ကဏ္ဍတွင် ယဇ်ပရောဟိတ်များနှင့် လေ၀ိတို့၏လိုအပ်မှုများအတွက် ဆယ်ဘို့တစ်ဘို့ကို အခွန်ကဲ့သို့ ကောက်ယူခြင်းဖြစ်သည်ဟု သိရှိကြပါသည်။ ဓမ္မသစ်ကျမ်းစာထဲတွင် ဆယ်ဘိုတစ်ဘို့ပေးလှူရန် တောင်းဆိုမှု(သို့)ပြန်လည်အသိပေးခြင်းကို မတွေ့ရပေ။ ယုံကြည်သူတို့သည် အသင်းတော်ကို ထောက်ပံ့ရန် မိမိရရှိထားသောဝင်ငွေမှ မိမိစိတ်စေတနာဆုံးဖြတ်ချက်ရှိသည့်အတိုင်းပေးလှူရန် တမန်တော်ရှင်ပေါလုက ဖော်ပြထားပါသည်။ (၁ကော၊၁၆း၁-၂)

ဓမ္မာသစ်ကျမ်းထဲတွင် မိမိရရှိထားသောဝင်ငွေမှ တစ်ရာမှာမည်မျှပေးလှူရန်ချန်ထားရမည် ဟူ၍ဖော်ပြထားခြင်းမရှိပေ။ ၀င်ငွေနှင့်အတူချန်ထားရန် အတွက်သာပြောထားပါသည်။ (၁ကော၊ ၁၆း၂)။ အချို့သောအသင်းတော်များတွင် ဓမ္မာဟောင်း၏ သွန်သင်ချက်ဖြစ်သော ဆယ်ဘို့တစ် ဘို့ကိုစွဲကိုင်ရန်ဆယ်ဘို့တစ်ဘို့ကိုသာပေးလှူရန်ဖြစ်ကြောင်းနှင့်ခရစ်ယာန်များအလှူဒါနပြုရာတွင်ဆယ်ဘို့တစ်ဘို့ကိုသာပေးလှူရမည်ဖြစ်ကြောင်းခံယူထားကြသည်။ထောက်ခံအားပေး၍သွန်သင်တတ်ကြပါသည်။ဓမ္မာသစ်ကျမ်းထဲတွင်ပေးကမ်းခြင်း၏အရေးပါမှုနှင့်အကျိုးကျေးဇူးများကိုဖော်ပြထားပါသည်။ ကျွန်ူပ်တို့သည်မိမိစိတ်ထဲတွင်ရှိသည့်အတိုင်း ပေးလှူရမည်ဖြစ်သည်။ တခါတရံ ဆယ်ဘို့တစ်ဘို့ထက်များသော ပမာဏလည်းဖြစ်နိုင်သည်။ တစ်ခါတရံဆယ်ဘို့တစ်ဘို့ အောက်လည်းလျော့နည်းနိုင်သည်။ ၄င်းသည် ခရစ်ယာန်တို့၏ စိတ်ဆန္ဒနှင့် အသင်းတော်၏လို အပ်မှုပေါ်မူတည်သည်။ ယုံကြည်သူအယောက်စိတိုင်းက ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်း၌ ပါဝင်ရန် နှင့် မည်သို့ပေးလှူရမည်ကိုသိရှိရန် ဘုရားသခင်၏မျက်နှာတော်ကိုရှာ၍ ဆုတောင်းရပေမည်။ (ယာ ကုပ်၊၁း၅)။ ထိုပြင်ဆယ်ဘို့တစ်ဘို့ပေးလှူခြင်း၊ အလှူဒါန ပေးကမ်းခြင်းတို့သည် စိတ်နှလုံးဖြူစင် ခြင်း၊ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှလုံးသားနှင့် ခရစ်တော်၏ခန္ဓာကိုယ်အတွက်ပေးကမ်းခြင်း စသော ရည်ရွယ်ချက်တို့ဖြင့် ပေးလှူရမည်။

“လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ။ မလှူဘဲမနေရ ဟု စိတ်ထင်နှင့် အလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကို သာဘုရားသခင် နှစ်သက်တော်မူ၏” (၂ကော၊ ၉း၇)။

မေးခွန်း: ဘုရားကျောင်းသို့တက်ရောက်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

။ကျွန်ုပ်တို့သည် ဘုရားကျောင်းသို့တက်ရောက်ရန် လိုအပ်ကြောင်းသမ္မာကျမ်းစာက ဖော်ပြထားပါ သည်။သို့မှသာ ကျွန်ုပ်တို့သည် အခြားယုံကြည်သူများနှင့် ဘုရားသခင်ကို ကိုးကယ်၍ ၀ိညာဉ်ရေးရာ တိုးတက်ရန်အတွက် နှုတ်ကပတ်တော်ကိုလည်းနာယူနိုင်မည်ဖြစ်သည် (တမန် ၂း၄၂၊ ဟေဗြဲ ၁၀း၂၅)။ ဘုရားသခင်သည် ယုံကြည်သူများ အချင်းချင်းချစ်ခင်သောနေရာ(၁ယော ၄း၁၂)၊ ခွန်အားပေးသောနေရာ (ဟေဗြဲ ၃း၁၃)၊ “လှုံ့ဆော်” ပေးသောနေရာ (ဟေဗြဲ ၁၀း၂၄)၊ အစေခံသောနေရာ( ဂလာတိ ၅း၁၃)၊ လမ်း ပြသောနေရာ (ရောမ ၁၅း၁၄)၊ အရိုအသေပြုသောနေရာ (ရောမ ၁၂း၁၀) နှင့် အချင်းချင်း သနားကြင်နာ ဂရုဏာတက်ရောက်သောနေရာ (ဧဖက် ၄း၃၂)ဖြစ်သည်။

လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံသောအခါ သူ/သူမသည် ခရစ်တော်၏ခန္ဓာကိုယ်ထဲတွင် ရှိသောအင်္ဂါတစ်ခုဖြစ်သည် (၁ကော ၁၂း၂၇)။ အသင်းတော်ခန္ဓာကိုယ်တစ်ခု လုံးသည် သင့်လျှော်စွာလှုပ်ရှားနိုင်ရန်အတွက် “ခန္ဓာကိုယ်အစိတ်အပိုင်း”များသည်လည်း ပူးပေါင်းပါဝင်ရ မည်ဖြစ်သည်(၁ကော ၁၂း၁၄-၂၀)။ ထိုနည်းတူ၊ ယုံကြည်သူတစ်ဦးသည် အခြားသောယုံကြည်သူများ၏ကူ ညီဖေးမခြင်းနှင့် ခွန်အားပေးတိုင်တွန်းခြင်းမရှိလျှင် ထိုသူသည် ၀ိညာဉ်ရေးရာ၌ရင့်ကျက်မှုရှိနိုင်မည်မဟုတ် ပေ (၁ကော ၁၂း၂၁-၂၆)။ ထိုကြောင့်၊ ဘုရားကျောင်းတက်ရောက်ခြင်း၊ ပါဝင်ခြင်း၊ မိတ်သာဟာရဖွဲ့ခြင်း စသည် တို့သည် ယုံကြည်သူတစ်ဦး၏အသက်တာတွင် မရှိမဖြစ်လိုအပ်သည်။ အပတ်တိုင်းပုံမှန်ဘုရား ကျောင်းသို့သွားရမည် ဟု “တောင်းဆိုချက်” မရှိပေ။ သို့သော် ခရစ်တော်ပိုင်ဆိုင်သောသူများသည် ဘုရားသခင်ကိုကိုးကွယ်ရန်၊ သူ၏နှုတ်ကပတ်တော်ရရှိရန်၊ နှင့် အခြားသောယုံကြည်သူများနှင့် မိတ်သဟာ ရဖွဲ့ရန် ဆန္ဒရှိရမည်ဖြစ်သည်။

မေးခွန်း: ခရစ်ယာန်များသုံးဆောင်သော ပွဲတော်မင်္ဂလာသည် အဘယ်ကြောင့် အရေးကြီး သနည်း။

ပွဲတော်မင်္ဂလာအကြောင်းကို လေ့လာခြင်းသည် စိတ်ဝိညာဉ်ကို နှိုးဆွ၊ နိုးထစေသောလုပ်ဆောင် မှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပွဲတော်မင်္ဂထဲတွင် အလွန်နက်ရှိုင်းသော အဓိပ္ပါယ်ပါဝင်သည်။ ထိုနေ့သည် သခင်ယေရှုအသေခံတော်မမူမှီ ပသခါပွဲတော်နေ့တွင် ကျင်းပပြုလုပ်သောပွဲတော်ကြီးဖြစ် သည်။ ထိုနေ့သည် အသစ်သောပဋိညာဉ်တရားနှင့်စပ်ဆိုင်သော ပွဲနေ့ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြ ထားသောကြောင့် ကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ထိုနေ့တွင် ခရစ်ယာန် များဝတ်ပြုကိုးကွယ်ခြင်းများလည်းပါဝင်သည်။ ထိုနေ့ရက်ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်ယေရှု၏ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် အနာဂတ်ကာလတွင် ဘုန်းတော်ဖြင့်သူပြန်လာမည့်နေ့ရက်ကာလ ကို စောင့်ဆိုင်းခြင်းအဖြစ်သတိရစေသည်။

ပသခါပွဲတော်ကြီးသည် ယုဒလူမျိုးများအတွက် နှစ်တိုင်းကျင်းပပြုလုပ်သော အလွန်မြင့်မြတ်သည့် ဘာသာ ရေးပွဲလမ်းသဘင်ကြီးဖြစ်သည်။ ထိုနေ့သည် ဧဂျစ်လူမျိုးများ၏သားဦးများသေဆုံးသွားခဲ့သောအချိန်တွင် ဣသရေလလူမျိုးများသည် သူတို့၏တံခါးတိုင်များပေါ်တွင် သိုးသူငယ်အသွေးတော်သုတ်လိမ်းထားသဖြင့် သူတို့သည် သေခြင်းမှလွှတ်မြောက်သွားခဲ့သောနေ့ကုန်လွန်ခဲ့ပြီးနောက် ကျင်းပသောပွဲဖြစ်သည်။ သိုးသ ငယ်သည် အခြောက်ကင်၍ တဆေးမပါသောမုန့်ဖြင့် စားခဲ့ကြသည်။ ဘုရားသခင်က ထိုပွဲတော်ကြီးကို နောင်လာလတံ့သော မျိုးဆက်သစ်များက ဆက်လက်ကျင်းပလိမ့်မည်ဟု မိန့်ဆိုထားပါသည်။ ထိုဖြစ်ရပ် မှန်များကို ထွက်မြောက်ရာကျမ်း ၁၂ ထဲတွင် ဖော်ပြထားပါသည်။

နောက်ဆုံးသောညစာစားပွဲတွင်၊ ပသာခါပွဲတော်ကြီးကျင်းပသည့်အချိန်တွင် သခင်ယေရှုက မုန့်ကိုယူ၍ ဘုရားသခင်ထံကျေးဖူးတော်ကို ချီးမွမ်းခဲ့သည်။ သူက မုန့်ကို ဖဲ့၍ သူ၏တပည့်တော်များအားပေးခဲ့သည်။ သူက “ထိုအခါမုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားသင်တို့အဖို့အလိုငှါ စွန့်သောငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်းတူညစာ စားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကားသင်တို့အဘို့အလိုငှါ သွန်းလောင်းသောငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏” (လုကာ ၂၂း၁၉-၂၁) ဟုဖော်ပြခဲ့သည်။ ထိုပွဲတော်ကြီးကို ဂုဏ်တော်ချီးမွမ်းခြင်း အားဖြင့် ဆုံးသတ်ခဲ့ကြသည် (မဿဲ ၂၆း၃၀)။ ထိုနောက်သူတို့သည် သံလွင်တောင်ပေါ်သို့ တက်သွားခဲ့ ကြသည်။ ကြိုတင်ပြောကြားချက်အရ ထိုတောင်ပေါ်တွင် ယုဒရှာကာရုတ်က သခင်ယေရှုကို သစ္စာဖောက် ရောင်းခဲ့သည်။ နောက်တနေ့သည် သခင်ယေရှု၏ကားတိုင်တင်သတ်သောနေ့ဖြစ်သည်။

