ခရစ်ယာန်အသက်တာနှင့်ပတ်သက်သောမေးခွန်းများ

မေးခွန်း: ကာလ်ဗီးနီးယဲမ်းအမြင်သည်မှန်ကန်သလား။ အာရ်မီးနီးယဲမ်းအမြင်သည်မှန် ကန်သလား။

ကာလ်ဗီးနီးယဲမ်းနှင့်အာရ်မီးနီးယဲမ်းအမြင်နှစ်ခုတို့သည် ကယ်တင်ခြင်းအကြောင်းနှင့်ပတ် သက်၍ ဘုရားသခင်၏အစိုးရသောအခွင့်အာဏာနှင့်လူတွေ၏တာဝန်ဝတ္တရားများအကြားရှင်းပြ ပေးထားသော သီအိုလျော်ဂျီအတွေးအခေါ်ဖြစ်သည်။ ကာလ်ဗီးနီးယဲမ်းနာမည်သည် ဂျွန်းကာလ် ဗင်းနာမည်မှဆင်းသက်လာသည်။ ၁၅၀၉-၁၅၆၄ခုနှစ်အကြားတွင်နေထိုင်သော ပြင်သစ်သီအို လျော်ဂျီ ပညာရှင်တစ်ဦးဖြစ်သည်။ အာရ်မီးနီးယဲမ်းအမြင်သည် ယားကိုဘစ်(စ်)အာရ်မီးနီးအပ်(စ်) မှဆင်းသက်လာသည်။ သူသည် ၁၅၆၀-၁၆၀၉ခုနှစ်အတွင်း နာသာလင်သီအိုလော်ဂျီပညာရှင်ကြီး တစ်ပါးဖြစ်သည်။

နှစ်ခုစလုံးတို့၏ခံယူချက်ကို အချက်ငါးခုတို့ဖြင့် အတိုချုံးဖော်ပြနိုင်သည်။ ကာလ်ဗီးနီးယဲမ်းခံ ယူချက်သည် လူတွေ၏ဥဿုံပျက်ဆီးခြင်းဖြစ်သည်။ အာရ်မီးနီးယဲမ်းခံယူချက်သည် လူတွေ၏အ စိတ်အပိုင်းတစ်ခုပျက်စီးခြင်းဖြစ်သည်။ လုံးဝဥဿုံပျက်စီးခြင်းဟုဆိုရာတွင် လူသားအားလုံးသည် အပြစ်တရားကြောင့်လုံးဝပျက်စီးခြင်းကိုဖော်ပြလိုခြင်းဖြစ်သည်။ ထိုကြောင့်လူသားများသည် ကိုယ် နည်းကိုယ့်ဟန်ဖြင့် ဘုရားသခင်ထံသို့မလာနိုင်ခြင်းဖြစ်သည်။ အစိတ်အပိုင်းပျက်စီးခြင်းသည် အပြစ်တရားအားဖြင့်လူတွေအားလုံးပျက်စီးခြင်းဖြစ်သည်။ သို့သော် သူတို့သည် မိမိကြိုးပမ်းအား ထုတ်ခြင်းအားဖြင့် ဘုရားသခင်ကိုမယုံကြည်ခြင်းမရှိနိုင်ပေ။

ကာလ်ဗီးနီးယဲမ်းယုံကြည်သူများက ရွေးနှုတ်ကယ်တင်ခြင်းသည် အခြေအနေပေါ်မမူတည် သောယုံကြည်ခြင်းဖြစ်သည်။ အာရ်မီးနီးယဲမ်းယုံကြည်သူများက အခြေအနေပေါ်မူတည်ပြီးရွေး နှုတ်ခြင်းကိုယုံကြည်ကြသည်။ အခြေအနေပေါ်မမူတည်သောရွေးနှုတ်ခြင်းသည် ဘုရားသခင်က သူ၏အလိုတော်တစ်ခုတည်းအဖြင့်လူအချို့ကိုကယ်တင်ခြင်းသို့ပို့ဆောင်ခြင်းကို ဆိုလိုသည်။ သူတို့၏လုပ်ဆောင်ချက်၊ထိုက်တန်မှုပေါ်တွင်မမူတည်ပေ။ အခြေအနေပေါ်မူတည်သောရွေးနှုတ် ခြင်းသည် ကယ်တင်ခြင်းရရှိမည့်သူများကို ဘုရားသခင်၏ရှေးမဆွကတည်းကအကြံအစည်တော် အားဖြင့် သူရွေးကောက်ခြင်းကိုဆိုလိုသည်။ ထိုကြောင့်သူတို့သည် ကယ်တင်ခြင်းရရှိရန်ဘုရားသ ခင်ကိုရွေးကောက်ခြင်းဖြစ်သည်ဟူသောယုံကြည်ခြင်းဖြစ်သည်။

ကာလ်ဗီးနီးယဲမ်းခံယူချက်က ပြစ်ကြွေးပေးဆပ်ခြင်းသည် အကန့်အသတ်ရှိသည်ဟု ယုံကြည်ခြင်းဖြစ်သည်။ အာရ်မီးနီးယဲမ်းယုံကြည်သူများက အကန့်အသတ်မရှိဟုယုံကြည်ကြသည်။ ၄င်းသည် ခံယူချက်ငါးခုမှ ငြင်းခုံစရာကောင်းသောအချက်ဖြစ်သည်။ အကန့်အသတ်ရှိသည်ဟု ယုံ ကြည်သူများက သခင်ယေရှုအသေခံခြင်းသည် သူရွေးကောက်သောသူများအတွက်သာဖြစ်သည် ဟုယုံကြည်ကြသည်။ အကန့်အသတ်မရှိဟု ယုံကြည်သူများက သခင်ယေရှုအသေခံခြင်းသည် လူ သားအားလုံးအတွက်ဖြစ်သည်ဟုယုံကြည်ကြသည်။ သို့သော် လူတစ်ဦးသည် ယုံကြည်ခြင်းအား ဖြင့်သူ့ကိုမလက်ခံမချင်း သခင်ယေရှုအသေခံခြင်းသည် အကျိုးတက်ရောက်မှုမရှိဟုယုံကြည်ကြ သည်။

ကာလ်ဗီးနီးယဲမ်းများက ဘုရားသခင်၏ကျေးဇူးတော်ကို အငြင်းဆိုးနိုင်ဟုယုံကြည်ကြ သည်။ အာရ်မီးနီးယဲမ်းများက လူတစ်ဦးသည် ဘုရားသခင်၏ကျေးဇူးတော်ကိုငြင်းဆိုနိုင်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ကျေးဇူးတော်မငြင်းဆိုနိုင်ဟုယုံကြည်သူများက ဘုရားသခင်က လူတစ်ဦးကိုခေါ်သောအခါ သူမှာငြင်းဆိုနိုင်စွမ်းမရှိ ကယ်တင်ခြင်းအမှန်ရရှိသည်ဟု ယုံကြည်ကြ သည်။ ဘုရားသခင်၏ကျေးဇူးတော်ငြင်းဆိုနိုင်သည်ဟုယုံကြည်သူများက ဘုရားသခင်ကလူသား အားလုံးကို ကယ်တင်ခြင်းသို့ခေါ်ဖိတ်သော်လည်း များစွာသောသူများက ထိုခေါ်ဖိတ်ခြင်းကို ခုခံ ငြင်းဆိုနိုင်သည်ဟုယုံကြည်ကြသည်။

