ကျောက်တုံးများပေါ်၌ရေးထားသော ပညတ်တော်များ 
၂၇
၁ ထို့နောက်မောရှေနှင့်ဣသရေလအမျိုး သားခေါင်းဆောင်များက လူအပေါင်းတို့ အား``သင်တို့အားငါယနေ့ပေးမည့်ညွှန် ကြားချက်ရှိသမျှတို့ကိုလိုက်နာကြ လော့။- 
၂ ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူ မည့်ပြည်သို့ဝင်ရောက်သောနေ့တွင် ကျောက် တုံးကြီးများကိုစိုက်ထူ၍အင်္ဂတေလိမ်း ကျံရမည်။- 
၃ ထိုကျောက်တုံးများပေါ်တွင် ဤပညတ်များ နှင့်သွန်သင်ချက်ရှိသမျှတို့ကိုရေးထား ရမည်။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ယော်ဒန်မြစ်တစ်ဖက်ကမ်းသို့သင်တို့ကူး ပြီးနောက် အစာရေစာပေါကြွယ်ဝသော ပြည်သို့ရောက်ရှိကြသောအခါ၊- 
၄ သင်တို့အားငါယနေ့ညွှန်ကြားသည့်အတိုင်း ထိုကျောက်တုံးများကိုဧဗလတောင်ပေါ် တွင်စိုက်ထူ၍အင်္ဂတေလိမ်းကျံရမည်။- 
၅-၆ သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုမခုတ်မထစ်သောကျောက် ဖြင့်တည်ရမည်ဖြစ်သောကြောင့် ထိုအရပ် တွင်သံတန်ဆာပလာဖြင့်မခုတ်ထစ်သော ကျောက်ဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်။- 
၇ ထိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ရာယဇ်များကို ပူဇော်ရမည်။- 
၈ မိတ်သဟာယယဇ်များကိုလည်းပူဇော်၍ စားရကြမည်။ သင်၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ အင်္ဂတေလိမ်းကျံထားသောကျောက် တုံးများပေါ်တွင်ဘုရားသခင်၏ပညတ် တော်အားလုံးကို သေချာစွာရေးသား ထားလော့'' ဟုပြောဆို၏။ 
၉ ထို့နောက်မောရှေနှင့်လေဝိအနွယ်ဝင်ယဇ် ပုရောဟိတ်တို့က ဣသရေလအမျိုးသား အပေါင်းတို့အား``ဣသရေလအမျိုးသား တို့၊ ငါပြောသမျှကိုအလေးဂရုပြု၍ နားထောင်ကြလော့။ ယနေ့သင်တို့သည် သင် တို့၏ဘုရားသခင်ထာဝရဘုရား၏ လူမျိုးတော်ဖြစ်လာကြပြီ။- 
၁၀ သို့ဖြစ်၍ကိုယ်တော်၏စကားကိုနားထောင် လျက် သင်တို့အားငါတို့ယနေ့ဆင့်ဆိုသော ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းကြ လော့'' ဟုမှာကြားကြ၏။ 
နားမထောင်ခြင်းအတွက်ကျိန်ဒဏ် 
၁၁ ထို့နောက်မောရှေကဣသရေလအမျိုး သားတို့အား၊- 
၁၂ ``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး နောက် လူတို့အပေါ်ကောင်းချီးမင်္ဂလာရွတ် ဆိုသောအခါ၌ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်နှင့်ဗင်္ယာမိန်အနွယ်တို့သည်ဂေ ရဇိမ်တောင်ပေါ်တွင်ရပ်နေရကြမည်။- 
၁၃ အမင်္ဂလာရွတ်ဆိုသောအခါ၌ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်နှင့်နဿလိအနွယ် တို့သည်ဧဗလတောင်ပေါ်တွင်ရပ်နေရ ကြမည်။- 
၁၄ လေဝိအနွယ်ဝင်တို့ကအသံကျယ်စွာဖြင့်၊ 
၁၅ `` `ကျောက်ရုပ်တု၊ သစ်သားရုပ်တုသို့မဟုတ် သတ္တုရုပ်တုကိုထုလုပ်၍ တိတ်တဆိတ်ဝတ် ပြုကိုးကွယ်သူသည် ဘုရားသခင်ကျိန်ခြင်း ကိုခံစေသတည်း။ ထာဝရဘုရားသည်ရုပ်တု ကိုးကွယ်မူကိုရွံရှာတော်မူ၏' ဟုကျိန်ဆို လိုက်သောအခါ၊ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။ 
၁၆ `` `ဖခင်သို့မဟုတ်မိခင်၏အသရေကို ရှုတ်ချသောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။  
၁၇ `` `ဣသရေလအမျိုးသားချင်း၏မြေမှတ် တိုင်ကိုရွှေ့သောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။  
၁၈ `` `မျက်မမြင်တစ်ဦးအားလမ်းလွဲစေသူ သည် ဘုရားသခင်၏ကျိန်ခြင်းကို ခံစေ သတည်း' ဟုကျိန်ဆိုသောအခါ၊ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။  
၁၉ `` `လူမျိုးခြားများ၊ မိဘမဲ့ကလေးများ နှင့်မုဆိုးမများရထိုက်သောအခွင့်အရေး ကိုဆုံးရှုံးစေသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ။ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။  
၂၀ `` `ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်၍ ဖခင်အားအရှက်ခွဲသူသည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံ ရကြမည်။ 
၂၁ `` `တိရစ္ဆာန်နှင့်ကာမစပ်ယှက်သောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။ 
၂၂ `` `မောင်နှမချင်းနှင့်ဖြစ်စေ၊ မိတူဖကွဲမောင်နှ မချင်းနှင့်ဖြစ်စေ၊ ဖတူမိကွဲမောင်နှမချင်း နှင့်ဖြစ်စေ၊ ကာမစပ်ယှက်သူသည် ဘုရားသခင် ၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆို သောအခါ၊ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။  
၂၃ `` `မိမိယောက္ခမနှင့်ကာမစပ်ယှက်သူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟု 
ကျိန်ဆိုသောအခါ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြမည်။ 
၂၄ `` `လူတစ်ယောက်အားလျှို့ဝှက်စွာသတ်သူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ``လူအပေါင်းတို့ က`အာမင်' ဟုဝန်ခံရကြမည်။ 
၂၅ `` `အပြစ်မဲ့သူအားသတ်သူသည် ဘုရားသခင် ၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။ 
၂၆ `` `ဘုရားသခင်၏ပညတ်များနှင့်သွန်သင် ချက်ရှိသမျှတို့ကိုမလိုက်နာသောသူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ၊ 
``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြမည်။