ပွဲတော်မင်္ဂလာကို သတင်းကောင်းစာစောင်များထဲတွင် တွေ့ရှိနိုင်ပါသည် (မဿဲ ၂၆း၂၆-၂၉၊ မာကု ၁၄း၁၇-၂၅၊ လုကာ ၂၂း၇-၂၂ နှင့် ယောဟန် ၁၃း၂၁-၃၀)။ တမန်တော်ရှင်ပေါလုက ပွဲတော်မင်္ဂလာအ ကြောင်းကို ၁ကော ၁၁း၂၃-၂၉ ထဲတွင် ဖော်ပြထားပါသည်။ သတင်းကောင်းထဲတွင် မတွေ့ရသော အကြောင်းအရာအားဖြင့် တမန်တော်ရှင်ပေါလု နိဂုံးချုပ်ခဲ့သည်။ “ထိုကြောင့်သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုယူစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။ အကြောင်းမူကား၊ မထိုက်မတန်ဘဲသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ မပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏” (၁ကော ၁၁း၂၇-၂၉)။ ကျွန်ုပ်တို့သည် “မထိုက်တန်သောအပြုအမှုဖြင့်” မုန့်နှင့်ခွက်သုံးဆောင်ခြင်းသည် မည်သို့ သောအရာဖြစ် သနည်းဟုမေးမြန်းနိုင်သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် သခင်ယေရှုပေးအပ်ခဲ့ သော တန်ဖိုးဖြတ်၍မရသောအဖိုးအခကို မေ့လျော့ခြင်းအားဖြင့် မုန့်နှင့်ခွက်တို့၏စစ်မှန်သောအဓိပ္ပါယ်ကို မသိဘဲသုံးဆောင်ခြင်းကို ဆိုလိုနိုင်သည်။ သို့မဟုတ်၊ အဓိပ္ပါယ်မရှိသော ပွဲတော်ကြီးကျင်းပရာရောက်သွား နိုင်သည်။ သို့မဟုတ် ပွဲတော်မင်္ဂလာကို အပြစ်ခွင့်လွှတ်ခြင်းမရှိဘဲ သုံးဆောင်ခြင်းသို့ရောက်သွားနိုင်သည်။ ပေါလုဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် မုန့်နှင့် ခွက်ကို မသုံးဆောင်မှီ မိမိကိုယ်ကိုယ် ဆန်းစစ်ရ မည်ဖြစ်သည်။

သတင်းကောင်းစာစောင်များထဲတွင်မပါဝင်သောအခြားသော ရှင်ပေါလုဖော်ပြချက်တစ်ခုသည် “အကြောင်း မူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမှီတိုင်အောင်ပြကြ၏။ ထိုကြောင့်သခင်ဘုရား၏ခွက်ကို မထိုက်တန်ဘဲ စားသောက်သော သူမည်သည်ကား၊ ဘုရားသခင်၏ကိုယ်တော်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍လူတိုင်း ကိုယ်ကိုကိုယ်စစ်ကြောပြီးမှ၊ မုန့်ကိုယူစေ။ ထိုနည်းတူခွက်ကိုလည်းသောက်စေ။ အကြောင်းမူကား၊ မထိုက် မတန်ဘဲစားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကိုပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ် သို့အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏” (၁ကော ၁၁း၂၇-၂၉)။ ပွဲတော်မင်္ဂလာသုံးဆောင် ခြင်းသည် သခင်ယေရှုတဖန်ပြန်လာသောအချိန်တွင် အဆုံးသတ်သွားမည်ဖြစ်သည်။ ထိုအဖြစ်အပျက်များ ထဲတွင် သခင်ယေရှုပုံဆောင်ဖော်ပြထားသော ခန္ဓာကိုယ်နှင့်အသွေးတော်တို့သည် သူအသေခံခြင်း၏ အမှတ်တရဖြစ်သည် ကို ကျွန်ုပ်တို့သိရှိနိုင်ပါသည်။ ၄င်း အမှတ်တရသည် ရွှေ ၊ငွေ ကျောက်မြတ်ရတနာမ ဟုတ်ပေ။ သို့သော် မုန့်နှင့်စပျစ်ရည်ဖြစ်သည်။