ကာလ်ဗီးနီးယဲမ်းယုံကြည်သူများက သန့်ရှင်းသူများအဆုံးထိတိုင်ယုံကြည်ခြင်းစွဲကိုင်ခြင်း ကိုယုံကြည်ကြသည်။ အာရ်မီးနီးယဲမ်းယုံကြည်သူများက အခြေအနေပေါ်မူတည်၍ ကယ်တင်ခြင်း ရရှိ ခြင်းကိုစွဲကိုင်ထားကြသည်။ အဆုံးထိတိုင်အောင်ယုံကြည်ခြင်းစွဲကိုင်သောသူများဟုဆိုရာတွင် ဘုရားသခင်ရွေးကောက်တော်မူသောလူတစ်ဦးသည် အဆုံးထိတိုင်အောင်သစ္စာရှိခြင်းကိုဆိုလို သည်။ သူတို့သည် ခရစ်တော်ကို ဘယ်တော့အခါမှငြင်းပယ်မည်မဟုတ်ပေ။ သူထံမှဘယ်တော့အ ခါမှထွက်ခွါမည်မဟုတ်ပေ။ အခြေအနေပေါ်မူတည်၍ကယ်တင်ခြင်းရရှိသည်ဟုယုံကြည်သူများ သည် ခရစ်တော်ထဲ၌ယုံကြည်သူတစ်ဦးသည် မိမိရွေးချယ်မှုဖြင့် ခရစ်တော်ထံမှနောက်သို့ပြန်ဆုတ် နိုင်သည်။ ထိုကြောင့် သူတို့သည် ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်။

ထိုကြောင့် ကာလ်ဗီးနီးယဲမ်းယုံကြည်ခြင်းသည် မှန်ကန်သလား၊ အာရ်မီးနီးယဲမ်းယုံကြည် ခြင်းသည်မှန်ကန်သလားဟု ငြင်းခုံနေကြခြင်းဖြစ်သည်။ ခရစ်တော်၏ကိုယ်ခန္ဓာတွင် ကာလ်ဗီးနီး ယဲမ်းယုံကြည်ခြင်းနှင့်အာရ်မီးနီးယဲမ်းယုံကြည်ခြင်းရောထွေးနေသည်ကို မှတ်သားရန် လိုအပ် သည်။ ကာလ်ဗီးနီးယဲမ်းခံယူချက်ငါးခုနှင့်အာရ်မီးနီးယဲမ်းခံယူချက်ငါးခုရှိသည်။ ထိုနည်းတူ ကာလ် ဗီးနီးယဲမ်းခံယူချက်သုံးခုနှင့်အာရ်မီးနီးယဲမ်းခံယူချက်နှစ်ခုစွဲကိုင်သောသူများလည်းရှိသည်။ များစွာ သောယုံကြည်သူများက ထိုခံယူချက်နှစ်ခုကို ရောထွေးပြီးယုံကြည်ကြသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့အမြင်သည် မှားယွင်းတတ်သည်။ သူတို့ရှင်းပြသောအကြောင်းအရာများသည်လည်းမှား ယွင်းတတ်သည်။ လူတွေ၏ရှင်းပြချက်များကို အပြည့်အ၀လက်ခံယုံကြည်ရန် မဖြစ်နိုင်ပေ။ ဘုရား သခင်သည်အရာအားလုံးကို ထိန်းချုပ်ကာ သိရှိသည်။ လူသားများသည် ခရစ်တော်အားဖြင့်ကယ် တင်ခြင်းရရှိရန် စစ်မှန်သောဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်သည်။ ဤအမြင်နှစ်ခုတို့သည် ကျွန်ုပ်တို့ အတွက် တိုက်လှန်ပြိုင်ဆိုင်နိုင်သည်။ သို့သော် ဘုရားသခင်၏စိတ်ထဲတွင် သူတို့အမြင်များသည် ပြည့်စုံသည်။

မေးခွန်း: ခရစ်ယာန်များလောကအမြင်ဟူသည်အဘယ်နည်း။

“လောကအမြင်”ဟူသည် ကမ္ဘာအကြောင်းနှင့်ပတ်သက်၍ရှုထောင့်တစ်မျိုးအားဖြင့်မြင် တွေ့ခြင်းဖြစ်သည်။ ထိုကြောင့် ခရစ်ယာန်လောကအမြင်သည် ကမ္ဘာမြေကြီးနှင့်ပတ်သက်၍ခရစ် ယာန်များအမြင်ကိုဖော်ပြရည်ညွှန်းလိုခြင်းဖြစ်သည်။ ကမ္ဘာကြီးဖြစ်လာခြင်းအကြောင်းကို “ကောင်း မွန်စွာသိရှိခြင်း”သည်အရေးကြီးသည်။အခြားသူများခံယူချက်နှင့်ညီညွတ်မှုရှိရန်လည်းလိုအပ် သည်။ ထိုသို့ခံယူခြင်းသည် မှန်ကန်သောအမြင်ဖြစ်သည်။ လူတစ်ယောက်၏လောကအမြင်သည် သူ၏နေ့စဉ်ဘ၀အသက်တာကိုဆုံးဖြတ်ပေးသောအရာဖြစ်သောကြောင့် အလွန်အမင်းအရေးကြီး သည်။

စားပွဲပေါ်တွင် ပန်းသီးတစ်လုံးတင်ထားလျှင် လူတိုင်းကမြင်နိုင်သည်။ ဇီဝဗေဒသိပ္ပံပညာ ရှင်များက ၄င်းပန်းသီး၏တည်ဆောက်ပုံမြင်သောအခါ အစိတ်အပိုင်းခွဲခြားထားသည်။ ပန်းချီဆရာ တစ်ယောက်က၄င်း၏ ရှင်သန်ခြင်းကိုမြင်သောအခါ၎င်း၏ပုံကိုရေးဆွဲမည်ဖြစ်သည်။ ဆိုင်ပိုင်ရှင် တစ်ဦးကမြင်လျှင်၎င်း၏ တန်ဖိုးကိုမြင်တွေ့သောအခါ ၄င်း၏တန်ဖိုးကိုတွက်ဆမည်ဖြစ်သည်။ ကလေးတစ်ယောက်က ၄င်းကိုနေ့လည်စာအဖြစ်မြင်သောအခါ စားပါလိမ့်မည်။ ကျွန်ုပ်တို့မြင်က ကျွန်ုပ်တို့ဘ၀တစ်ခုလုံး ကိုလွှမ်းမိုးထားသောကြောင့် ကျွန်ုပ်တို့အမြင်သည်အလွန်အရေးကြီးသည်။ ခရစ်ယာန်များဖြစ်စေ၊ ခရစ်ယာန်မဟုတ်သောသူများဖြစ်စေ လောကအမြင်ကိုမြင်တွေ့ရာတွင် မေးစရာမေးခွန်းသုံးခုရှိ သည်။ ၄င်းတို့မှာ-

(၁) မိတ်ဆွေ မည်သည့်နေရာမှလာခဲ့သနည်း။ (မိတ်ဆွေ ဤနေရာမှာအဘယ်ကြောင့်နေ သနည်း။)

(၂) လောကသည် မည်သည့်အရာဖြင့်မှားယွင်းသနည်း။
(၃) ကျွန်ုပ်တို့သည် ၄င်းကို မည်သို့ပြန်တပ်ဆင်မည်နည်း။
ယနေ့လောကအမြင်သည် သဘာဝဖြစ်လာခြင်းဖြစ်သည်။ ၄င်းက မေးခွန်းသုံးခုကိုအဖြေ ပေးထားပါသည်။ ၄င်းတို့မှာ- (၁) ကျွန်ုပ်တို့ဖြစ်လာရခြင်းသည်ရည်ရွယ်ချက်မရှိဘဲ အလိုအ လျောက်ဖြစ်လာခြင်းဖြစ်သည်။ (၂) ကျွန်ုပ်တို့သည် သဘာဝကို လေးစားသင့်သည့်အတိုင်းမလေး စားပေ။ (၃) သစ်ပင်ပန်းပင်များနှင့်သဘာဝတရားကိုစောင့်ထိန်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် လောကကို ကောင်းမွန်စွာစောင့်ထိန်းနိုင်သည်။ သဘာဝလောကအမြင်က ဆက်နွယ်ခြင်း၊ တည်ရှိ ခြင်း၊ အကျိုးကိုခံစားခြင်းနှင့် လက်တွေ့မကျသောအတွေးအခေါ်များဖြစ်ကြသော အတွေးအခေါ် များဖြစ်စေပါသည်။

ခရစ်ယာန်များလောကအမြင်သည် မေးခွန်းသုံးခုကိုဖြေဆိုထားပါသည်။ (၁)ကျွန်ုပ်တို့သည် ဤကမ္ဘာကြီးကိုပြုစုစောင့်ရှောက်ရန်နှင့်ဘုရားသခင်နှင့်မိတ်သာဟာရဖွဲ့ရန်အတွက် ဘုရားသခင် ဖန်ဆင်းထားသောသူများဖြစ်ကြသည် (ကမ္ဘာ ၁း၂၇-၂၈၊ ၂း၁၅)။ (၂) ကျွန်ုပ်တို့သည် ဘုရားသခင် စကားကိုနားမထောင်ဘဲ အပြစ်ပြုသောကြောင့်လောကတစ်ခုလုံးကျိန်ခြင်းအမင်္ဂလာသို့ရောက် သွားခဲ့သည် (ကမ္ဘာ ၃)။ (၃) ဘုရားသခင်ကိုယ်တော်တိုင် သူ၏သားတော် သခင်ယေရှုခရစ်တော် ၏အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည် (ကမ္ဘာ ၃း၁၅၊ လုကာ ၁၉း၁၀)။ တစ်နေ့နေ့ ကျရင် ဘုရားသခင်ကသူဖန်ဆင်းခဲ့သောဧဒင်ဥယျာဉ်ကဲ့သို့သောအခြေအနေသို့ပြန်လည်ပို့ ဆောင် ဦးမည်ဖြစ်သည် (ဟေရှာယ ၆၅း၁၇-၂၅)။ ခရစ်ယာန်များလောကအမြင်သည်ကိုယ်ကျင့်တရား ပျက်ပြားမှုများ၊ နိမိတ်လက္ခဏာများ၊ လူတွေ၏ဂုဏ်သိက္ခာ၊ နှင့်ရွေးနှုတ်ကယ်တင်ခြင်းများသိစေ ခဲ့သည်။

ကမ္ဘာကြီးနှင့်ပတ်သက်၍ရှုမြင်ခြင်းများသည်ရှုတ်ထွေးနေသည်ကိုမှတ်ထားခြင်းသည်အ လွန်အရေးကြီးသည်။၎င်းကျွန်ုပ်တို့ဘ၀တစ်ခုလုံးကိုပြောင်းလဲစေတတ်သည်။ငွေကြေးမှကိုယ်ကျင့်တရားသို့၎င်း၊ နိုင်ငံရေးမှပန်းချီရေးဆွဲခြင်းသို့၎င်းပြောင်းလဲစေပါသည်။ စစ်မှန်သောခရစ်ယာန်ဘာ သာသည် ဘုရားကျောင်းသို့တက်ရောက်ခြင်းသာမဟုတ်ပေ။ သမ္မာကျမ်းစာထဲတွင်သွန်သင်ထား သည့်အတိုင်း ခရစ်ယာန်ဘာသာသည် လေကီအမြင်တစ်ခုဖြစ်သည်။ သမ္မာကျမ်းစာက “ဘာသာရေး”နှင့် “လောကီရေးရာ” ခွဲခြားထားခြင်းမရှိပေ။ ခရစ်ယာန်အသက်တာသည် တည်ရှိနေသောဘ၀အသက်တာဖြစ်သည်။ သခင်ယေရှုက “ငါသည်လမ်းခရီး၊ သမ္မာတရားနှင့် အသက်ဖြစ်သည်” (ယောဟန် ၁၄း၆) ဟုဖော်ပြထားပါသည်။ ထိုသို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ လောကီအမြင်ဖြစ်သွားပါသည်။

မေးခွန်း: ခေတ်ကာလအပိုင်းအခြားခွဲခြားမှုသည်အဘယ်နည်း။ သမ္မာကျမ်းစာသွန်သင်ချက်ဖြစ် သလား။

ခေတ်ကာလအပိုင်းအခြားခွဲခြားမှုတွင် အဓိကအားဖြင့်အတူညီသောအချက်နှစ်ခုရှိသည်။ (၁)သမ္မာကျမ်းစာကို ရေးထားသည့်အတိုင်းအနက်ဖွင့်ဆိုခြင်း(အထူးသဖြင့် ကြိုတင်ဟောပြောချက် များ) (၂)ဘုရားသခင်၏အကြံအစည်တော်ထဲတွင် ဣသရေလလူမျိုးများနှင့်အသင်းတော်တို့၏ ကွာဟမှုများ ဖြစ်ကြသည်။

ခေတ်ကာလအပိုင်းအခြားခွဲခြားမှုယုံကြည်သောသူများက ကျမ်းစာကိုအနက်ဖွင့်ဆိုရာတွင် ကျမ်းစာအုပ်ထဲတွင်ရေးသားထားသည့်အတိုင်းအနက်ဖွင့်ဆိုခြင်းနိယာမကိုအသုံးပြုကြသည်။ စကားလုံးတစ်ခုစီတိုင်းသည်နေ့တိုင်းအတွက်အသုံးဝင်သည်ကိုဆိုလိုသည်။ သင်္ကေတအမှတ်အသားများ၊ ပုံဆောင်ချက်များနှင့်အမျိုးအစားပုံစံအလိုက်ခွဲခြားချက်များကို ဤနည်းလမ်းအတိုင်းအနက်ဖွင့်ရမည် ဖြစ်သည်။ ကျမ်းစာကို ကျမ်းစာအတိုင်းအနက်ဖွင့်ခြင်းမှာ မှားယွင်းချက်များမရှိပေ။သင်္ကေတများ နှင့်နှိင်းယှဉ်ပုံဆောင်ချက်များတွင်လည်းသူတို့နောက်ကွယ် တွင် ဆိုလိုသည့်အဓိပ္ပါယ်ရှိသည်။

သမ္မာကျမ်းစာကိုလေ့လာရာတွင် သိရှိနိုင်ရန်အတွက် အကောင်းဆုံးယူဆချက်သုံးမျိုး ရှိသည်။ ပထမနေဖြင့်၊ စိတ်ဖြင့်စဉ်းစားတွေးခေါ်ခြင်း၊ ကျွန်ုပ်တို့သည်သမ္မာကျမ်းစာကို ရေးသား ထားသော စကားအတိုင်းအနက်ဖွင့်ရမည်ဖြစ်သည်။ လူတွေနှင့်အဆက်အသွယ်ပြုနိုင်ရန်အတွက် ဘုရားသခင်က ကျွန်ုပ်တို့ ကို ဘာသာစကားပေးထားသည်။ ဒုတိယအနေဖြင့်၊ သမ္မာကျမ်းစာကို သမ္မာကျမ်းစာဖြင့်ဘာသာပြန်ဆိုခြင်းဖြစ်သည်။ ဓမ္မဟောင်းထဲတွင် သခင်ယေရှုအကြောင်းနှင့် ပတ်သက်ပြီးကြိုတင်ဟောပြောချက်များကို မျက်ဝါးထင်ထင်ပြည့်စုံသွားခဲ့သည်။ ဓမ္မဟောင်းကျမ်း ထဲတွင်ကြိုတင်ဟောပြောထားသည့်အတိုင်း သခင်ယေရှုဖွါးမြင်ခြင်း၊ သူ၏သာသနာလုပ်ငန်း၊ သူ၏အသေခံခြင်း နှင့်ရှင်ပြန်ထမြောက်ခြင်းတို့သည် တစ်ချက်မလွှဲပြည့်စုံသွားခဲ့သည်။ ဓမ္မသစ်ကျမ်းထဲတွင်ကြိုတင်ဟောပြောချက်မရှိသောအရာများပြည့်စုံခြင်းရှိသည်ဟူ၍မရှိပါ။ ထိုကြောင့် ကျမ်းစာကိုကျမ်းစာအ တိုင်းအနက်ဖွင့်ခြင်းသည် မမှားနိုင်သောနိယာမတစ်ခုဖြစ်သည်။ ကျမ်းစာလေ့လာရာတွင် ကျမ်းစာကိုကျမ်းစာအတိုင်းအနက်မဖွင့်လျှင် သမ္မာကျမ်းစာထဲတွင်ပါရှိသောအကြောင်းအရာများတိကျမှန် ကန်စွာသိရှိနားလည်းနိုင်မည်မဟုတ်ပေ။ လူတိုင်းကသမ္မာကျမ်းစာကို သူတို့သိရှိမြင်တွေ့သည့်အ တိုင်းအနက်ဖွင့်ဆိုတတ်ကြသည်။ ကျမ်းစာလေ့လာရာတွင် “သမ္မာကျမ်းစာကပြောသည်” ဟု ဖော် ပြခြင်းထက် “ထိုကျမ်းပိုက်များသည် ကျွန်ုပ်ကိုမည်သည့်အရာပြောသနည်း…”က ပို၍အရေးကြီး သည်။ ၀မ်းနည်းစရာတစ်ခုသည် ယနေ့ကျမ်းစာကိုသူတို့စိတ်ကြိုက်အနက်ဖွင့်ကြသော်လည်း သမ္မာကျမ်းစာနှင့်ညီညွတ်သည်ဟု မှားယွင်းစွာဖော်ပြခြင်းပင်ဖြစ်သည်။