သခင်ယေရှုက မုန့်သည် သူ၏ချိုးဖဲ့သောခန္ဓာကိုယ်ဖြစ်သည်ဟု ဖော်ပြထားပါသည်။ ချိုးဖဲ့သောအရိုးမရှိ ပေ။ သို့သော်သူ၏ခန္ဓာကိုယ်နာကျင်စွာဖြင့်ရိုက်နက်ထိုးကြိုက်ခြင်းခံစားရခြင်းသည် အသိအမှတ်ပြုဖွယ် ကောင်းပေသည် (ဆာလံ ၂၂း၁၂-၁၇၊ ဟေရှာယ ၅၃း၎-၇)။ စပျစ်ရည်သည် သူမကြာမှီသေသောအခါ သွန်းလောင်းမည့်အသွေးတော်ဖြစ်သည်ဟု သခင်ယေရှုက ဖော်ပြထားပါသည်။ သူ၊ ဘုရားသခင်၏သား တော်စစ်သည် သမ္မဟောင်းထဲတွင်ဖော်ပြထားသော ကယ်တင်ရှင်ကြွလာမည့်ပရောဖက်ပြုချက်များပြည့်စုံ ရန်အတွက် ဤလောကသို့ကြွလာခြင်းဖြစ်သည် (ကမ္ဘာ ၃း၁၅၊ ဆာလံ ၂၂၊ ဟေရှာယ ၅၃)။ ယေရှုက “ငါ ကိုအောက်မေ့ဘို့ရန် ထိုသို့ပြုကြလော့” ဟုဖော်ပြသောအခါ သူက ထိုပွဲတော်ကြီးသည် အနာဂတ်ကာလ တွင်ဆက်လက်လုပ်ဆောင်ရမည်ဟု ဖော်ပြလိုခြင်းဖြစ်သည်။ ၄င်းက ပသာခါပွဲ၊ သိုးသငယ်၏အသေခံခြင်း နှင့်လောကီသားများ၏အပြစ်များကို ယူဆောင်သွားရန်ကြွလာမည့်ဘုရားသခင်၏သိုးသူငယ်တော်၊ သည် ပွဲတော်မင်္ဂလာအားဖြင့်ပြည့်စုံခဲ့သည် (၁ကော ၅း၇)။ ပသာခါပွဲသိုးသငယ်တော် (၁ကော ၅း၇)၊ ခရစ်တော် သည် ကားတိုင်တော်ပေါ်တွင် အသေခံသောအခါ (ဟေဗြဲ ၈း၈-၁၃) သူသည် ပဋိညာဉ်ဟောင်းကို ပဋိညာဉ်အသစ်ဖြင့် အစားထိုးခဲ့သည်။ ယဇ်ပူဇော်ခြင်းစနစ်သည် နောက်ထပ်မလိုအပ်တော့ပေ (ဟေဗြဲ ၉း ၂၅-၂၈)။ ပွဲတော်မင်္ဂလာသည် ကျွန်ုပ်တို့အတွက် သခင်ယေရှု၏အသေခံခြင်းကို သတိရအောက်မေ့ခြင်းနှင့် သူ၏အသေခံခြင်းအား ဖြင့် ကျွန်ုပ်ရရှိသော ကျေးဇူးတော်အတွက် ပွဲကျင်းပခြင်းဖြစ်သည်။

မေးခွန်း: ကျွန်ုပ်သည် အဘယ်ကြောင့် ဘာသာရေးအဖွဲ့အစည်းကို ယုံကြည်ရမည်နည်း။

အဘိဓါန်ကျမ်းတစ်ခုတွင် “ဘာသာရေး” စကားလုံးကို “ဘုရားသခင်(သို့) အခြားသောဘုရားများ ကို ယုံကြည်ကိုးကွယ်ခြင်း၊ အများအားဖြင့် ၀တ်ပြုကိုးကွယ်ခြင်း၌ ဦးဆောင်လမ်းပြခြင်း၊ ယုံကြည်မှု၊ ကိုးကွယ်ခြင်း တစ်ခုခုစနစ်၊ စသည်တို့ကို ဆိုလိုသည်။ အကျင့်စာရိတ္တများကိုလည်းဖော်ပြလိုခြင်းဖြစ်သည်” ဟုဖော်ပြထားပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရ၊ သမ္မာကျမ်းစာက ဘာသာရေးအဖွဲ့အစည်းအကြောင်း ကို ဖော်ပြထားပါသည်။ သို့သော် “ဘာသာရေးအဖွဲ့အစည်း” ၏ရည်ရွယ်ချက်နှင့်လုပ်ဆောင်ချက်များ ကြောင့် ဘုရားသခင်သည် အားရနှစ်သက်မြတ်နိုးခြင်းမရှိနိုင်ပေ။

ကမ္ဘာဦးကျမ်း အခန်းကြီး ၁၁ ထဲတွင် ဖော်ပြထားသောအကြောင်းအရာသည် ပထမဦးဆုံးသော ဘာသာရေးအဖွဲ့အစည်းဖြစ်သည်။ နေဧ၏ဆွေစဉ်မျိုးဆက်များသည် ဤလောကတခွင်လုံးတွင် ဘုရားသခင်၏အမိန့်တော်ကို ပြီးပြည့်စုံစေမည့်အစား သူတို့သည် မိမိကိုယ်ကိုယ် ဗာဗုလုန်ရဲတိုက်ကို တည်ဆောက်ခဲ့ကြသည်။ သူတို့က သူတို့၏စည်းလုံးခြင်းသည် ဘုရားသခင်နှင့်အတူဆက်နွယ်ခြင်းထက်ပို ၍အရေးကြီးသည်ဟု ယုံကြည်ခဲ့ကြသည်။ ဘုရားသခင်သည် သူတို့၏စကားများကို ရှုပ်ထွေးစေ၍ သူတို့၏ အဖွဲ့အစည်းကိုလည်း ဖြိုခွဲခဲ့ပါသည်။

ထွက်မြောက်ရာကျမ်း အခန်းကြီး ၆ ထဲတွင် ဣသရေလလူမျိုးများအတွက် ဘုရားသခင်သည် ဘာသာရေး တစ်ခုကို “ဖွဲ့စည်းတည်ထောင်” ပေးခဲ့သည်။ ဘုရားသခင်က ပညတ်တော်ဆယ်ပါး၊ တဲတော်တွင်ပြုလုပ်ရ မည့်ဥပဒေများ၊ နှင့် ယဇ်ပူဇော်ခြင်း စသောနည်းစနစ်များကို တည်ထောင်ပေးခဲ့ကာ ဣသရေလလူမျိုးများ က လိုက်နာကျင့်သုံးခဲ့ကြသည်။ ဓမ္မသစ်ကျမ်းကို လေ့လာလျှင် ဘာသာရေးအဖွဲ့အစည်းသည် ကယ်တင် ရှင်မေရှာယကို လိုအပ်ကြောင်းဖော်ထုတ်ပေးလိုခြင်းဖြစ်သည်ဟု တွေ့ရှိနိုင်ပါသည် (ဂလာ ၃၊ ရောမ ၇)။ သို့သော်၊ လူအများစုက ၄င်းကို မသိခဲ့ကြပေ။ ထိုကြောင့်သူတို့က ဘုရားသခင်ထက် ဘာသာရေးထုံးတမ်း စဉ်လာကျင့်သုံးမှုစနစ်ကို ကိုးကွယ်ကြသည်။

ဣသရေလလူမျိုးများ သမိုင်းတလျှောက်တွင် ဣသရေလလူမျိုးများတိုက်ခိုက်အောင်မြင်သောသူများထဲ တွင် ဘာသာရေးအဖွဲ့အစည်းများလည်းပါဝင်သည်။ သာဓကအားဖြင့်၊ ဗာလဘုရားကိုးကွယ်သောသူများ (တရားသူကြီး ၆၊ ၃ဓမ္မ၊ ၁၈)၊ ဒါဂုန်ဘုရားကိုးကွယ်သောသူများ (၁ဓမ္မ ၅) နှင့် မောလုပ်ဘုရားကိုကွယ်သော သူများ ( ၄ဓမ္မ ၂၃း၁၀)ပါဝင်သည်။ ဘုရားသခင်သည် ထိုဘာသာတရားနောက်လိုက်သောသူများကို ဖျက် စီးခဲ့ကာ သူ၏အာဏာနှင့် သူသည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သူဖြစ်ကြောင်း ထင်ရှားစွာပြသခဲ့သည်။

သတင်းကောင်းစာစောင်များထဲတွင် သခင်ယေရှုခရစ်တော်၏ခေတ်ကာ၌ ဖါရိရှဲများနှင့်ဇက္ဒုကဲများသည် ဘာသာရေးအဖွဲ့အစည်းကို ကိုးစားပြုကြောင်း သရုပ်ဆောင်ဖေါ်ပြထားပါသည်။ သခင်ယေရှုက သူတို့သည် မှားယွင်းသောသွန်သင်သူများဖြစ်ကြောင်းနှင့် လျှို့ဝှက်သူတော်ကောင်းယောင်ဆောင်သောသူ များဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ ရှင်ပေါလုစာစောင်များတွင် လုပ်ဆောင်ရန်နှင့်ကျင်းပပြုလုပ်ရန် ဟူ သောအချက်အလက်များပါဝင်သော သတင်းကောင်းအဖွဲ့အစည်းရှိသည်ကို တွေ့ရှိနိုင်ပါသည်။ သူတို့က ခရစ်ယာန်ယုံကြည်သူများသည် “ခရစ်ယာန်ဘာသာအပြင်” ဘာသာရေးများကို ယုံကြည်ရမည်ဟု အတင်း အဓမ္မသွေးဆောင်ခဲ့ကြသည်။ ဂလာတိသြ၀ါဒစာနှင့် ကောလောသဲသြ၀ါဒစာထဲတွင် ဘာသာရေးနှင့်ပတ် သက်၍ သတိပေးချက်များကို တွေ့ရှိနိုင်သည်။ ဗျာဒိတ်ကျမ်းထဲတွင် ဖွဲ့စည်းထားသောဘာသာကို အန္တီခရစ်က တည်ထောင်မည်ဖြစ်ပြီး၊ သူက ဘာသာကြီးတစ်ခုဖြစ်လာရန် ဖွဲ့စည်းလိမ့်မည်ဟု ဖော်ပြထားပါသည်။

မည်မျှပင်ဖြစ်စေကာမူ၊ ဖွဲ့စည်းတည်ထောင်ထားသော ဘာသာရေးအဖွဲ့အစည်းများသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သောအရာများလုပ်ဆောင်ကြသည်ကို တွေ့ရှိနိုင်ပါသည်။ သို့သော် သမ္မကျမ်းစာက ဘုရားသခင်၏အကြံအစည်တော်နှင့်ညီညွတ်သောယုံကြည်သူအဖွဲ့အစည်းများသည် ဆိုး သည်ဟု မပြောခဲ့ပေ။ ဘုရားသခင်သည် ယုံကြည်သူအဖွဲ့အစည်းများကို “အသင်းတော်” အဖြစ် ခေါ်ထား ပါသည်။ တမန်တော်ဝတ္ထုနှင့် ပို့စာများထဲတွင် အသင်းတော်သည် ဖွဲ့စည်းခြင်းနှင့် တစ်ဦးနှင့်တစ်ဦးမှီခိုအား ထားခြင်းရှိရမည်ဟု ဖော်ပြထားပါသည်။ အဖွဲ့အစည်းသည် တစ်ယောက်နှင့်တစ်ယောက်ကာကွယ်ခြင်း၊ သွန်သင်ပေးခြင်းနှင့် သက်သေခံဝေမျှခြင်း (တမန် ၂း၄၁-၄၇) ရှိရမည်။ အသင်းတော်ကိစ္စတွင် အသင်းတော်ကို “တယောက်နှင့်တယောက်ဆက်နွယ်မှုရှိသော အဖွဲ့အစည်း” ဟုခေါ်တွင် ပိုကောင်းပေ သည်။