ကာလအပိုင်းအခြားသီအိုလောဂျီသွန်သင်သူများက ဘုရားသခင်၏လူများတွင် လူမျိုးနှစ်မျိုး နှင့်ခွဲခြားထားသည်ဟု သွန်သင်ခဲ့သည်။၎င်းတို့မှာ ဣသရေလလူမျိုးများနှင့်အသင်းတော်ဖြစ်သည်။ ကာလအပိုင်းအခြားခံယူသူများက ဓမ္မဟောင်းကျမ်းထဲတွင်ရှိသောဘုရားသခင်နှင့် ဓမ္မသစ်ကျမ်း ထဲတွင်ရှိသောသားတော်ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းရရှိသည်ဟု ယုံကြည် ကြသည်။ ကာလအပိုင်းအခြားယုံကြည်သူများက ဘုရားသခင်၏အကြံအစည်တော်ထဲတွင် ဣသ ရေလလူမျိုးများကို အသင်းတော်ဖြင့်အစားထိုးလိုက်သည်ဟု မယုံကြည်ကြပေ။ သူတို့က ဣသရေ လလူမျိုးများသည်လည်း အသင်းတော်သို့ပြောင်းလဲခြင်းမရှိပေဟုယုံကြည်ခဲ့ကြသည်။ သူတို့က ဓမ္မဟောင်းထဲတွ် ဣသရေလလူမျိုးများအပေါ်ဘုရားသခင်၏ဂတိတော် (နယ်မြေ၊ သားစဉ်မြေး ဆက်အများအပြား၊ ကောင်းချီးမင်္ဂလာများ) သည် ဗျာဒိတ်ကျမ်း အခန်းကြီး ၂၀ ထဲတွင်ဖော်ပြ ထားသည့်အတိုင်း အနှစ်တစ်ထောင်အုပ်စိုးခြင်းတွင်ပြည့်စုံလိမ့်မည်ဟုယုံကြည်ခဲ့ကြသည်။ ကာလ အပိုင်းအခြားခံယူသူများက ယခုချိန်တွင်ဘုရားသခင်သည် အသင်းတော်ကို အာရုံပြုသည့်နည်းတူ နောက်နောင်တွင်လည်း သူသည် ဣသရေလလူမျိုးများကို ဂရုစိုက်လိမ့်မည်ဟု ယုံကြည်ကြသည် (ရောမ ၉-၁၁)။

ဤကဲ့သို့သောနည်းလမ်းများပေါ်အခြေခံပြီး ကာလအချိန်အပိုင်းအခြားခံယူသူများက သမ္မာ ကျမ်းစာကို အဓိကအားဖြင့် အပိုင်း ခုနစ်ခုရှိသည်ဟု ယုံကြည်ကြသည်။ ၄င်းတို့မှာ လူသားများအ ပြစ်ကင်းမဲ့သောအချိန် (ကမ္ဘာ ၁း၁-၃း၇)၊ အပြစ်ရှိသည်ဟုစဉ်းစာတတ်သောအချိန် (ကမ္ဘာ ၃း၈-၈း ၂၂)၊ လူတွေအုပ်စိုးခြင်း (ကမ္ဘာ ၉း၁-၁၁း၃၂)၊ ကတိတော် (ကမ္ဘာ ၁း၂-ထွက်မြောက်ရာ ၁၉း၂၅)၊ ပညတ်တော် (ထွက်မြောက်ရာ ၂၀း၁-တမန်တော် ၂း၎)၊ ကျေးဇူးတော် (တမန် ၂း၎- ဗျာဒိတ်တော် ၂၀း၃) နှင့် အနှစ်တစ်ထောင်အုပ်စိုးခြင်း (ဗျာဒိတ်တော် ၂၀း၎-၆) ဖြစ်သည်။ ကာလအပိုင်းအခြား ခံယူချက်သည် ကယ်တင်ခြင်းရရှိရန်အတွက်မဟုတ်ဘဲ ဘုရားသခင်ကလူတွေကို ဆက်ဆံခြင်းပုံ စံဖြစ်သည်။ ကာလအပိုင်းအခြားခံယူချက်သည် အနှစ်တစ်ထောင်အုပ်စိုးခြင်းမတိုင်မီခရစ်တော် ကြွလာခြင်းကိုယုံကြည်ထားပြီး၊ ဘေးဒဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်းကိုယုံကြည်ထားသည်။ အတိုချုံးအားဖြင့်ဖော်ပြရလျှင် ကာလအပိုင်းအခြားခံယူချက်သည် သမ္မာကျမ်းစာထဲတွင်ရှိသော ကြိုတင်ဟောပြောချက်များကို ၄င်းအတိုင်းအနက်ဖွင့်ခြင်း၊ ဣသရေလလူမျိုးများနှင့်အသင်းတော် တို့၏ကွာဟမှုကို ကွက်ကွက်ကွင်းကွင်းရှင်းပြထားခြင်း၊နှင့် သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည့် အတိုင်းကာလပိုင်းအခြားများကိုဖော်ပြထားခြင်းတို့ဖြစ်သည်။

မေးခွန်း: ရှေးမဆွကတည်းကရွေးကောက်ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ ရှေးမဆွကတည်းကရွေးကောက်ခြင်းသည် သမ္မာကျမ်းစာဖော်ပြချက်ဖြစ်သလား။