ဘာသာတရားသည် ဘုရားသခင်နှင့်အဆက်အသွယ်ရှိရန်အတွက် လူတွေကြိုးပမ်းဖွဲ့စည်းထားခြင်းဖြစ် သည်။ ခရစ်ယာန်ယုံကြည်ခြင်းသည် ဘုရားသခင်နှင့်ဆက်သွယ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုခရစ်တော်၏ယဇ်ပူဇော်ခြင်းအမှုအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အတွက် ကောင်းသောအမှု ကိုပြုခဲ့ပြီဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ကယ်တင်ခြင်းအကြောင်းမဟောနိုင်ပေ။ (ဘုရားသခင်က ကျွန်ုပ်တို့ကို ကယ်တင်ခြင်းပင်ဖြစ်သည်- ရောမ ၅း၈)။ မာန်မာနထောင်လွှားစရာအ ကြောင်းလည်းမရှိပေ။ (ကျွန်ုပ်တို့လက်ခံရရှိသောအရာအားလုံးသည် ကျေးဇူးတော်အားဖြင့်ဖြစ်သည် ဧဖက် ၂း၈-၉)။ ခေါင်းဆောင်မှုတွင်လည်း ကျော်လွှားအောင်မြင်နိုင်ခြင်းမရှိပေ (ခရစ်တော်သည် ကျွန်ုပ်တို့ ၏ဦးခေါင်းဖြစ်သည်- ကောလောသဲ ၁း၁၈)။ မုန်းတီးခြင်း၊ မျက်နှာသာပေးခြင်း စသည်တို့လည်းမရှိပေ ( ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌တလုံးတ၀တည်းဖြစ်သည်- ဂလာတိ ၃း၂၈)။ အဖွဲ့အစည်းဖွဲ့စည်းခြင်းသည် မှားယွင်းမှုပြုခြင်းမဟုတ်ပေ။ ဘာသာတရား၏လုပ်ထုံးလုပ်နည်းနှင့် ကျင့်သုံးမှုစနစ်များဗဟိုပြုခြင်းသည် မှား ယွင်းမှုရှိသည်။

မေးခွန်း: ဥပုဒ်နေ့သည် စနေနေ့ဖြစ်သလား။ (သို့) တနင်္ဂနွေနေ့ဖြစ်သလား။ ခရစ်ယာန် များသည် ဥပုဒ်နေ့ကို စောင့်ထိန်းရန်လိုသေးသလား။

“ဘုရားသခင်က ဧဒင်ဥယျာဉ်ခြံထဲတွင် ဥပုဒ်နေ့ကို ထူထောင်ထားပါသည်” ဟု အဆိုရှိသည်။ အဘယ်ကြောင့်ဆိုသော် ထွက်မြောက်ရာကျမ်း ၂၀း၁၁ ထဲတွင် ဥပုဒ်နေ့နှင့်ဖန်ဆင်းခြင်းတို့၏ဆက်နွယ်မှု ကြောင့်ဖြစ်သည်။ ခုနစ်ရက်မြောက်သောနေ့ (ကမ္ဘာဦးကျမ်း ၂း၃)တွင် ဘုရားသခင်၏အနားယူခြင်းသည် လာမည်အနာဂတ်ကာလတွင် ဥပုဒ်နေ့စောင့်ထိန်းရန် ပုံဖော်လိုခြင်းဖြစ်သော်လည်း ဣသရေလလူမျိုးများ သည် ဧဂျစ်ပြည်မှမထွက်ခွါသွားမှီ ဥပုဒ်နေ့ဟူ၍ မှတ်တမ်းတင်ထားသော ကျမ်းပိုဒ်မတွေ့ရပေ။ အာဒံခေတ် မှ မောရှောခေတ်အထိ ဥပုဒ်စောင့်ထိန်းခြင်းအရိပ်အယောင်မတွေ့ရနိုင်ပေ။

ဥပုဒ်နေ့စောင့်ထိန်းခြင်းသည် ဘုရားသခင်နှင့်ဣသရေလလူမျိုးကြားတွင် အထူးအမှတ်အသားဖြစ်သည် ဟု သမ္မာကျမ်းစာထဲတွင် ကွက်ကွက်ကွင်းကွင်းတွေ့ရှိနိုင်ပါသည်။ “သို့ဖြစ်၍ ဣသရေလအမျိုးသားအစဉ် အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ် နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။ ထိုသို့စောင့်လျှင်၊ ငါနှင့်ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရ လက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့်မြေကြီးကို၊ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမ နေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်အားဖြည့်ဖော်မူသည်ဟု မောရှေအားမိန့်တော်မူ၏” (ထွက်မြောက် ၃၁း ၁၆-၁၇)။

တရားဟောရာကျမ်း အခန်းကြီး ၅ ထဲတွင် မောရှေက ဣသရေလလူမျိုးမျိုးဆက်သစ်များအတွက် ပညတ် တော်ဆယ်ခုထဲတွင် ပြန်လည်ဖော်ပြထားပါသည်။ အခန်းငယ် ၁၂-၁၄ ထဲတွင် ဥပုသ်နေ့စောင့်ထိန်းရန် အ မိန့်ထုတ်ပြန်ပြီးနောက် ဣသရေလလူမျိုးများအပေါ် ဥပုသ်စောင့်ရန် အမိန့်ပေးထားခြင်း ရည်ရွယ်ချက်ကို ဖော်ပြထားပါသည်။ “သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင်ထာဝရဘုရား သည် အားကြီးသောလက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင်တော်မူကြောင်းကိုအောက်မေ့ လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကို စောင့်ရမည်ဟု သင်၏ဘုရားသခင်ထာဝရဘုရားမှာ ထားတော်မူ၏” (တရားဟော ၅း၁၅)။

ဣသရေလလူမျိုးများအပေါ် ဘုရားသခင်က ဥပုသ်နေ့ပေးအပ်ခြင်းသည် ဖန်ဆင်းခြင်းအကြောင်းကို သတိရစေရန်အတွက် မဟုတ်ပေ။ သို့သော် ဘုရားသခင်က သူတို့ကျွန်ခံရာ အဲဂုတ္တုပြည်မှကယ်တင်ခြင်း ကို သတိရစေရန်အတွက် ဥပုသ်နေ့ပေးအပ်ထားခြင်းဖြစ်သည်။ ဥပုသ်နေ့စောင့်ထိန်းခြင်းအတွက် တောင်း ဆိုမှုများကို သတိရပါ။ ဥပုသ်စောင့်ထိန်းသောသူတစ်ဦးသည် ဥပုသ်နေ့တွင် အိမ်အပြင်သို့မထွက်ရပေ (ထွက်မြောက်၊ ၁၆း၂၉)။ သူသည် မီးမွှေးခွင့်မရပေ (ထွက်မြောက် ၃၅း၃)။ လူတစ်ဦးတစ်ယောက်ကိုလည်း အလုပ်လုပ်ခိုင်းခွင့်မရှိပေ ( တရားဟော ၅း၁၄)။ ဥပုသ်နေ့ချိုးဖောက်သောသူသည် အသေသတ်ခြင်းခံရ မည် (ထွက်မြောက် ၃၁း၁၅၊ တောလည် ၁၅း၃၂-၃၅)။

ဥပုသ်စောင့်ခြင်းနှင့်ပတ်သက်၍ ဓမ္မသစ်ကျမ်းစာထဲတွင် အရေးကြီးသောအချက်လေးခုတို့ဖြင့်ဖော်ပြထားပါ သည်။ ၁။ ခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ပြီးနောက် တနင်္ဂနွေနေ့၌သာ လူများထံ သူသည် ထမြောက် ကြောင်းထင်ရှားခဲ့သည် (မဿဲ ၂၈း၁၊ ၉၊ ၁၀၊ မာကု ၁၆း၉၊ လုကာ ၂၄း၁၊ ၁၃၊ ၁၅၊ ယောဟန် ၂၀း၁၉၊ ၂၆)။ ၂။ တမန်တော်ဝတ္ထုမှ ဗျာဒိတ်ကျမ်းထိတိုင် ဥပုသ်နေ့ကို ဖော်ပြသောအခါ ယုဒလူမျိုးများထံ ဧ၀ံဂေ လိဝေငှသောနေ့အဖြစ်အသုံးပြုထားကာ၊ တရားဇရပ်တွင် အသုံးပြုထားသည်ကို တွေ့ရှိနိုင်သည် ( တမန် ၁၃-၁၈)။ ပေါလုက “ယုဒလူတို့ရခြင်းအလိုငှါ ယုဒလူတို့၌ယုဒလူကဲ့သို့ဖြစ်၏” (၁ကော ၉း၂၀) ဟု ဖော်ပြ ထားပါသည်။ ပေါလုသည် တရားဇရပ်တွင် မိတ်သာဟာရဖွဲ့ရန်နှင့် သန့်ရှင်းသူများအားပေးကူညီရန် မသွား ခဲ့ပေ။ သို့သော် ကယ်တင်ခြင်းမရသေးသောသူများကို ကယ်တင်ရန် သွားခဲ့သည်။ ၃။ ပေါလုက “ယခုမှစ၍ တပါးအမျိုးသားများထံငါသွားမည်” (တမန် ၁၈း၆) ဟုဖော်ပြထားပါသည်။ ဥပုသ်နေ့အကြောင်း ကို ဖော်ပြထားခြင်းမရှိပေ။ ၄။ ဓမ္မသစ်ကျမ်းထဲတွင် ဥပုသ်နေ့ကို စောင့်ထိန်းခြင်းအတွက် အကြံပြုမည့်အ စား ထိုနေ့တွင် ကယ်တင်ခြင်းအကြောင်းဝေငှရန် တိုက်တွန်းထားပါသည်။ (ကောလောသဲ ၂း၁၆ ထဲတွင် တွေ့ရှိသည့်အတိုင်း အထက်၌ဖော်ပြထားသော အချက် ၃ ခုတို့မပါဝင်ပေ)။

အထက်တွင်ဖော်ပြထားသော အချက်၎ ခုတို့ကိုကြည့်လျှင် ဓမ္မသစ်ယုံကြည်သူများသည် ဥပုသ်နေ့စောင့် ထိန်းရမည်ဟူသောတာဝန်မရှိပေ။ တနင်္ဂနွေနေ့သည် “ခရစ်ယန်များ၏ဥပုသ်နေ့” ဖြစ်သည်ဟု သတ်မှတ် ခြင်းသည်လည်း သမ္မာကျမ်းစာနှင့်ညီညွတ်မှုမရှိပေ။ အထက်တွင်ဖော်ပြခဲ့သည့်တိုင်း ရှင်ပေါလုသည် တပါး အမျိုးသားများထံ သာသနာလုပ်ငန်းလုပ်ဆောင်ရန် အစပြုလာသောအခါ ဥပုသ်နေ့အကြောင်းကို တစ်ကြိမ်တည်းဖော်ပြထားပါသည်။ “ထိုကြောင့်၊ စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ် လတံ့သောအရာတို့၏အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏” (ကောလောသဲ ၂း၁၆-၁၇)။ ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍ “ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သောဝိနည်းအထုံးအ ဖွဲ့နှင့်စပ်ဆိုင်သောလက်မှမှတ်ကိုချေ” (ကောလောသဲ ၂း၁၄) သောအခါ သူက ယုဒလူမျိုးများနှင့်စပ်ဆိုင် သော ဥပုဒ်နေ့ကို ဖျက်သိမ်းခဲ့ပါသည်။

ထိုကဲ့သို့ခံယူချက်များကို ဓမ္မသစ်ကျမ်းထဲတွင် နေရာအနှံ့အပြား၌တွေ့ရှိနိုင်ပါသည်။ “နေ့ရက်တရက်တ ရက်သာ၍ မြတ်သည်ဟူ လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိစိတ်တဘောကျပါစေ။ နေ့ရက် ကိုစောင့်သောသူသည် သခင်ဘုရားကိုထောက်၍စောင့်၏။ နေ့ရက်ကိုမစောင့်သောသူသည်လည်း၊ သခင် ဘုရားကို ထောက်၍မစောင့်ဘဲနေ၏။ စားသောသူသည် သခင်ဘုရားကို ထောက်သောစိတ်နှင့်စား၍ ကျေး ဇူးတော်ရှိသည်ဟု ၀န်ခံ၏။ မစားသောသူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့်မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏” (ရောမ ၁၄း၅-၆)။ “ယခုမူကား၊ သင်တို့သည် ဘုရားသခင်ကိုသိပြီးမှဟူ၍ မဆို၊ ဘုရားသခင်သည် သင်တို့ကိုသိတော်မူပြီးမှ၊ ချမ်းသာမပေးနိုင်သောတရားနုဘက်သို့ အဘယ် ကြောင့်တဖန်ပြောင်းလဲကြသနည်း။ ထိုလောကီတရား၌ တဖန်ကျွန်ခံခြင်းငှါ၊ အလိုရှိကြပြီတကား။ နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား” (ကောလောသဲ ၄း၉-၁၀)။