ရောမ ၈း၂၉-၃၀ ထဲတွင် “ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင်သားဦး ဖြစ်တော်မူမည်အကြောင်း၊ ဘုရားသခင်သည်ရှေးမဆွကသိတော်မူသောသူတို့ကို သားတော်၏ပုံ သဏ္ဍာနှင့်တညီတည်းဖြစ်စေခြင်းငှါ၊ ရှေ့မဆွကခွဲခန့်မှတ်သားတော်မူ၏။ ထိုသို့ခွဲခန့်မှတ်သားနှင့် သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ၌တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏” ဟုဖော်ပြထားသည်။ ဧဖက် ၁း၅ နှင့် ၁၁ တို့တွင် “ထိုဘုရားသခင်သည် ချစ်တော်မူသောသားတော်ကြောင့်၊ ငါတို့အားပေးတော်မူ သောကျေးဇူးတော်၏ ဘုန်းအသရေကိုချီးမွမ်းစေခြင်းငှါ၊ ငါတို့သည်ယေရှုခရစ်အားဖြင့် သားအရာ ကိုရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွကခွဲခန့်မှတ်သားတော်မူ၏။ …မိ မိစေတနာ၏အလိုတော်သို့လိုက်၍အလုံးစုံတို့ကိုပြုပြင်စီရင်တော်မူတတ်သေသာသူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွကခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည်ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏” ဟုဖော်ပြထားပါသည်။ မြောက်များစွာသောသူများက ရှေ့မဆွကတည်းကခွဲခန့် မှတ်သားခြင်းကို အလွန်အမင်းငြင်းဆိုခဲ့သည်။ သို့သော်ရှေ့မဆွကတည်းကခွဲခန့်မှတ်သားခြင်း သည် သမ္မာကျမ်းစာ၏သွန်သင်ချက်ဖြစ်သည်။ အဓိကသော့ချက်သည် ရှေ့မဆွကတည်းကခွဲခန့် မှတ်သားခြင်းကိုသိရှိခြင်းသည် သမ္မာကျမ်းစာနှင့်ညီညွတ်လျက်ရှိသည်။

အထက်၌ဖော်ပြထားသောကျမ်းပိုဒ်များရှိ “ရှေ့မဆွကခွဲခန့်မှတ်သားထားခြင်း”စကားစု သည် ဂရိဘာသာစကားအားဖြင့် proorizo ဟုခေါ်သည်။ ၄င်း၏အဓပ္ပါယ်သည် “ကြိုတင်ဆုံးဖြတ် ချက်ချမှတ်ခြင်း” “ဘိသိက်ခြင်း” “အချိန်မရောက်မီဆုံးဖြတ်ချက်ချခြင်း” ဖြစ်သည်။ ထိုကြောင့် ရှေ့ မဆွကတည်းကခွဲခန့်မှတ်သားထားခြင်းသည် အချိန်မရောက်မီ ဘုရားသခင်၏ဆုံးဖြတ်ချက်ဖြစ် သည်။ အချိန်မရောက်မီဘုရားသခင်ကမည်သည့်အရာကိုဆုံးဖြတ်ခဲ့သနည်း။ ရောမ ၈း၂၉-၃၀ အရ အချို့သောသူများသည် သားတော်သခင်ယေရှုနှင့်ပုံသဏ္ဍာန်တူညီရန်၊ ဖြောင့်မတ်သော သူ ဖြစ်ရန်နှင့် ချီးမြှောက်ခြင်းခံရန်အတွက် ဘုရားသခင်၏ရွေးကောက်ခြင်းဖြစ်သည်။ ခရစ်တော်ထဲ တွင်ရှိသောယုံကြည်သူများသည် ရွေးကောက်ခြင်းခံရသောသူများဖြစ်ကြောင့် ကျမ်းပိုဒ်များစွာတွင် တွေ့ရှိနိုင်သည် (မဿဲ၂၄း၂၂၊ ၃၁၊ မာကု ၁၃း၂၀၊ ၂၇၊ ရောမ ၈း၃၃၊ ၉း၁၁၊ ၁၁း၅-၇၊ ၂၈၊ ဧဖက် ၁း၁၁၊ ကောလောသဲ ၃း၁၂၊ ၁သက်၊ ၁း၎၊ ၁တိ ၅း၂၁၊ ၂ တိ ၂း၁၀၊ တိတု ၁း၁၊ ၁ ပေ ၁း၁-၂၊ ၂း၉၊ ၂ပေ ၁း၁၀)။ ရှေ့မဆွကခွဲခန့်မှတ်သားခြင်းသည် လူအချို့ကယ်တင်ခြင်းရရှိရန်အတွက် ဘုရား သခင်ရွေးကောက်တော်မူသော သူ၏အုပ်စိုးခြင်းအာဏာ၊ သမ္မာကျမ်းစာနှင့်ညီညွတ်သောခံယူချက် ဖြစ်သည်။

ရှေ့မဆွကခွဲခန့်မှတ်သားထားခြင်းခံယူချက်ငြင်းပယ်မှုများသည် မတရားသောအမှုဖြစ် သည်။ အဘယ်ကြောင့်ဘုရားသခင်သည် အချို့သောသူများကိုရွေးကောက်ကအချို့သောသူများ ကို မရွေးကောက်ခဲ့သနည်း။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီးသိရှိရမည့်အရာသည် ကယ်တင် ခြင်းသို့ရောက်ရှိရန် မည်သူမည်ဝါကမှ ထိုက်တန်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး သည် အပြစ်သားများဖြစ်ကြသည် (ရောမ ၃း၂၃)။ ကျွန်ုပ်တို့အားလုံးသည် ထာဝရပြစ်ဒဏ်ခံထိုက် သောသူများဖြစ်ကြသည် (ရောမ ၆း၂၃)။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကို ထာဝရမီးအိုင်ထဲသို့ပစ်ချလျှင် သူသည် တရားသောဘုရားဖြစ်ပေမည်။ သို့သော်ဘုရားသခင်က ကျွန်ုပ်တို့အားလုံးကို ကယ်တင်ခဲ့သည်။ ရွေးကောက်ခြင်းမခံသောသူများအတွက်ကြောင့် ဘုရား သခင်သည်မတရားသောသူမဟုတ်ပါ။ အကြောင်းမှာ သူတို့သည် မိမိအပြစ်နှင့်အလျှောက် ထိုက် တန်သောပြစ်ဒဏ်ကိုခံရကြခြင်းဖြစ်သည်။ လူအချို့တို့အပေါ်ဘုရားသခင်၏ကျေးဇူးပြုခြင်းကြောင့် သူသည် မတရားသောဘုရားမဟုတ်ပေ။ ဘုရားသခင်ထံမှတစုံတရာတစ်ခုရရှိရန်မည်သူကမှမ ထိုက်တန်ပါ။ ထိုကြောင့် ဘုရားသခင်ထံမှတစုံတခုကိုမရသောအခါ သူ့ကိုအပြစ်မတင်သင့်ပေ။ ဥပမာတစ်ခုဖြင့်ဖော်ပြရလျှင် လူတစ်ယောက်သည် ငွေငါးကျပ်ကို လူအယောက်နှစ်ဆယ်ထံလက် ကမ်းပေးအပ်မည်ဆိုကြပါစို့။ ပိုက်ဆံမရသောလူအယောက် ဆယ့်ငါးက စောဒကတက်လိမ့်မည် လား။ တက်နိုင်ပါသည်။ သူတို့မှာစောဒကတက်ပိုင်ခွင့်ရှိကြသလား။ မရှိပါ။ အကြောင်းမှာ ထိုပုဂ္ဂိုလ်က မည်သူမည်ဝါဆီပိုက်ဆံအကြွေးတစ်ပြားမျှမရှိပေ။ သူသည်လူအချို့တို့အပေါ်ကျေး ဇူး ပြုခြင်းသာဖြစ်သည်။