သို့သော်အချို့သောသူများက Constantine က အေဒီ ၃၂၁ ခုနှစ်တွင် ဥပုသ်နေ့ကို စနေနေ့မှ တနင်္ဂနွေ နေ့သို့ “ပြောင်းလဲ” ခဲ့သည်ဟု ယုံကြည်ပြောဆိုကြသည်။ ကနဦးယုံကြည်သူများသည် မည်သည့်နေ့ရက် တွင် ၀တ်ပြုစည်းဝေးကြသနည်း။ ကနဦးယုံကြည်သူများသည် စနေနေ့တွင် ၀တ်ပြုကိုးကွယ်ခြင်း(သို့) မိတ်သာဟာရဖွဲ့ခြင်းရှိသည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားခြင်းမရှိပေ။ သို့သော် သူတို့သည် တနင်္လာနေ့တွင် ၀တ်ပြုကိုးကွယ်ထားကြကြောင်း သမ္မာကျမ်းစာထဲတွင် တွေ့ရှိနိုင်ပါသည်။ ဥပမာအားဖြင့်၊ တမန် ၂၀း၇ ထဲတွင် “ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ဖဲ့ခြင်းငှါစည်းဝေးကြသည်” ဟုဖော်ပြထားပါသည်။ ၁ကော ၁၆း၂ ထဲတွင် ရှင်ပေါလုက ယုံကြည်သူများကို ဤသို့တိုက်တွန်းထားပါသည်။ “ငါရောက်လာသော အခါ လှူဒါန်း၍ စုထားစရာမရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီးကောင်းစားသည့်အ တိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထိုတ်၍စုထားကြလော့။” ၂ကော ၉း၁၂ ထဲတွင် အလှူတော်ငွေများကို “၀တ် ပြုကိုးကွယ်ခြင်း” ကောက်ခံထားသည်ဟု ပေါလုကဖော်ပြထားသောကြောင့် ထိုကောက်ခံထားသောအလှူ ငွေများသည် တနင်္ဂနွေနေ့ ယုံကြည်သူများစုရုံးသောအခါ ကောက်ခံကြောင်းကို တွေ့ရှိနိုင်ပါသည်။ သမိုင်း အရ ခရစ်ယာန်ယုံကြည်သူများသည် တနင်္ဂနွေနေ့၊ စနေနေ့မဟုတ် တွင် စည်းဝေး၀တ်ပြုခဲ့ကြသည်။ ၄င်း သည် တစ်ရာစုကတည်းက အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဥပုသ်နေ့သည် ယုံကြည်သူများအတွက်မဟုတ်၊ ဣသရေလလူမျိုးများအတွက်ပေးခဲ့ခြင်းဖြစ်သည်။ ဥပုသ်နေ့သည် စနေနေ့ဖြစ်သည်။ တနင်္ဂနွေနေ့မဟုတ်ပေ။ ပြောင်းလဲမှုမရှိပေ။ သို့သော် ဥပုသ်စောင့်ထိန်းခြင်းသည် ဓမ္မဟောင်းဥပဒေဖြစ်သည်။ ခရစ်ယာန်များသည် ဥပဒေချုပ်နှောင်ခြင်းမှ လွှတ် မြောက်ခဲ့ပါသည် (ဂလာ ၄း၁-၂၆၊ ရောမ ၆း၁၄)။ ခရစ်ယာန်များ ဥပုသ်နေ့-စနေနေ့ (သို့) တနင်္ဂနွေနေ့ ကို စောင့်ထိန်းရန် စေခိုင်းခြင်းမရှိပေ။ ရက်သတ္တပတ်၏ပထမနေ့ရက်၊ ဘုရားသခင်၏နေ့ (ဗျာဒိတ် ၁း၁၀) သည် သေခြင်းမှထမြောက်သောခရစ်တော်နှင့်အတူ အသစ်သောဖန်ဆင်းခြင်းခံသော သူများက ပွဲလမ်း သဘက်ကျင်းပခဲ့ကြသည်။ ကျွန်ုပ်တို့သည် မောရှေ၏ပညတ်တော်ဖြစ်သော ဥပုသ်စောင့်ခြင်းကို လိုက်နာ ကျင့်သုံးရန် တာဝန်မရှိပေ။ သို့သော် ကျွန်ုပ်တို့သည် သေခြင်းမှထမြောက်သောခရစ်တော်ကို အစေခံခြင်း ခြင်းသူ့နောက်သို့လိုက်ရန်ဖြစ်သည်။ တမန်တော်ရှင်ပေါလုက ယုံကြည်သူအယောက်စီတိုင်းက ဘုရားသ ခင်အစေကိုခံမည်လော (သို့) ဥပုသ်နေ့ကို စောင့်ထိန်းခြင်းဖြစ်သောအနားယူရမည်လောဟူ၍ရွေးချယ်နိုင် သည်ဟု ဖော်ပြထားပါသည်။ “နေ့ရက်တရက်ထက်တရက်သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိစိတ်သဘောကျပါစေ” (ရောမ ၁၄း၅) ကျွန်ုပ်တို့သည် စနေနေ့(သို့) တနင်္ဂနွေ နေ့များ၌သာ ဘုရားသခင်ကို ကိုးကွယ်ရန်အတွက်မဟုတ်ဘဲ နေ့စဉ်နေ့တိုင်းကိုးကွယ်ရမည်ဖြစ်သည်။