ဘုရားသခင်သည် ကယ်တင်ခြင်းရရှိမည့်သူများကိုရွေးကောက်ခဲ့လျှင် ကျွန်ုပ်တို့သည် ခရစ်တော်ကိုယုံကြည်ရန် ရွေးပိုင်ခွင့်ရှိဦးမည်လော။ ရှိနိုင်ပါသည်။ သမ္မာကျမ်းစာထဲတွင် ခရစ်တော်ကိုယုံကြည်သောသူများသည် ကယ်တင်ခြင်းရရှိသည်ဟု ဖော်ပြထားသည် (ယောဟန် ၃း၁၆၊ ရောမ ၁၀း၉-၁၀)။ ဘုရားသခင်က သူ့ကိုယုံကြည်သောသူများ၊ သူ့ထံသို့လာသောသူများ ကိုငြင်းပယ်သည်ဟု သမ္မာကျမ်းစာထဲတွင်ဖော်ပြထားခြင်းမရှိပေ (တရားဟော ၄း၂၉)။ သို့ရာတွင် လူတစ်ယောက်သည် ဘုရားသခင်သွေးဆောင်ခေါ်ဆောင်လာခြင်းအားဖြင့် ဘုရားသခင်ထံလာ ရောက် (ယောဟန် ၆း၄၄) ကယ်တင်ခြင်းသို့ ရောက်ရှိနိုင်ခြင်းသည် ဘုရားသခင်၏လျှို့ဝှက် ချက်ဖြစ်သည် (ရောမ ၁း၁၆)။ ဘုရားသခင်က ကယ်တင်ခြင်းရရှိမည့်သူများကိုရှေ့မဆွကရွေး ကောက်ခဲ့သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ရှိနိုင်ရန်ခရစ်တော်ကိုရွေးကောက်ရမည် ဖြစ်သည်။ နှစ်ခုစလုံးတို့သည်မှန်ကန်သောအရာဖြစ်သည်။ ရောမ ၁၁း၃၃ တွင် “ဘုရားသခင်၏ ပညာနှင့်ညာဏ်တော်သည် အလွန်နက်နဲစွတကား။ စီရင်တော်မူချက်တို့ကိုအဘယ်သူမျှစစ်၍မ ကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကိုလိုက်၍ရှာသော်လည်းမတွေ့မမီနိုင်။

မေးခွန်း: အနှစ်တစ်ထောင်အုပ်စိုးခြင်းမတိုင်မီအချိန်သည် မည်သည့်အရာဖြစ်သနည်း။

အနှစ်တစ်ထောင်အုပ်စိုးခြင်းမတိုင်မီအချိန်ခံယူသောသူများက ခရစ်တော်သည် အနှစ်တစ် ထောင်အုပ်စိုးခြင်းမတိုင်မီပြန်လည်ကြွလာမည့်အကြောင်းကိုယုံကြည်ခြင်းဖြစ်သည်။ ခရစ်တော်ပြန် လည်ကြွလာသောအခါ သူသည် အနှစ်တစ်ထောင်အုပ်စိုးသွားမည်ဖြစ်သည်။ နောက်ဆုံးသောအချိန်နှင့်ပတ်သက်ပြီးသမ္မာကျမ်းစာသွန်သင်ချက်များကို ကောင်းမွန်စွာသိရှိနိုင်ရန်အတွက် အချက်နှစ်ချက်ကို တိတိကျကျသိရှိရန်လိုအပ်သည်။ ၄င်းတို့မှာ- သမ္မာကျမ်းစာကိုသင့်လျော်စွာအနက်ဖွင့်ခြင်းနိယာမကိုသိရှိခြင်းနှင့် ဣသရေလလူမျိုးများ နှင့်အသင်းတော်(ယုံကြည်သူများ)အကြားမတူ ညီမှုဖြစ်သည်။

ပထမအနေဖြင့်၊ သမ္မာကျမ်းစာကိုသင့်လျော်စွာအနက်ဖွင့်ခြင်းသည် သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသောအကြောင်းအရာအတိုင်းကျမ်းပိုဒ်များအနက်ဖွင့်ခြင်းကိုဆိုလိုသည်။ အဓိပ္ပါယ် သည်ကျမ်းပိုဒ်များကို စာစောင်များလက်ခံသောသူများ၊ စာစောင်ကိုပေးပို့ခြင်းခံသောသူများနှင့် စာ စောင်ကိုမည်သူ့အတွက် စသည်ဖြင့် စာစောင်ကိုလက်ခံသောသူများ၏အခြေအနေနှင့်ကိုက်ညီစွာ အနက်ဖွင့်ရမည်ဖြစ်သည်။ ကျမ်းပိုဒ်တစ်ခုကို ရေးသားသူ၊ လက်ခံရရှိမည့်သူ၊ နောက်ခံသမိုင်းများ အကြောင်းသိရှိရန်အလွန်အရေးကြီးသည်။ ကျမ်းပိုဒ်များအနက်ဖွင့်ဆိုရာတွင် သမိုင်းအကြောင်းနှင့် ယဉ်ကျေးမှုကိုသည် မှန်ကန်စွာသိရှိရန်လိုအပ်သည်။ ကျမ်းစာကိုကျမ်းစာဖြင့်အနက်ဖွင့်ခြင်းကို သတိရရန်အလွန်အရေးကြီးသည်။ ရံဖန်ရံခါ ကျမ်းပိုဒ်တစ်ခု (သို့) အကြောင်းအရာတစ်ခုက သမ္မာ ကျမ်းစာထဲတွင်ဖော်ပြထားသောအခြားသောအကြောင်းအရာများကိုလည်း ရှင်းလင်းစွာအနက်ဖွင့် တတ်သည်။ ကျမ်းပိုဒ်များကိုအခြားသောကျမ်းပိုဒ်များနှင့်ညီညွတ်စွာဘာသာပြန်ခြင်းသည်အရေး ကြီးသည်။

နောက်ဆုံးအနေဖြင့်၊ အလွန်အရေးကြီးဆုံးသောအရာသည် ကျမ်းပိုဒ်တစ်ခုသည် ဥပမာအ လင်္ကာဖြစ်သည်ဟု ဖော်ပြထားခြင်းမရှိလျှင် သမ္မာကျမ်းစာကို ရိုးရိုး၊ ပုံမှန်၊ တိတိကျကျ၊ ကျမ်းစာ ရေးထားသည့်အတိုင်းဘာသာပြန်ရမည်ဖြစ်သည်။ ကျမ်းစာရေးသားထားသည့်အတိုင်းဘာသာပြန် ဆိုသောအခါ ပုံဥပမာများကိုဥပမာအတိုင်းမပြောဘဲ ရှင်းလင်းစွာဘာသာပြန်ရမည်ဖြစ်သည်။ ဘာသာပြန်ဆိုသူအနေဖြင့် ပုံဥပမာများကို ဖြေရှင်းရာတွင် သင့်တော်မှုမရှိလျှင် ပုံဥပမာအားဖြင့် ဖော်ပြထားသောအရာများမဖတ်ရှုသင့်ပေ။ ကျမ်းပိုဒ်များကို ကျမ်းပိုဒ်ဆိုလိုခြင်းထက်ပို၍ “နက်နဲ သောအရာ၊ ပို၍၀ိညာဉ်ရေးရာဖော်ပြသောအရာ”များအဖြစ်ဘာသာမပြန်ဆိုခြင်းသည်လည်းအလွန် အရေးကြီးသည်။ ကျမ်းပိုဒ်များကို ၀ိညာဉ်ရေးရာတွက်အသားပေးယူခြင်းသည်အလွန်ကြောက်စရာ ကောင်းသည်။ အကြောင်းမှာ စာဖတ်သူများစိတ်ထဲတွင် ထိုကျမ်းပိုဒ်များ၏အဓိပ္ပါယ်ကိုတိကျစွာ နားမလည်တော့ဘဲ လွှဲမှားစွာသိရှိနိုင်သောကြောင့်ဖြစ်သည်။ ကျမ်းစာအနက်ဖွင့်ရာတွင် ကန့်ကွက် စရာအကြောင်းမရှိပေ။ သမ္မာကျမ်းစာက ဖတ်ရှုသူများစိတ်ထဲတွင် ခံစားမှုပေးခြင်းအားဖြင့်အနက် ဖွင့်ပါလိမ့်မည်။ ၂ပေ ၁း၂၀-၂၁ ထဲတွင် ဤသို့သတိပေးထားသည်။ “ကျမ်းစာ၌ပါသောအနာဂတ္တိ စကားမည်သည်ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာသိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဘူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ဟောပြောကြ ၏။”

ဤကျမ်းစာအနက်ဖွင့်ဆိုချက်နိယာမများကိုအသုံးပြုခြင်းအားဖြင့် ဣသရေလလူမျိုးများ (အဗြဟံမှဆင်းသက်လာသောသူများ)နှင့်အသင်းတော် (ဓမ္မသစ်ခေတ်ကာလယုံကြည်သူများ) တို့၏ကွာဟချက်များကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်မည်ဖြစ်သည်။ အသင်းတော်နှင့်ဣသရေလ လူမျိုးများသည် ကွာဟချက်ရှိသည်ဟုသိရှိခြင်းသည်အလွန်အရေးကြီးသည်။ အကြောင်းမှာ ထိုသို့ မသိခဲ့လျှင် လွှဲမှားစွာဘာသာပြန်ဆိုနိုင်ပါသည်။ အထူးသဖြင့်၊ ဣသရေလလူမျိုးများအပေါ်ပေး ထားသောဂတိတော်များကို လွှဲမှားစွာအနက်ဖွင့်ဆိုတတ်သည်။ (မပြည့်စုံရသေးသောဂတိတော် နှင့် ပြည့်စုံခဲ့ပြီးသောဂတိတော်များ)။ ထိုဂတိတော်များကို အသင်းတော်များအတွက်ဖြစ်သည်ဟု တခြစ်ချမပြောသင့်ပေ။ အကြောင်းအရာဖော်ပြချက်များသည် မည်သူ့အတွက်ရည်ညွှန်း၍ရေး သားထားသည်ကိုဆုံးဖြတ်ပါလိမ့်မည်။ ထိုသို့သိခြင်းအားဖြင့် မှန်ကန်စွာအနက်ဖွင့်ဆိုနိုင်မည်ဖြစ် သည်။

အနှစ်တစ်ထောင်အုပ်စိုးခြင်းမတိုင်မီခံယူချက်နှင့်ပတ်သက်၍ဖော်ပြထားသောကျမ်းပိုဒ် များကိုကြည့်ကြပါစို့။ ကမ္ဘာ ၁၂း၁-၃ ထဲတွင် “ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော်များထဲကထွက်ပြီးလျှင်၊ ငါပြလတံ့သောပြည်သို့ သွားလော့။ ငါသည်သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေ မည်။ သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်။ သင့်ကိုကောင်းကြီးပေးသောသူကိုငါကောင်း ကြီးပေးမည်။ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်းလူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။”

ဤနေရာတွင် ဘုရားသခင်ကအာဗြဟံအား ဂတိတော်သုံးခုပေးခဲ့သည်။ ၄င်းတို့မှာ- အာဗြဟံသည် သားသမီးများစွာထွန်းကားမည်။ ဤနယ်မြေကိုပိုင်သအုပ်စိုးမည်။ သူ၏မျိုးစဉ်မျိုး ဆက်မှလူသားအားလုံးအတွေက်ကောင်းချီးမင်္ဂလာဖြစ်လာမည်၊ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁၅း၉-၁၇ ထဲတွင် ဘုရားသခင်က သူ၏ပဋိညာဉ်ကို အာဗြဟံထံပြန်နှိုးဆော်ခဲ့သည်။ ထိုသို့ပြုခြင်းအားဖြင့် ပဋိညာဉ်အပေါ်ဘုရားသခင်ကလုပ်ဆောင်စရာတာဝန်အချို့ရှိခဲ့သည်။ ၄င်းသည် အာဗြဟံမပြုလုပ် နိုင်သောအရာ၊ ဘုရားသခင်နှင့်ပဋိညာဉ်တရားချုပ်ဆိုရာတွင် အာဗြဟံမလုပ်ဆောင်နိုင်သောအရာ များဖြစ်သည်။ ဤကျမ်းပိုဒ်ထဲတွင် ယုဒလူမျိုးများအတွက် အမြဲတမ်းပိုင်ဆိုင်ရန်နယ်နိမိတ်သတ် မှန်ချက်ကိုလည်းတွေ့ရှိနိုင်သည်။ အသေးစိတ်ကို တရားဟောရာကျမ်း ၃၄ ထဲတွင် ဖော်ပြထား ပါသည်။ နယ်မြေအကြောင်းနှင့်ပတ်သက်၍ အခြားဖော်ပြထားသောကျမ်းပိုဒ်များမှာ တရားဟော ရာကျမ်း ၃၀း၃-၅ နှင့် ယေဇကျေလ ၂၀း၄၂-၄၄ဖြစ်သည်။ ၂ ဓမ္မ ၇း၁၀-၁၇ထဲတွင် ဘုရားသခင် သည် ဒါဝိဒ်နှင့်အတူပဋိညာဉ်စာချုပ်ချုပ်ဆိုခဲ့သည်။ ဤနေရာတွင် ဘုရားသခင်က ဒါဝိဒ်ကိုသားစဉ် မြေးဆက်များထွန်းကားစေမည်။ သူ၏သားစဉ်မြေးဆက်များအားဖြင့် ထာဝရနိုင်ငံတော်တည် ထောင်မည်ဟု ဘုရားသခင်ကပြောခဲ့သည်။ ၄င်းသည် ခရစ်တော်အုပ်စိုးမည့်အနှစ်တစ်ထောင် အုပ်စိုးခြင်းကိုရည်ညွှန်းလိုခြင်းဖြစ်သည်။ ဤဂတိတော်သည် နောက်နောင်တွင် မျက်ဝါးထင်ထင်အ ကောင်အထည်ဖော်ပြည့်စုံလိမ့်မည်ဟုစိတ်ထဲတွင်စွဲလမ်းခြင်းသည်အလွန်အရေးကြီးသည်။ယခုအ ပြည့်စုံသေးပါ။ အချို့သောသူများက ရှောလုမုန်အုပ်စိုးခြင်းသည် ထိုပရောဖက်များပြည့်စုံခြင်းဖြစ် သည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော်၎င်းခံယူချက်တွင် ပြသနာရှိသည်။ သို့သော်ရှောလုမုန်အုပ် စိုးသောနယ်မြေကို ယခုချိန်တွင်ဣသရေလလူမျိုးများက မပိုင်ဆိုင်တော့ပေ။ ယနေ့ရှောလုမုန်က ဣသရေလလူမျိုးများကိုမအုပ်စိုးတော့ပေ။ ဘုရားသခင်က အာဗြဟံအားဂတိပြုသောနယ်မြေသည် အစဉ်အမြဲပိုင်ရမည့်နေရာဖြစ်သည်။ ၂ဓမ္မအခန်းကြီး ၇ထဲတွင် ရှင်ဘုရင်ကထာဝရအုပ်ချုပ်မည် ဟု ဘုရားသခင်ကတိပြုခဲ့သည်။ ဒါဝိဒ်ထံပေးခဲ့သောဂတိတော်ကို ရှောလုမုန်ကမပြည့်စုံစေနိုင်ပါ။ ထိုကြောင့်ထိုဂတိတော်သည် ပြည့်စုံဦးမည်ဖြစ်သည်။

ဤရှုထောင့်အားဖြင့် ဗျာဒိတ်တော် ၂၀း၁-၇တွင်မှတ်တမ်းတင်ထားသောအကြောင်းအရာ များကိုကြည့်ပါ။ ဤလောကတွင်ခရစ်တော်အုပ်စိုးရမည့်အနှစ်တစ်ထောင်အကြောင်းကို မကြာခ ဏဖော်ပြထားလျက်ရှိသည်ကို တွေ့ရှိနိုင်ပါသည်။ ဒါဝိဒ်အပေါ်ပေးထားသောဂတိတော်များသည် နောက်နောင်တွင် မျက်ဝါးထင်ထင်ပြည့်စုံမည်ဖြစ်သည်။ ယခုချိန်ထပြည့်စုံခြင်းမရှိသေးပါ။ အနှစ်တစ်ထောင်အုပ်စိုးခြင်းမတိုင်မီခရစ်တော်ပြန်လာမည့်ဟုယုံကြည်သောသူများသည် ဤအ ကြောင်းကိုခရစ်တော်ပြန်လည်ကြွလာကာ ပလ္လင်တော်အုပ်စိုးခြင်းကို ရည်ညွှန်းလိုခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် အာဗြဟံနှင့်ဒါဝိဒ်တို့နှင့်အတူ အခြေအနေပေါ်မမူတည်သော ပဋိညာဉ်စာချုပ်ကိုချုပ်ဆိုခဲ့သည်။ ထိုဂတိတော်များသည် ယခုချိန်အထိ အကုန်အစင်ပြည့်စုံခြင်းမ ရှိခဲ့ပေ။ ဘုရားသခင်ဂတိပြုခဲ့သောအရာများသည်ခရစ်တော်ပြန်လည်ကြွလာကာ ဤလောကကို အုပ်စိုးသောအချိန်တွင် ပြည့်စုံသွားမည်ဖြစ်သည်။

ဤအနက်ဖွင့်ဆိုချက်ကိုအသုံးချလျှင် အစိတ်အပိုင်းအချို့တို့သည် ပြည့်စုံသွားခဲ့ကြောင်းကို တွေ့ရှိပါလိမ့်မည်။ ခရစ်တော်ပထမအကြိမ်ကြွလာမည့်ဓမ္မဟောင်းဂတိပြုချက်များသည် ပြည့်စုံ သွားခဲ့ပြီဖြစ်သည်။ ထိုကြောင့် ခရစ်တော်၏ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်းသည်လည်း မျက် ၀ါးထင်ထင်ပြည့်စုံသွားမည်ဟု ကျွနု်ပ်တို့မျှော်လင့်ရမည်ဖြစ်သည်။ အနှစ်တစ်ထောင်အုပ်စိုးခြင်းမ တိုင်မီခရစ်တော်ကြွလာမည်ဟု ခံယူချက်သည် ဘုရားသခင်၏ပဋိညာဉ်နှင့်နောက်ဆုံးသောအရာ အတွက် ပရောဖက်ပြုချက်များ၎င်းအတိုင်းအနက်ဖွင့်ဆိုသောခံယူချက်ဖြစ်သည်။

မေးခွန်း: စနစ်တကျရှိသောဘုရားသခင်အကြောင်းလေ့လာခြင်း(Systematic theology) သည်အဘယ်နည်း။

“စနစ်တကျရှိသော”(systematic) သည် တစုံတခုကို စနစ်တကျထားရှိခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ ထိုကြောင့်စနစ်တကျတည်ရှိသောဘုရားသခင်အကြောင်း လေ့လာခြင်း (Systematic theology) ဟုဆိုရာတွင် ဘုရားသခင် အကြောင်းလေ့လာခြင်းရှုထောင့်များကို အဘက်ဘက်မှကြည့်ကာ လေ့လာခြင်းပညာမျိုးဖြစ်သည်။ ဥပမာအားဖြင့်၊ ကျမ်းစာအုပ်အများအ ပြားထဲတွင် ကောင်းကင်တမန်အကြောင်းကို ဖော်ပြထားပါသည်။ ကောင်းကင်တမန်များ အကြောင်းကို မဖော်ပြသောကျမ်းစာအုပ်မရှိပေ။ စနစ်တကျရှိသော ဘုရားသခင်အကြောင်းတွင် သမ္မာကျမ်းစာထဲတွင်ရှိသော ကောင်းကင်တမန်များအကြောင်းကိုရွေးကောက်ကာ၎င်းတို့ကို စနစ်တကျထား ရှိခြင်းဖြစ်သည်။ Angelogy ကောင်းကင်တမန်အကြောင်းလေ့လာ ခြင်းဟုခေါ်သည်။ သမ္မာကျမ်းစာသွန်သင်ချက်များကို စနစ်တကျထားရှိခြင်းကို စနစ်တကျရှိသော ဘုရားသခင်အ ကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Theology proper or Paterology သည် မည်းတော်ဘုရားသခင်အကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Christology သည် သခင်ယေရှု ခရစ်တော်အကြောင်းလေ့လာခြင်းပညာဖြစ်သည်။ Pneumatology သည် သန့်ရှင်းသောဝိညာဉ် တော်အကြောင်းလေ့လာသောပညာဖြစ်သည်။ Bibliology သည် သမ္မာကျမ်းစာအကြောင်းကို လေ့လာသောပညာဖြစ်သည်။ Soteriology သည် ကယ်တင်ခြင်းအကြောင်းလေ့လာသောပညာ ဖြစ်သည်။ Ecclesiology သည် အသင်တော်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Eschatology သည် နောက်ဆုံးသောအချိန်ကိုလေ့လာခြင်းပညာဖြစ်သည်။ Angelology သည် ကောင်းကင်တမန်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Christian Demonology သည် ခရစ်ယာန်ရှုထောင့်မှနတ်ဆိုးများအကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ Christian Anthropology သည် ခရစ်ယာန်များရှုထောင့်မှလူသားများအကြောင်းကိုလေ့လာခြင်းပညာဖြစ် သည်။ Hamartiology သည် အပြစ်အကြောင်းကိုလေ့လာခြင်းပညာဖြစ်သည်။ ထိုကြောင့် Systematic Theology သည် သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသော သွန်သင်ချက်များသိရှိနား လည်နိုင်ရန်အတွက် မီးမောင်းထိုးပြပေးသော ပညာရပ်တစ်ခုဖြစ်သည်။

ထပ်မံဖော်ပြရလျှင် အခြားသောသိအိုလျော်ဂျီများကိုလည်း အခြားသောနည်းလမ်များစွာ တို့ဖြင့် ပိုင်းခြားနိုင်ပါသည်။ Biblical Theology သည် သမ္မာကျမ်းစာအကြောင်းရေးသားထားသော စာအုပ်များကိုလေ့လာခြင်းနှင့် သူတို့၏အမြင်များမအမျိုးမျိုးတို့ကိုအထူးပြုဖော်ပြထားခြင်းဖြစ် သည်။ ဥပမာအားဖြင့်၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ခရစ်တော်၏ဘုရားဖြစ်ခြင်းအကြောင်းများ ကိုအဓိကထားဖော်ပြထားသောကြောင့်ခရစ်တော်နှင့်ပတ်သက်သောစာစောင်ဖြစ်သည်(ယောဟန် ၁း၁၊ ၁၄၊ ၈း၅၈၊ ၁၀း၃၀၊ ၂၀း၂၈)။ Historical Theology သည် ခံယူချက်အကြောင်းများကိုလေ့ လာခြင်းနှင့် ၄င်းကိုခရစ်ယာန်သမိုင်းတွင် မည်ကဲ့သို့တိုးတက်လာကြောင်းကိုဖော်ပြပေးသော ပညာရပ်ဖြစ်သည်။ Dogmatic Theology သည် စနစ်ကျသောခံယူချက်ရှိသောခရစ်ယာန်အချို့တို့ ၏ခံယူချက်ကိုလေ့လာခြင်းဖြစ်သည်။ ဥပမာ- Calvinistic theology နှင့် dispensational theology တို့ဖြစ်သည်။ Comtemporary theology သည် ယခုမျက်မှောက်ကာလတွင်ဖြစ်ထွန်း တိုးတက်လျက်ရှိသော ခံယူချက်များကို လေ့လာခြင်းဖြစ်သည်။ မည်သည့်သီအိုလျော်ဂျီပညာကို လေ့လာနေပါစေ သီအိုလျော်ဂျီအကြောင်းလေ့လာခြင်းသည်အလွန်အရေးကြီးသည်။